ပဲခူး မေ ၉ =========== ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ(၉)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဒေသတွင်း အသက်အရွယ်အလိုက် ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ လူငယ်လက်ရွေးစင်အဆင့်မှသည် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် မွေးထုတ်နိုင်ရန်၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်နှင့် မြို့နယ်အသီးသီးမှ ပိုက်ကျော်ခြင်း အားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓာတ်ဖြင့် ထူးချွန်ထက်မြက်သော လူငယ်သွေးသစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ် ကျင်းပပေးခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများကလည်း စည်းကမ်းတကျ စနစ်တကျရှိစွာဖြင့် မိမိမြို့နယ်ပိုက်ကျော်ခြင်းအသင်း အောင်မြင်မှုရရှိစေရေး ကြိုးစားယှဉ်ပြိုင်သွားကြရမှာဖြစ်ကြောင်း၊ အနိုင်အရှုံးသည်သာမည၊ ယှဉ်ပြိုင်ခြင်းသည် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖ…
ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ ညပိုင်းအချိန်က (၇၈)န…
ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၄:၂၀)…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယ နေ့ည)ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္…
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)နှင့်အပိုင်း(၃) ရာနှုန်းပြည့်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(…
ပဲခူးမြို့၌ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (ဒုတိယနေ့ည)ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (ပထမနေ့ည) ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရားအလှူတော် ဓမ္မ…
ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၃၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၃…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခု အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၃၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၃၀…
ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များ ရောင်းချခြင်း
ပြည် ဒီဇင်ဘာ ၂၅ ပြည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်/ သက…
နောက်ဆုံးရသတင်းများ
ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်အားပေးထောက်ပံ့
ပဲခူး မေ ၈ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးကြက်ခြေနီ တပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု့ အားပေးခဲ့ပြီး သွေးလှူဒါန်း သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ကြက်ဥ၊ အချိုရည်၊ အားဆေး၊ ဓာတ်ဆားထုပ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ဆေးရုံတက်လူနာစောင့်များနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး လူနာစောင့်များအတွက် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် နေ့လည်စာထမင်းဘူးများ ပေးအပ်လှူဒါန်း ခဲ့ကြောင်းသတင်းရရှိသည်။
Read More »ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး မေ ၈ ============== ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား /သူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ဝင်ရောက်ယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း “မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ …
Read More »ပဲခူးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်
ပဲခူး မေ ၇ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းပြီး မေလ(၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူငယ်မောင်မယ်တို့ကို မှန်ကန်တဲ့အသိပညာများ ရရှိစေရေးအတွက် ယနေ့လူငယ်စကား ဝိုင်းကို ကျင်းပပေးတာဖြစ်လို့ အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်မောင်မယ်များ အနေဖြင့် ဗလငါးတန်နဲ့ပတ်သက်လို့ ပိုမိုသိရှိနားလည်ပြီး မှန်ကန်တဲ့အသိပညာများ ရရှိဖို့အတွက် ဆောင်ရွက်ပေးရန်လို အပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် နောင်တစ်ချိန်မှာ နိုင်ငံ့တာဝန် ထမ်းဆောင်တဲ့အခါမှာ ရဲရင့်ယုံကြည်စွာ ဖြင့် အများအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်တဲ့ နိုင်ငံတော်က အားထားရတဲ့ သားကောင်းသမီးမွန်များ ဖြစ်လာကြစေဖို့ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီအနေဖြင့် လူငယ်အများ စိတ်ဝင်စားသည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ၊ ရှေးဦးပြုစုခြင်းသင်တန်း၊ ကင်းထောက်သင်တန်း၊ …
Read More »ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့
ပဲခူး မေ ၆ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ် စတင်ခဲ့သည့် နှစ်(၅၀)မြောက် နှစ်ပတ်လည်နေ့ဖြစ်ကာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် နှစ်စဉ် အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာ့လုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုး တိုးတက်လာမှုများ၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း(၂၀)ကျော်ကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည့် အပြင် မွေးကင်းစမှ (၁)နှစ်ခွဲအထိလည်းကောင်း၊ အသက်(၅)နှစ်အောက်ကလေးငယ်များအားလည်းကောင်း၊ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းမကလေးများအားလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website