Home / 2026 / March / 16

Daily Archives: March 16, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်

ပဲခူး မတ် ၁၆           တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ မတ်လ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ  ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအပြင် ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊  ယခုမိတ်ဆက်ပွဲ ပြုလုပ်ပေးရခြင်းသည် လွှတ်တော်ရဲ့ လုပ်ငန်းဆောင်ရွက် ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်များမှ ကြိုတင်သိရှိနိုင်စေဖို့အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လွှတ်တော်၏တာဝန်များဖြစ်တဲ့ ဥပဒေပြုခြင်း၊ ပြည်သူလူထုကို ကိုယ်စားပြုခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်း စသည်တို့ကို အများပြည်သူတို့အား ထိထိရောက်ရောက်အကျိုးခံစားနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရ မှာဖြစ်ကြောင်း၊  လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်တဲ့ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့အတိုင်း လွှတ်တော်ကိုယ်စားလှယ်များ …

Read More »