ပဲခူး ဒီဇင်ဘာ ၂၄ ============= ပဲခူးတက္ကသိုလ်ဝန်းအတွင်း၌ ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၄)နှစ်မြောက်လွတ်လပ်ရေး နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြသည်။ အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကန်တော့ပြီး ရင်ပြင်ပတ်လည် ကျောက်ပြားပြန်လည်ခင်းနေမှုနှင့် ဘက်စုံပြုပြင်မွန်းမံနေမှုတို့အား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံ…
ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်/ သ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၁၉ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒ…
သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
သဲကုန်း ဒီဇင်ဘာ ၁၉ သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေ…
ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
ပြည် ဒီဇင်ဘာ ၁၈ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင…
မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
မင်းလှ ဒီဇင်ဘာ ၁၈ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၄) ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒ…
နတ်တလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
နတ်တလင်း ဒီဇင်ဘာ ၁၈ နတ်တလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား …
သာယာဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
သာယာဝတီ ဒီဇင်ဘာ ၁၈ သာယာဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေ…
ဖြူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
ဖြူး ဒီဇင်ဘာ ၁၈ ဖြူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင…
နောက်ဆုံးရသတင်းများ
ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်တို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် လျာထားချက်ပြီးမြောက် အောင်မြင်ပွဲ အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၂၃ =============== ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်တို့တွင် ဒီဇင်ဘာလ(၂၃) ရက်နေ့ နံနက်ပိုင်းအချိန်က ပန်းခင်းစီမံချက်ဖြင့်ပြုလုပ်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် လျာထားချက်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံသားစိစစ်ရေးကတ်၏ အရေးပါပုံနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၊ နိုင်ငံသား အခွင့်အရေးဆိုင်ရာကိစ္စရပ်များအား အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပန်းခင်းစီမံချက်ကာလမတိုင်မီ ရာနှုန်းပြည့်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြသူအား ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ထားသူပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သတ်မှတ်ကာလအတွင်းလျာထားချက်ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ခဲ့သော ဝေါမြို့နယ်ဦးစီးမှူးအား လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပေးအပ်သည့်ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ထားသူ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြာနှင့် သတ်မှတ်ကာလအတွင်းလျာထားချက်ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ခဲ့သော ဝေါမြို့နယ်ဦးစီးမှူးအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေ(၁၀)သိန်းကျပ်အားလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ …
Read More »ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်မြို့ခေတ္တရာခန်းမနှင့် တောင်ငူမြို့ရှိ တက္ကသိုလ်များအား ကြည့်ရှု စစ်ဆေး
ပြည်/တောင်ငူ ဒီဇင်ဘာလ ၂၀ ============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၂၀) ရက်နေ့ နံနက်ပိုင်းအချိန်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပြည်မြို့ ခေတ္တရာခန်းမသို့သွားရောက်၍ အများပြည်သူအားကစားနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်နိုင်ရန် ပြုပြင်မွမ်းမံနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လူငယ်များ အားကစားပြုလုပ်နိုင်ရန် အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် (၅)သိန်းအား ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့ကုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး သို့ ရောက်ရှိရာ ဆေးရုံးဝန်းအတွင်း တိုင်းဒေသကြီးအစိုးရမှ ထပ်မံ၍ တပ်ဆင်ပေးထားသည့် Oxygen Plant အားကြည့်ရှုပြီး အောက်ဆီဂျင်လိုအပ်ချက်မရှိစေရေးနှင့် စက်များကြံခိုင်ရေးအတွက် အမြဲမပြတ် ပြင်ဆင်ထိန်းသိမ်းသွားရန်မှာကြားကာ ပြည်မြို့နယ် ရန်ကုန်-ပြည်-မကွေး ကားလမ်းပေါ်ရှိ တီတွတ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးနှင့် လုံခြုံရေးဂိတ်သို့ သွားရောက်ကြည့်ရှုပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု …
Read More »ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ရွှေတောင်မြို့နယ်ရှိ နေကြာသီးညှပ်စံပြကွက်နှင့် ပြည်နဝဒေးသကြားစက်ရုံတို့အား ကြည့်ရှုစစ်ဆေး
ပြည် ဒီဇင်ဘာလ ၁၉ ============ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၁၉) ရက်နေ့တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အတူ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ၊ ကွင်းအမှတ်(၄၄၂/၁၅၆)၌ စိုက်ပျိုးထားသည့် တောင်သူဦးသန်းမောင်၏ မြေပဲနှင့်နေကြာ သီးညှပ်စိုက်ခင်း (၅)ဧကအား သွားရောက် ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်သုံးဆီသုံးရေတင်စနစ်အစား နေရောင်ခြည် စွမ်းအင်သုံး Solar စနစ် အစားထိုးသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကျီးသဲမြို့ရှိ ခင်မြဝေ ယက္ကန်းရုံသို့သွားရောက်၍ ကျီးသဲစည်းလုံချည်နှင့် လုံချည်များ တစ်နိုင်တစ်ပိုင်ရက်လုပ်နေမှုအနေများအားကြည့်ရှုပြီး ဒေသတွင်း ထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်ရှိ နဝဒေးသကြားစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာ …
Read More »ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း စိုက်ပျိုးရေရရှိရေးအတွက် ကုန်းမြင့်လယ်ယာမြေများအား Solar Pump ရေတင်စနစ်ဖြင့် ရေပေးဝေနေမှုနှင့် မိုးနှောင်းချည်မျှင်ရှည်ဝါကောက်သိမ်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
ပြည် ဒီဇင်ဘာလ ၁၈ ============= ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အတူ ပြည်မြို့ Mingalar Garden Hotel ၌ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာမြို့အပျော်တန်း စက်ဘီးစီးပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ လုပ်ငန်း ကြိုတင်ဆောင်ရွက်ထားမှုအခြေအနေအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဖန်ခါးပင်ကျေးရွာရှိ တောင်နဝင်း ရေသောက်စနစ် (PK-1) မြောင်းအဖျားပိုင်း ကုန်းမြင့် လယ်ယာမြေဧက(၇၀)အား တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်ထားသော Solar Pump ရေတင်စနစ်ဖြင့် ရေပေးဝေခြင်းလုပ်ငန်းအား သွားရောက် ကြည့်ရှုကာ တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်(၃)သီး …
Read More »