Home / 2025 / July / 24

Daily Archives: July 24, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မျက်စိ ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေး

ပဲခူး ဇူလိုင် ၂၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင် များအား  မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မျက်စိခွဲစိတ်ကုသပေးခြင်းကို ဇူလိုင်လ(၂၂)ရက်နေ့မှ စတင်၍ ဇူလိုင်လ(၂၄)ရက်နေ့အထိ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်ပိုင်း ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး မျက်စိဝေဒနာရှင်များနှင့် ဆေးရုံစောင့်လူနာများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ လာရောက်ပြသသည့် မျက်စိဝေဒနာရှင် ဆရာတော်ကြီးများနှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး မျက်စိဝေဒနာရှင်လူပုဂ္ဂိုလ်များ အား နေ့လည်စာကျွေးမွေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့်အတူ ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုပြည်သူ့ ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိခဲ့ပြီး …

Read More »