အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန် ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရန် အတွက် စစ်မှုထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်( ၂၃ /၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ နယ်မြေခံ သင်တန်းကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်မည့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ …
Read More »Monthly Archives: March 2026
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ ၂၀၂၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်း များ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားအား တေးသံရှင် ထက်ထက်မော်က “ကမ်းလင့်ကြိုမည် ပဲခူးတိုင်းဌာနီ” သီချင်းသီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရှေးမြန်မာဘုရင်များလက်ထပ်မှ ယနေ့အထိ နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးစသည့်ကဏ္ဍများတွင် စွမ်းစွမ်းတမံ လုပ်ဆောင် နိုင်ခဲ့ကြသူများကို သက်ဆိုင်ရာနယ်ပယ်အလိုက် ဘွဲ့ထူး၊ ဂုဏ်ထူးများပေး၍ ချီးမြှင့်မြှောက်စားခဲ့ကြသလို ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှု၊ စီမံခန့်ခွဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ မတ်လ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအပြင် ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုမိတ်ဆက်ပွဲ ပြုလုပ်ပေးရခြင်းသည် လွှတ်တော်ရဲ့ လုပ်ငန်းဆောင်ရွက် ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်များမှ ကြိုတင်သိရှိနိုင်စေဖို့အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လွှတ်တော်၏တာဝန်များဖြစ်တဲ့ ဥပဒေပြုခြင်း၊ ပြည်သူလူထုကို ကိုယ်စားပြုခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်း စသည်တို့ကို အများပြည်သူတို့အား ထိထိရောက်ရောက်အကျိုးခံစားနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရ မှာဖြစ်ကြောင်း၊ လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်တဲ့ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့အတိုင်း လွှတ်တော်ကိုယ်စားလှယ်များ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သတ္တမအကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနေမှုနှင့် ရင်ပြင်တော်ပေါ်ရှိ ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်တွင်းကုန်း လမ်းဆုံးအနီး၌ ဟံသာဝတီ ရှေးဟောင်းကျုံးဘေးနံရံ ဆလံလျော ဂဝံစီခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျုံးအတွင်း ရေဝင်ရေထွက် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် တိပိဋကဓရတိပိဋကကောဝိဒစာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာ များနှင့် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် လူပုဂ္ဂိုလ် တို့အား စာအောင်ဆုဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို မတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ ကြွရောက်လာကြသည့် ဆရာတော်ကြီးများ၊ စာအောင်သံဃာများ၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော ဧည့်ပရိတ်သတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ မဟာထေရ်ဆရာတော် အရှင်သူမြတ်ကြီးထံမှ ငါးပါး သီလ ခံယူဆောက်တည်ကြကာ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၁၃) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေး ချမ်းသာစွာ စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆို နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးက စာမေးပွဲဖြေဆိုမှုဆိုင်ရာ အခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲ ပြီးဆုံးသည်ထိ အောင်မြင်စွာဖြေဆိုနိုင်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက် ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ပဲခူးမြို့နယ်အတွင်း …
Read More »ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ(၁၁) ရက်နေ့၊ နံနက်ပိုင်းက ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော် မြတ်ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီးအား တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ အကျိုးတော်ဆောင်၊ ရန်ကုန် တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်၊ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်၊ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)အရှင်သူမြတ်၊ ရွှေသာလျောင်း ဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒဉေယျဓမ္မာဘိဝံသ အရှင်သူမြတ်နှင့် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပူဇော်ပေးခဲ့ကြသည်။ ၎င်းနောက် ကြွရောက်လာသည့် ဆရာတော်ကြီးများက ဇယမင်္ဂလာ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၁၁) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆို နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မေးခွန်းနှင့် အဖြေလွှာလုံခြုံရေး အထူးဂရုစိုက်ရန်နှင့် ကျောင်း ကျန်းမာရေး ဆိုင်ရာလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၉၁)ခုရှိပြီး အတွင်းဖြေကျောင်းသား/သူ(၂၂၆၉၂)ဦး၊ အပြင်ဖြေ ကျောင်းသား/သူ(၅၃၇၄)ဦးနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၄၃၈)ဦး စုစုပေါင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူကျောင်းသား/သူ(၂၈၅၀၄)ဦး မတ်လ(၁၁)ရက်နေ့မှစ၍ စိတ်အေး ချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြို့နယ်(၂၈)မြို့နယ်ရှိ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲသို့တက်ရောက် ဖွင့်လှစ်
ပဲခူး မတ် ၉ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးမိုးလုံလေလုံအားကစားခန်းမ၌ မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားသည် နိုင်ငံတော်ကို ချစ်သည့်စိတ်နှင့် စည်းလုံးညီညွတ်မှုကိုဖြစ်ပေါ်စေပြီး အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းမှ အစပြုပြီး ဗီဇရင့်သန်သည့် အလား အလာရှိသောရွက်ပုန်းသီးမျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်စေရေး၊ ကျောင်းသား/ သူများ နွေရာသီအားလပ်ရက်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်လာနိုင်စေရေးပင်ဖြစ်ကြောင်း၊ မိဘ အုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်ဖိုးရှိသော လူတော်လူကောင်း များဖြစ်လာစေရန် ဆက်လက်ပြီး စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည့် နွေ၊ မိုး၊ ဆောင်း နှစ်လုံးပေါက် အားကစားသင်တန်းများကို တက်ရောက်သင်ကြားနိုင်ရေး အားပေးပံ့ပိုးပေးသွားစေလိုကြောင်း၊ နွေရာသီ အခြေခံအားကစားသင်တန်းမှရရှိလာသည့် နည်းစနစ်နှင့် …
Read More »ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမူကြို(၁)မှ သမီးငယ်လေးများက “တင့်တင့်တို့အရွယ်”သီချင်းဖြင့် ကပြဖျော်ဖြေပေး ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် အမျိုးသမီးများ၏ အခွင့်အရေးများကို တန်းတူညီမျှမှုနှင့် သာတူညီမျှမိုရှိစေရန် ဖော်ဆောင်ပေးသည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ၁၉၇၅ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှစ၍ နှစ်စဉ်ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက် ခံရမှုများ မရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူပေါင်းလက်တွဲ အကောင်အထည်ဖော် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website