Home / Bago Manager ZWL (page 70)

Bago Manager ZWL

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ကလိကျေးရွာအနီး (၆)ထပ်ဆေးရုံ တည်ဆောက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီလ ၂၁ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတည်ဆောက်ရေးကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာများ လိုက်ပါလျက် ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ် ဆေးရုံတည် ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ကလိ(၆)ထပ်ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ရာ ကလိဆေးရုံတည် ဆောက်နေမှုနှင့် တည်ဆောက်ပြီးစီးပါက ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ လူနာများ အား ပြောင်းရွေ့ကုသပေးမည့် အခြေအနေများနှင့် ဆေးရုံဧရိယာအတွင်း ရေကြီးမှုမဖြစ်စေရေး ရေဝင်/ထွက် ကောင်းမွန်စေရေးနှင့် ဆေးရုံရေရရှိရေး ဆောင်ရွက်မည့် အခြေအနေများအား တာဝန်ရှိသူများက အသီးသီးတင်ပြခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများအပြင် ပဲခူးမြို့နယ်အတွင်း စက်မှုလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသဖြင့် …

Read More »

ပဲခူးမြို့တွင်း ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၂၀ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလု်ပငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ခေါင်းဆေးကျွန်းကန်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၁၉.၈)သန်းဖြင့် ဒိုက်ပင်များ၊ ကိုင်းပင်များ၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ကန်ဆယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာ၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့အတွင်း ရန်ကုန်-မန္တလေးလမ်းကားလမ်း ရေကျော်ခြင်း နှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်ခြင်းမှ ကာကွယ်ရန် ရှေးဟောင်းသမိုင်းဝင် ခေါင်းဆေးကျွန်းကန်သည် အဓိကဖြစ်သည့်အတွက် …

Read More »

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၈ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၁၈) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂)အား Online Zoom Meeting System  ဖြင့် ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီး၌ အိုမီခရွန်ရောဂါပိုး စတင်ဝင်ရောက်လျက်ရှိပြီး ကိုဗစ်(၁၉)ရောဂါပိုး တွေ့ရှိမှုများ အနည်းငယ်မြှင့်တက်လာပြီဖြစ်၍ ကာကွယ်ဆေးထိုးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ် သလို ရပ်ကွက်/ကျေးရွာများရှိ ပြည်သူတစ်ဦးချင်အလိုက် ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ သွားလာနေထိုင်နိုင်ရေး အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဆေးရုံများတွင် ကိုဗစ်(၁၉) နှင့်ပတ်သက်၍ ပြန်လည်ဖြေကြားပေးနိုင်ရေး HotLine နံပါတ်များ မကြာမီရရှိမည်ဖြစ်၍ ပြည်သူများ သိရှိဆက်သွယ်နိုင်ရေး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ …

Read More »

၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ နှင့် အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၇ ======================      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမတွင် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့် ခန်း (အေရိုးဗစ်)ပြိုင်ပွဲနှင့် အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)အသင်းနှင့် အလေးမအသင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများမှ တစ်ဦးချင်း မိတ်ဆက်ကြသည်။          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှု စသည့်အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၅ ==============         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ညနေပိုင်းအချိန်က ရွှေမော်ဓောဘုရားအနောက်ဖက်မုခ် ယာဉ်ရပ်နား ကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတက္ကသိုလ် ရုက္ခဗေဒဌာနမှူး ဒေါက်တာတင်မိုးအေးမှ ထမနဲထိုးပြိုင်ပွဲနှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားကာ တပို့တွဲလ ထမနဲထိုးပွဲနှင့်ပတ်သက်၍ ပဲခူးတက္ကသိုလ် မြန်မာစာဌာနမှူး ဒေါက်တာသဇင်သောင်းမှ ရှင်းလင်းဖတ်ကြားပြီး ပြိုင်ပွဲအား တိုင်းဒေသကြီး ဥပဒေချုပ်က မင်္ဂလာမောင်းတီး၍ ဖွင့်လှစ်ပေးခဲ့သည်။          ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ ထမနဲယှဉ်ပြိုင်ထိုးကြရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှု အားပေးကြသည်။ …

Read More »

စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၄ ================= ပဲခူးတိုင်းဒေသကြီး စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဗဟိုစာရင်း အင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး ဗဟိုစာရင်းအင်း အဖွဲ့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက်  အမျိုးသား စာရင်းအင်းစနစ် ခိုင်မာအားကောင်းစေရန် လိုအပ်ကြောင်း၊ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများအား ကောင်းမွန်စွာ နားလည်းအသုံးပြုနိုင်ခြင်း အားဖြင့် အထောက်အထား အခြေပြုမူဝါဒများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ဗဟိုစာရင်းအင်းအဖွဲ့နှင့်အတူ စာရင်းအင်း အချက်အလက်များ ပံ့ပို့ပေးနေရသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံး …

Read More »

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း

ပဲခူး ဖေဖော်ဝါရီ ၁၁ =========== ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူ ဒါန်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ(၁၁) ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ကုတင်(၅၀၀)ဆန့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည်။           အဆိုပါသွေးလှူဒါန်းခြင်း အခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲနှင့် ပဲခူးခရိုင်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်(၂၅)ဦးနှင့် တပ်ဖွဲ့ဝင်မိသားစု(၁၀)ဦး စုစုပေါင်း(၃၅)ဦးတို့မှ ‌စုပေါင်း သွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်နှင့် ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းချွန်တို့က လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြစ်စေသည့် ကြက်ဥ၊ မုန့်များနှင့် အချိုရည်ဗူးများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၁ ===============       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ သက်ကြီးဘောလုံးပွဲစသည့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ ဟင်္သာတင်းနစ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တင်းနစ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန် ဝင်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကြည့်ရှု့အားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပထမဦးစွာ သမီးငယ်လေး များက အေရိုးဗစ်သရုပ်ပြ အကများဖြင့် ကပြဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ ဥပဒေချုပ် ဦးခင်မောင်တင့်၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အားကစား ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက …

Read More »

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၀ ================ ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၁၀) ရက်နေ့၊ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြ သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဌာနီသီချင်းဖြင့် ကပြဖျော်ဖြေနေမှု အား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် (၄)ခုတို့မှ ဒေသထွက် သစ်သီးဝလံပန်းမန် ပြိုင်ပွဲဝင် သစ်သီးဝလံပန်းမန်များ ခင်းကျင်းပြသထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာ၏ ပြခန်း(၁၆)ခန်းနှင့် တိုင်းရင်းသား အစားအစာ အရောင်းပြခန်း (၂၄)ခန်းတို့အား …

Read More »

အိမ်သုံးအလှကုန်နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်သည့် သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဖေဖော်ဝါရီ ၉ ===========================           ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဖေဖော်ဝါရီလ(၉) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် အိမ်သုံးအလှကုန်နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်သည့် သင်တန်းဆင်းပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သနပ်ခါးပေါင်ဒါ၊ သနပ်ခါးခဲ၊ Lotion ၊ Hearbal Shampoo ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာများ သင်ကြားပေးခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မိသားစုများအား တစ်ဘက်တစ်လမ်းမှ ဝင်ငွေတိုးတက် ရရှိစေရန်၊ ကိုယ်ပိုင်လုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သင်ကြားပေးရခြင်းဖြစ ်ကြောင်း၊ သင်တန်းသူ များအနေဖြင့် …

Read More »