ပဲခူး ဖေဖော်ဝါရီ ၂ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ (၂)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ မွန်တိုင်းရင်းသား/သူများက “မွန်တို့ဌာနေရာမည”သီချင်းဖြင့် သီဆိုကပြ၍ အခမ်းအနား အားဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိရာ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများ မတူညီသော် လည်း မိသားစုစိတ်ဓါတ်ဖြင့် အတူတကွချစ်ကြည်ရင်းနှီးစွာ နေထိုင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ်တွေကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ ဖော်ထုတ်ကျင်းပပေးလျက်ရှိသည့်အပြင် တိုင်းရင်းသားများ၏ စာပေဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဘက်ပေါင်းစုံမှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်တိုင်းရင်းသား/သူမျာအနေဖြင့် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း အဖွင့် …
Read More »Yearly Archives: 2026
ပြည်မြို့၌ ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းအောင်ပွဲနှင့် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပြည် ဖေဖော်ဝါရီ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် ဆေးပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ အောင်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်။ မြတ်ကြီး ရင်ပြင်တော်ရှိ ပုညကာရဏ လေးထပ် ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက် ကြည်ညိုခဲ့သည်။ ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်မြို့၊ ရွာဘဲတောင်ပေါ်ကျောင်း ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရ ဆရာတော် အရှင်သူမြတ်ထံမှ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒစရိယဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆေးပစ္စည်း အလှူတော်များ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြိုနယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု
ပြည် ဖေဖော်ဝါရီ ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ မြောက်စောင်းတန်းလမ်းနှင့် ပြည်မြို့တွင်းရှိ ရန်ကုန်-ပြည်ကားလမ်းပိုင်းအား လမ်းချဲ့ခြင်း၊ လမ်းအဆင့်မြင့်တင်ခြင်းနှင့် ပလပ်ဖောင်များ ပြန်လည်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းများအလိုက် လမ်းဧရိယာများ အများပြည်သူသိရှိနိုင်ရေး သတ်မှတ်ထားရန်၊ လျှပ်စစ် မီးတိုင်နှင့် ဖုန်းတိုင်များ ကြိုတင်ပြောင်းရွေ့ထားရန်နှင့် လမ်းဧရိယာအတွင်း ကျူးကျော်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၌ မန္တလေးငလျင်ကြီး ကြောင့် ပြိုကျပျက်စီးခဲ့သည့် သုံးပန်လှအုတ်ကျောင်းတော်ကြီး အသစ်ပြန်လည်ပြုပြင်မှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
ပန်းတောင်း ဇန်နဝါရီ ၃၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်၊ ရေလယ်ကျွန်း ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မြေပဲ(၂၁၇၀)ဧက၌ နေကြာသီးညှပ်စိုက်ပျိုးကာ တိရိစ္ဆာန်စွန့်ပစ် ပစ္စည်းဖြင့် သဘာဝရွက်ဖြန်းမြေဩဇာပြုလုပ်သုံးစွဲ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မြေပဲခင်းများအား သဘာဝရွက်ဖျန်းမြေဩဇာဖြင့် တောင်သူကိုယ်တိုင် ထုတ်လုပ်သုံးစွဲကြရန်၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အသီးအပွင့် အားတိုးဆေး လျော့နဲသုံးစွဲရသည့် ကုန်ကျစရိတ်သက်သာသဖြင့် တောင်သူဝင်ငွေတိုးတက်လာခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ သီးနှံအထွက်နှုန်းများ တိုးတက်လာမှာဖြစ်၍ အလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ပဲကြီးအင်းကျေးရွာ၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး
သာယာဝတီ ဇန်နဝါရီ ၃၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ သာယာဝတီမြို့နယ်အတွင်း ရေဆင်းပေါ်ဆန်း မျိုးစေ့ထုတ်စိုက်ခင်း (၄၁၇)ဧကရှိပြီး သင်တောရိုးကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၂၀) ခေါင်နှံမျိုးဖြင့် ပျိုးထောင်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပေါ်ဆန်းစပါးမျိုးသည် ပြည်ပပို့ကုန် စျေးကွက်ရှိခြင်း၊ တန်ဖိုးမြှင့်စပါးမျိုးဖြစ်၍ တောင်သူဝင်ငွေ တိုးတက်ရရှိနိုင်သဖြင့် မြို့နယ်အလိုက် သတ်မှတ်ထားသည့် ပေါ်ဆန်းစပါးစိုက်ခင်းဇုံများ အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပေါ်ဆန်းစပါး စိုက်ပျိုးနည်းစနစ် အသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက်၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဦးဝင်းမြင့်အောင်၏ ဒေသကြက် ကောင်ရေ(၅၀၀၀) မွေးမြူထားရှိမှုအား …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့အတွင်း မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့အလယ်ရှိ ပဲခူးမြစ် ကူးတံတား လှပတင့်တယ်စေရေးနှင့် ကမ်းပြိုမှုကာကွယ်နိုင်ရေး Bored Pile အခြေပြု ကျောက်/ကွန်ကရစ် မြေထိန်းနံရံတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေထိန်းနံရံများအား မြစ်ရေတိုက်စားမှု ခံနိုင်စေရေး သတ်မှတ်ဒီဇိုင်းများအတိုင်းတည်ဆောက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့် အညီ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်နှင့် ပဲခူးမြစ်အား ရေစီးရေလာ ကောင်းမွန်စေရေး မြစ်ကြောင်းရှင်းလင်းခြင်းလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်သွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ယခင်က မြေနိမ့်ချိုင့်ဝှမ်း ဖြစ်နေသော သမိန်ဗရမ်းလမ်းအား (၄၀)ပေ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၅ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်ဝင်တစား လာရောက်ဆန္ဒမဲပေးနေမှုတို့အား ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကြီးတို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့သည် ဝေါမြို့၊ ဧချမ်းသာယာရပ်ကွက်၊ အထက(ဧချမ်း)၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)၊ ချမ်းမြသာစည်ရပ်ကွက်၊ မြို့နယ်ခန်းမဆောင်အရှေ့ခြမ်း(ချမ်းမြ)၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)၊ အရှေ့ဘက်ခြမ်းရပ်ကွက်၊ အထက(အဝေါအရှေ့)၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)တို့၌ မဲဆန္ဒရှင် ပြည်သူများ စိတ်ဝင်တစား လာရောက်ဆန္ဒမဲပေးနေမှုနှင့် တာဝန်ရှိသူများက ဆန္ဒမဲပေးသူများ အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲအား အချိန်ကုန်သက်သာစွာ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၃)၊ နံနက် ပိုင်း ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့်အပိုင်း (၂)ကို အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီး နောက်ဆုံးအပိုင်းဖြစ်သည့် အပိုင်း(၃)တွင် (၈)မြို့နယ်ကိုလည်း အောင်မြင်စွာ ဆက်လက် ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ဆောင်ရွက်ပြီးပါက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ (၂၈)မြို့နယ်လုံးတွင် ကျင်းပပြီးစီး သွားမှာဖြစ်ကြောင်း၊ မဲပေးစက်များနှင့် ဆန္ဒမဲပုံးများ သယ်ယူပို့ဆောင်ရေးတွင် သတ်မှတ်နည်းလမ်းများ အတိုင်း စနစ်တကျ သယ်ယူပို့ဆောင်သွားရမှာဖြစ်ပြီး ဆန္ဒမဲပေးခြင်းပြီးဆုံးပါက သက်ဆိုင်ရာမဲရုံများရှိ ပစ္စည်းများအားလုံး သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ ရောက်ရှိစေရေး အားလုံးဝန်းဝိုင်း …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲ အခမ်းအနားအား ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် ရေချို ငါးမွေးကန်၊ မြစ်ချောင်းများရှိသလို ရေငန်ဒေသနှင့်လည်း စပ်ဆက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ ငါးကဏ္ဍသည် ဒေသတွင်းငါးစားသုံးမှုဖူလုံသည့်အပြင် အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့လည်း ဖြန့်ဖြူး တင်ပို့ပေးနေရကြောင်း၊ ယခုသင်တန်းတွင် ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)ဖြစ် သည့် ငါးစတင်မွေးမြူသည့်အဆင့်မှစ၍ စားသုံးသူထံရောက်ရှိသည့်အဆင့်ထိ ထုတ်လုပ်မှုအဆင့်ဆင့်တိုင်း ဘေးဥပါဒ်အန္တရာယ်မဖြစ်စေဘဲ သန့်ရှင်းစွာမွေးမြူထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မရှိ မရှိအောင် မွေးမြူထုတ်လုပ်ခြင်းများကို သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ရေနေသတ္တဝါမွေးမြူရေးကျင့်စဉ် စည်းမျဉ်းစည်းကမ်းများကို လိုက်ပါဆောင်ရွက် နိုင်ပါက GAqp အသိအမှတ်ပြုလက်မှတ်ရရှိလာမှာဖြစ်ကာ …
Read More »ပဲခူးမြို့၌ ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းအောင်ပွဲနှင့် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းရွတ်ဖတ် ပူဇော်ပွဲ၊ အောင်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ပဲခူးမြို့၊ ကြခတ်ဝိုင်း စာသင်တိုက် ပဓာနနာယက၊ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ ဆရာတော် အရှင်သူမြတ်ထံမှ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒစရိယဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆေးပစ္စည်း အလှူတော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website