ပဲခူး ဇူလိုင် ၆ သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဇူလိုင်လ(၆)ရက်နေ့ မနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ အောက်စု ကျေးရွာအုပ်စုရှိ သဘာဝရေလျှံကွင်းအတွင်း တိုင်းရင်းငါးမျိုးများ စိုက်ထည့်ခြင်းအခမ်းအနားသို့ တက် ရောက်ခဲ့ပြီး ငါးရံ့သားပေါက်ကောင်ရေ(၁)သိန်း၊ ငါးပြေမကောင်ရေ(၁)သိန်းနှင့် ငါးဖမ်းမကောင်ရေ(၅) သောင်းတို့အား သဘာဝရေလျှံကွင်းအတွင်း လွှတ်ပေးခဲ့သည်။ အဆိုပါ တိုင်းရင်းငါးမျိုးများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းရင်းငါးမျိုးများ ပြုန်းတီးမှုမရှိစေရေးနှင့် ငါးရိက္ခာဖူလုံပိုလျှံစေရေးတို့အတွက် ၂၀၂၃ ခုနှစ်မှစတင်၍ တိုင်းရင်းငါးမျိုးများ ထိန်းသိမ်းခြင်း၊ မျိုးဖောက်ခြင်းနှင့် သဘာဝငါးစာပြုလုပ်ခြင်းများအား သုတေသနပြု ဆောင်ရွက်စေခဲ့ရာ ယခုအခါ ငါးရံ့၊ ငါးကျည်းစသော တိုင်းရင်းငါးမျိုးများ အောင်မြင်စွာဖြင့် သားဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ပြီကြောင်း သိရှိရသည်။ …
Read More »အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
နောက်ဆုံးရသတင်းများ
အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်အလိုက် မြို့လုံးကျွတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံ ကြည့်ရှုအားပေး
ပဲခူး ဇူလိုင် ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်အလိုက် မြို့လုံး ကျွတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဇူလိုင်လ(၆)ရက်နေ့ မနက်ပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေး ပြုလုပ်နေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ အလင်းရောင်ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၏ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုတို့ အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေသူများအတွက် ဂုဏ်ပြုထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် မြို့တံခါး ပေါက်များ ပြန်လည်ဖော်ထုတ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ ဇူလိုင် ၅ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် မြို့တံခါး ပေါက်များ ပြန်လည်ဖော်ထုတ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အေဒီ (၁၄၈၆-၁၅၃၁)အတွင်း မင်းကြီးညိုတည်ထောင်ခဲ့သည့် တောင်ငူ ကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးနေရာများ၊ ရှေးဟောင်းအဆောက်အအုံများသည် တန်ဖိုးမဖြတ်နိုင် သည့် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်၍ နှစ်စဉ်တိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်ဖြင့် ထိန်းသိမ်းခြင်း၊ ပြန်လည်တူးဖော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အထင်ကရ နေရာများ၊ အဆောက်အအုံများနှင့် မြို့တံခါးပေါက်များအား ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီးရှေးဟောင်းသုတေသနဦးစီးမှူးတို့က ကေတုမတီမြိို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးဒေသသို့ ဇွန်လအတွင်း ပြည်ပခရီးသွားအုပ်စုလိုက်(၇)ကြိမ် လာရောက်လည်ပတ်ခဲ့ပြီး အများစုမှာ ထိုင်းလူမျိုးများဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် ဝန်ဆောင်မှုအရည်အသွေး ကောင်းမွန်စေရန် စားသောက်ဆိုင်များ၊ ဟိုတယ်/ တည်းခို ရိပ်သာများနှင့် ခရီးသွားကဏ္ဍမှ ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေး မြင့်မားပြီး လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များအတွက် သတင်းအချက်အလက်များပေး နိုင်ရေး …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး
ပြည် ဇူလိုင် ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ မိုးနှမ်းစံပြစိုက်ခင်းအား သွားရောက်ကြည့်ရှုခဲ့ပြီး နှမ်းစိုက်တောင်သူများအား စတင်မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ပြုစုခြင်းနှင့် ရိတ်သိမ်းခြင်းအဆင့်ဆင့်အား လက်တွေ့ခေါ်ယူပြသ အသိပညာပေးရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေ ပေးရန်၊ ဆီထွက်သီးနှံနှင့်ပတ်သက်၍ ဇုံများသတ်မှတ်ပေးထားပြီးဖြစ်ကာ ရည်မှန်းချက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာအုပ်စု၌ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိသော လက်ဆွဲကောက်စိုက်စက်များဖြင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website