Home / Bago Manager ZWL (page 60)

Bago Manager ZWL

စက်ရုံ/အလုပ်ရုံများ တည်ဆောက်ရေးကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇွန်လ ၂၈ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တို်ငးဒေသကြီး အတွင်းသို့ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရပ်ဆိုင်းမှုမရှိဘဲ ထပ်မံတိုးချဲ့လာကြသည်ကို ကြည့်ခြင်းအားဖြင့် မကြာမီအချိန်အတွင်း စီးပွားရေး အလားအလာကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံများ တည်ဆောက်ရေးကာလ တိုးမြှင့်တောင်းခံရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ကာအတွင်း အချိန်မီတည်ဆောက် ပြီးစီးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စက်မှုနယ်မြေများအတွင်း လုံခြုံရေးကိုလည်း ဂရုစိုက်ဆောင်ရွက်ကြရန်နှင့် တိုင်းပြည်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လည်း အပြည့်အဝ ရရှိစေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က …

Read More »

နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၇ ============== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇွန်လ(၂၇)ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်အဆင့်၊ ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်ချီးမြှင့်အပ်နှင်းခံခဲ့ရသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့် ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့အခမ်းအနား တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ် ချီးမြှင့်ခံရသူများ၊ စိုက်ပျိုးရေး နှင့်မွေးမြူရေးကဏ္ဍတွင် ပြည်ထောင်စု အဆင့် ဆုရရှိသူများကို ထပ်ဆင့်ဂုဏ်ပြုခြင်းဖြစ်သလို တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေအရ ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားဖြစ်၍ ထူးခြားလေးနက်သည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာ  ကဏ္ဍအလိုက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့၍ ဂုဏ်ပြုခံရ သူများအတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအတွင်း အေးချမ်းသာယာရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သက်သာသောနှုန်းထားဖြင့် မြေဩဇာဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်

ပဲခူး ဇွန် ၂၆ ===========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ(၂၅) ရက်နေ့၊ မွန်းလွဲပိုင်းက တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သက်သာသောနှုန်းထားဖြင့် မြေဩဇာဝယ်ယူနိုင်ရေး မြေဩဇာထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြု လုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီလည်း ဖြစ်ကြောင်း၊ ကျေးလက်နေ တောင်သူများ၏ လူမှုစီးပွားဘဝများ မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေးတွင် လိုအပ်သောသွင်းအားစုများ ဈေးနှုန်းသက်သာပြီး လွယ်ကူစွာ ဝယ်ယူအသုံးပြု နိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ တောင်သူလယ် သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော မြေဩဇာများ လွယ်ကူသက်သာစွာ ဝယ်ယူရရှိနိုင်ရေး တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တစ်ဘက်တွင်လည်း တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာ သုံးစွဲခြင်းနှင့်ပတ်သက်၍ ယဉ်ပါးစေရန်လည်း …

Read More »

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်များ ရရှိခဲ့သည့် ပဲခူးတိုင်း ဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၄ ==================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေး တံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစား သမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲလုံ့လ၊ ဝီရိယကြီးမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှု ရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုတစ်ခုဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားရေးစိတ်ဓာတ်များကိုအခြေခံပြီး ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေး ခိုင်မာသောစိတ်ဓာတ် များဖြင့် ယှဉ်ပြိုင်ခဲ့သည့်အတွက် တိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအောင်မြင်မှု ရရှိခဲ့ကြတာ အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံတကာအလည်မှာ အမိမြန်မာနို်ငငံတော်အလံကို …

Read More »

ငါးရိက္ခာပြည့်စုံလုံလောက်မှုရှိစေရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ခိုင်မာသည့်ဈေးကွက်တစ်ခုရရှိစေရေး ဆောင်ရွက်ပေးနိုင်ခဲ့

