မတ် ၁၀ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၀-၃-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၈)ခု၌ နိုင်ငံသား(၂၇၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၁၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆)ခု၌ နိုင်ငံသား(၂၀)ဦးပြီး ရောဂါပိုးတွေ့ရှိသူ (၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄)ခု၌ နိုင်ငံသား(၇၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၇၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၅၄)ခု၌ နိုင်ငံသား(၁၁၁)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၁၁၂)ခု၌ နိုင်ငံသား(၄၈၀)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၆၉၄)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
ပဲခူး ဧပြီ ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ ၁၂ ရက်နေ့၊ နံနက်ပိုင…
အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
နောက်ဆုံးရသတင်းများ
ဌာနဆိုင်ရာဝန်ထမ်းများ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု့အားပေး
ပဲခူး မတ် ၉ ================== မတ်လ(၉)ရက်နေ့ နံနက်(၁၀:၃၀)အချိန်က ဌာနဆိုင်ရာဝန်ထမ်းများ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အတူ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ အတွင်းရေးမှူး ဦးစိုးသိန်း၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်တို့လိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနရုံး၌ ပဲခူးမြို့ပေါ်ရှိ ပညာရေးဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများအား အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ နယ်မြေခံ ဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များက COVID-19 ရောဂါ ကာကွယ်ဆေးထိုး နှံနေမှုအား သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရှိရသည်။ မတ်လ(၉)ရက်နေ့တွင် ပဲခူးမြို့၌ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ နယ်မြေခံ ဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များက အဖွဲ့များခွဲ၍ ပဲခူးတိုင်းဒေသကြီး …
Read More »မတ်လ(၉)ရက်နေ့ သတင်းထုတ်ပြန်ချက်
မတ် ၉ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၉-၃-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၉)ခု၌ နိုင်ငံသား(၂၆၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၁၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃)ခု၌ နိုင်ငံသား(၁၈)ဦးပြီး ရောဂါပိုးတွေ့ရှိသူ (၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄)ခု၌ နိုင်ငံသား(၇၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၇၂)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၅၄)ခု၌ နိုင်ငံသား(၁၀၁)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၁၁၀)ခု၌ နိုင်ငံသား(၄၅၉)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၆၉၅)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19ရောဂါ ကာကွယ်ဆေးထိုးနှံပေး
ပဲခူး မတ် ၈ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား မတ်လ(၈) ရက်နေ့၊ မွန်းလွဲ(၁၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့များအား အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များက COVID-19ရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းပြောကြား ခဲ့ပြီး COVID-19ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ COVID-19ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား မတ်လ(၈)ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း(၉၉၇)ဦးအား အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များက အဖွဲ့(၅)ဖွဲ့ခွဲ၍ …
Read More »ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ငါးမျိုးစိုက်ထည့်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများသို့တက်ရောက်
ပဲခူး ဇူလိုင် ၂ ——————— ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် ကျင်းပပြုလုပ်သည့် ငါးမျိုး စိုက်ထည့်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၆)မိုင် (၂)ဖာလုံအနီး ပဲခူးမြို့နယ်အတွင်းရှိ ဝါးကတုတ်ဆည်သို့ သွားရောက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဝါးကတုတ်ဆည်အတွင်း၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ကာ ဆည်အတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ(၁)သိန်းခွဲ၊ တောင်ပေါ်ငါးသလောက် အကောင်ရေ(၅)သောင်းနှင့် ငါးခုံးမကြီးအကောင်ရေ (၅)သောင်းတို့ကို စိုက်ထည့်ပေးခဲ့ကြသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်၊ ၈၇/၆ အနီး၊ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကြိုးဝိုင်း၊ အကွက်အမှတ်(၇၇)ရှိ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website