ပဲခူး ဧပြီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၁)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဧပြီလ(၁၀)ရက်နေ့နှင့် ဧပြီလ (၂၀)ရက်နေ့တို့တွင် ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား အသေးစိတ် ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပြည်သူလူထုမှ တင်မြေှာက်ပေးခဲ့သည့် ပြည်သူ့အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏အသံကို အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ၏ (၇၅)ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်၍ ကျေးလက် ဒေသ စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် တန်ဖိုးမြှင့်သီးနှံများစိုက်ပျိုးရန်နှင့် ဈေးကွက်ရရှိ ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားရမှာဖြစ်သလို စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိ ရေး ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံ …
Read More »Monthly Archives: April 2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၁)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဧပြီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၁)ကြိမ်မြောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ဧပြီလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူတို့သည် ပဲခူးမြို့ ခုတင (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးနေမှုနှင့် ရေသန့်၊ ကော်ဖီနှင့်အာဟာရမုန့်များ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံ ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယ)ည ကျင်းပ
ပဲခူး ဧပြီ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယ)ညကို ဧပြီလ(၁၉)ရက်နေ့ ညပိုင်းအချိန်က ပဲခူးမြို့ ရုံးကြီး ရပ်ကွက်၊ ဆေးရုံလမ်းနှင့် ပြည်တော်သာလမ်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အစိုးရအဖွဲ့ တာဝန် ရှိသူများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ တရားနာ ပရိတ်သတ်များက ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)က “ဩဝါဒကထာ”တရားခေါင်းစဉ်ဖြင့် ဟောကြားတော်မူပြီး ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဓမ္မပူဇာအလှူငွေကျပ်သိန်း(၇၅)နှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ထံ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
သာယာဝတီ ဧပြီ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သာယာဝတီခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား လစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်ပါအတိုင်း အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေး အားပေးမြှင့်တင်သွားရန်နှင့် ရက်(၁၀၀)စီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်နှင့် ရပ်ရွာဒေသများအလိုက် တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေဒေသလုံခြုံရေးအား အထူးအလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပုံမှန်ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် သွားရောက်ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး ဧပြီ ၁၈ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဧပြီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့ရှိ လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် သွားရောက်ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဇီးကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိခဲ့ပြီး လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ပြိုလဲနေအိမ်အတွက် တစ်လုံးလျှင်(၂)သိန်းနှုန်းနှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုးပါ Family Kit (၁)ပုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် တစ်လုံးလျှင် (၅)သောင်းနှုန်းနှင့် ထိခိုက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင် (၅)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၃၂,၅၀,၀၀၀) ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး စာသင်ကျောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ပေးနေသည့် တပ်မတော်သားများအား ချီးမြှင့် ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(ပထမ)ည ကျင်းပ
ပဲခူး ဧပြီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(ပထမ)ညကို ဧပြီလ(၁၇)ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ကဆုန်လဆန်း(၂)ရက်နေ့ ညပိုင်းအချိန်က ပဲခူးမြို့ ရုံးကြီးရပ်ကွက်၊ ဆေးရုံလမ်းနှင့် ပြည်တော်သာလမ်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်မဏ္ဍပ်၌ ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ တရားနာပရိတ်သတ်များက ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ)၊ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)၊ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)က “သိင်္ဂါလောဝါဒ သုတ္တန်” တရားခေါင်းစဉ်ဖြင့် ဟောကြားတော်မူပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ နှင့် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၆ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းကျုံးရေပြင်၌ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ (၁၅၀၀၀၀) အား ကျုံးရေပြင် အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ငှက်မျိုးစုံ(၁၅၀) ကောင်အား ကုသိုလ်ပြုလွှတ်ပေးခဲ့ကြကြောင်း သိရှိရသည်။ …
Read More »ပဲခူးတိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ပဲခူး ဧပြီ ၁၇ ၁၃၈၇ခုနှစ် ပဲခူးတိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဧပြီလ (၁၆)ရက်နေ့ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအား ဆုချီးမြင့်ခြင်းပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က ပထမဆုရရှိသော ဘုရားကြီးမြို့ကိုယ်စားပြု အတာတန်ခူးမေ သံသာထွဋ်ဇေယိမ်းအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့တို့အား ချီးမြှင့်ငွေကျပ် (၂၅)သိန်းစီနှင့် တံခွန်စိုက်ဆုဖလားတို့ကိုအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ဒိုင်အဖွဲ့၊ အနုပညာရှင်များအား ဂုဏ်ပြုငွေ နှင့် ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဒုတိယဆုရရှိသော နွေဦးမဒီယိမ်းအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကိုယ်စားပြု ဟင်္သာဌာနေ ရဲပျိုမေယိမ်းအဖွဲ့တို့အား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီးတို့က ချီးမြှင့်ငွေကျပ် (၂၀)သိန်းနှင့် ဆုတံဆိပ်တို့ကို ပေးအပ်ချီးမြှင့်ကြပြီး ပူးတွဲတတိယဆုရရှိသည့် ညောင်အင်းပိတောက်ပျိုမေ ယိမ်းအဖွဲ့နှင့် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့သင်္ကြန်အတက်နေ့ အထူးစည်ကား သိုက်မြိုက်ခဲ့
ပဲခူး ဧပြီ ၁၆ ပဲခူးမြို့၊ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် အတက်နေ့အား ဧပြီလ(၁၆)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ မိသားစုအလိုက်၊ သူငယ်ချင်း မိတ်ဆွေအစုအဖွဲ့များ အလိုက် အေးချမ်းပျော်ရွှင်စွာဖြင့် ရေသဘင်ပွဲဆင်နွှဲကြသည့် သင်္ကြန်ချစ်သူ များနှင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရှိရသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများတို့သည် သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ အတာရေသဘင်ပွဲအား ပါဝင်ဆင်နွှဲခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော် သရုပ်ဆောင် တေးသံရှင်များက DJ, Music Brand များဖြင့် တွဲဖက်သီဆို၍လည်းကောင်း၊ ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ ယိမ်းအဖွဲ့များက မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကအလှ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ပြည်သူများနှင့်အတူ သင်္ကြန်အကြတ်နေ့ ပါဝင်ဆင်နွှဲ
ပဲခူး ဧပြီ ၁၅ ပဲခူးမြို၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ဦးဆောင်မှုဖြင့် ၂၀၂၆ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့အား ဧပြီလ (၁၅)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ပြုလုပ် ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တိုသည် ပြည်သူများနှင့်အတူ ရေသဘင်ပွဲ ပါဝင်ဆင်နွှဲခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တိုသည် ဌာနဆိုင်ရာ များ၊ စေတနာရှင် ပြည်သူများ၏ စတုဒီသာမဏ္ဍပ်များ၌ ထမင်း+ဟင်း၊ မြန်မာမုန့်မျိုးစုံ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်နှင့် အအေးမျိုးစုံ တိုက်ကျွေးနေမှုတိုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး သင်္ကြန်ပွဲတော်သို လာရောက်ဆင်နွှနေကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့သည်။ ထိုနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတိုသည် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website