သနပ်ပင် ဇူလိုင် ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာ၌ မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် သွင်းအားစုများ ချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကို အဓိကထားလုပ်ကိုင်လျက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဒေသတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေး လုပ်ငန်းတွင် စိုက်ပျိုးသည့်သီးနှံအလိုက် သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းရရှိရေးသည် …
Read More »