သာယာဝတီ ဇွန် ၂၂ ==========================  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအနီး မြစ်မခမြစ် သဘာဝရေပြင်၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တို်ငးဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မြစ်မခမြစ် သဘာဝရေပြင်အတွင်းသို့ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီးနှင့် ငါးမြစ်ချင်း ငါးကောင်ရေ(၃)သိန်းအား စုပေါင်းငါးမျိုးစိုက်ထည့်ပေးခဲ့သည်။ အဆိုပါ မြစ်မခမြစ်အတွင်း ဒေသငါးမျိုး စိုက်ထည့်ပေးခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိစေသည့်အပြင် ဒေသတွင်း ငါးရိက္ခာပြည့်စုံလုံလောက်စေခြင်း၊ ရေနေသတ္တဝါများ၏ ဇီဝစနစ် ပြန်လည်ရှင်သန်စေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်မြောင်း၊ မြစ်ချောင်းများအတွင်း ယခုနှစ်၌ ငါးမျိုး(၁၂၄.၄)သိန်း ငါးမျိုးစိုက်ထည့်ရန် စီစဉ်ထားရှိပြီး သာယာဝတီခရိုင်အတွင်း ငါးမျိုးစုံ(၁၇)သိန်း ငါးမျိုးစိုက်ထည့်ရန် လျာထားလျက်ရှိကြောင်း သိရှိရသည်။ ထို့နောက် မြစ်မခမြစ်ဘေး၌ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဇွန် ၂၁ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့၊ ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်) သိုလှောင်ရုံ(၁)ဝန်း ရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ရာ၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက  ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများ ယာယီအသုံးပြုနိုင်ရေး  အဆောက် အဦများ လျာထားဆောင်ရွက်မှု အခြေအနေနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများအတွက် မြေနေရာလျာထားမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးနှင့် လုံခြုံရေးများ ကြိုတင်စီမံ ဆောင်ရွက်ထားရန် လမ်းညွှန် မှာကြားခဲ့ပြီးနောက် ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများ ယာယီအသုံးပြုမည့် အဆောက်အဦများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ …

Read More »

ပဲခူးတို်ငးဒေသကြီးအတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် ဇွန် ၂၀ ==================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့်အတူ ဇွန်လ (၁၉)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတို်ငးဒေသကြီးအတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ကျောသာ ကျေးရွာအုပ်စု၌ စိုက်ပျိုးထားရှိသည့် မိုးမြေပဲ(မကွေး-၁၅) ဧက(၂၀) မျိုးစေ့ ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မိုးမြေပဲအပြင် ရာသီအလိုက် ဒေသနှင့်ကိုက်ညီသည့် အခြား ဆီထွက်သီးနှံများအား ကျေးရွာများအလိုက် စံပြစိုက်ခင်းများ စိုက်ပျိုးပြသ နိုင်ရေးနှင့် မျိုးလိုအပ်ချက် အချိန်မီရရှိစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ကုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီး (၅)ထပ် RCC ဓာတ်လှေကားပါ ငလျင်ဒဏ်ခံဆေးရုံကြီး တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်နှင့် အညီ အချိန်မီပြီးစီးရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကမ်းပြိုကာကွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတောင်း ဇွန် ၁၈ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့်အတူ ဇွန်လ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်ခရိုင်အတွင်း ကမ်းပြိုကကာကွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကျွဲရဲကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၅၀)ဖြင့် ဆောင်ရွက်လျက်ရှိသော ဘူးရိုးချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကျွဲရဲကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာမများနှင့် ကျေးလက် ကျန်းမာရေးဝန်ထမ်းတို့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ တောင်ဘွေကျေးရွာ အုပ်စု၊ ဧရာဝတီမြစ်ကမ်းဘေး မြေနုကျွန်းပေါ်၌ မိုးနေကြာမျိုးစေ့ထုတ် သီးသန့်စိုက်ခင်း (၂၄)ဧကနှင့် မြောင်ရှည်ကျေးရွာ တောင်သူဦးစောမြင့်၏ မိုးနှမ်း(၉)ဧက အောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကြည့်ရှု …

Read More »

ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပန်းတောင်း ဇွန် ၁၈ ================= ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၁၈)ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါတရားရုံး အဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ခဲ့သည်။ ရှေးဦးစွာ ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ်အား ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တရားရုံးအဆောက် အဦသစ် ကမ္ဗည်းမော်ကွန်းကျောက်စာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တရားရုံးအဆောက်အဦသစ်အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အဖွင့်အမှာစကား အမှာစကားပြောကြားခဲ့ပြီး ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ် တာဝန်ယူတည်ဆောက်သည့် Royal Prome Co.,Ltd …

Read More »

ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၇ ================       ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ဇွန်လ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။             အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ အသင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲအားကစားသမားများ၊ ကျောင်းသား/ သူများ၊ အားကစားဝါသနာရှင် ပရိသတ်များတက်ရောက်ကြပြီး ရွှေတောင်မြို့နယ် အသင်းနှင့် အုတ်ဖိုမြို့နယ်အသင်းတို့ (၂)ယောက်တွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစား နေမှုနှင့် နတ်တလင်းမြို့နယ် အသင်းနှင့် ပေါင်းတည်မြို့နယ်အသင်းတို့ (၃)ယောက်တွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှု့ အားပေးခဲ့ကြသည်။           ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ (၂)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရရှိသူနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် ရိုက်ခုတ်အကောင်းဆုံးဆု၊ …

Read More »