ပဲခူး စက်တင်ဘာ ၂၈ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၂၈) ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့် ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများတို့သည် မိုးယွန်းကြီးအင်း(ဘေးမဲ့တော)အတွင်းသို့ ဒေသငါးမျိုးများဖြစ်သော ၂ လက်မအရွယ်ရှိ ငါးပြေမငါးကောင်ရေ (၁)သိန်း၊ ငါးခုံးမငါးကောင်ရေ(၃)သောင်း၊ ငါးဖယ်အောင်းငါးကောင်ရေ(၇)သောင်း စုစုပေါင်းငါးကောင်ရေ (၂)သိန်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သဘာဝဘေးမဲ့တောများသည် သက်ရှိများ၏ အစာကွင်းဆက် များ ပျက်စီးမှုမရှိစေရေးနှင့် ရေဝေရေလဲဒေသများ ကောင်းမွန်မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်၊ မိုးယွန်းကြီးအင်း …
Read More »အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
နောက်ဆုံးရသတင်းများ
၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၂၈)မြို့နယ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၇ ================= ပဲခူးမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ စက်တင်ဘာလ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၂၈)မြို့နယ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ အမျိုးသား(၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးအသင်းနှင့် ရွှေတောင်အသင်း၊ အမျိုးသား(၃)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးအသင်းနှင့် အုတ်ဖိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ အခြေခံပညာ ကျောင်းသား/သူများက ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိခဲ့သူ(၃)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးများ ရိတ်သိမ်းနေသည့်အချိန်ဖြစ်၍ အလေအလွင့်နည်းပါးပြီး စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် စနစ်တကျရိတ်သိမ်းရန်လိုအပ်ကာ ရိတ်သိမ်းပြီး မိုးစပါးများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် မိုးစပါးရိတ်သိမ်းရာတွင် လိုအပ်သည့် ရိတ်သိမ်းခြွေလှေ့စက်များ လုံလောက်မှုရှိစေရေး စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိုးစပါး ရိတ်သိမ်းပြီးပါက ဒုတိယသီးနှံဖြစ်သည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများအား အထွက်ကောင်းပြီး ပန်းတိုင် အထွက်နှုန်းရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ လုံလောက်စွာရရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း၊ အယ်နီညိုရာသီဥတုဖြစ်၍ ဒုတိယသီးနှံ စပါးစိုက်ပျိုးမည့် နေရာများတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက သေချာကွင်းဆင်း၍ စိုက်နည်းစနစ်များ သရုပ်ပြပေးရန်၊ အသိပညာပေးရန်လိုအပ်ပြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု
သာယာဝတီ စက်တင်ဘာ ၂၄ =================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ ဧရာကျော်ဆန်စက်သို့ ရောက်ရှိခဲ့ပြီး စွန့်ပစ်စပါးခွံသုံးလျှပ်စစ်ဓါတ်အားပေးစက်(Gasifier) (၃၅၀)ကီလိုဝပ်ဖြင့် တစ်ရက်လျှင် တန်(၁၂၀)ကျ ဆန်စက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဆိုးထုတ်စနစ်များ ကောင်းမွန်စေရန်၊ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ထွက်ရှိလာသည့် စပါးခွံဖွဲများအား လောင်စာတောင့်များ ထုတ်လုပ်သွားရန်နှင့် ဆန်ကြိတ်ခွဲရာမှထွက်ရှိလာသည့် ဆန်ကွဲနှင့် ဖွဲနုများအား တိရစ္ဆာအစာဖြစ် အသုံးပြုနိုင်ရေး မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် လက်ပံတန်းမြို့၊ …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ့မှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
သာယာဝတီ စက်တင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေတောင်မြို့နယ်၊ ဒေါင်းဇွန်ကျေးရွာ၌ သုခမွှေး၊ ရေအနည်းလို-၇၊ ပြည်တော်ရင်၊ ရက်(၉၀)၊ ရတနာတိုး (၈)မျိုး(၁)လီ ရိုရိုး စမ်းသပ်စိုက်ခင်းသို့ ကွင်းဆင်း ကြည့်ရှုခဲ့ပြီး စပါးမျိုးတစ်ခုချင်းအလိုက် ဧကကွက်များဖော်ထုတ်၍ စပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ရန်နှင့် ဒေသခံတောင်သူများအား ခေါ်ယူပြသအသိပညာပေးခြင်းများဆောင်ရွက်ရန် တာဝန်ရှိသူ များအားလမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာအုပ်စု၌ တောင်သူဦးတင်ရွှေ၏ ထိုင်းနှံကောက် ရိတ်သိမ်းခြွေလှေ့နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မိုးစပါးတစ်ဧက လျှင် အစိုတင်း(၁၆၀)ထွက်ရှိကြောင်း သိရှိရပြီး စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ တောင်သူတိုင်း အထွက်နှုန်းကောင်းပြီး ပိုးမွှားဒဏ်ခံနိုင်သည့် သက်လျင်စပါးမျိုးများ အလွယ်တကူ ဝယ်ယူစိုက်ပျိုးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ရေသွင်းရေထုတ်ကောင်းမွန်စေရေး ရေပေးမြောင်းများ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website