ပဲခူး ဖေဖော်ဝါရီ ၁၄ ================= ပဲခူးတိုင်းဒေသကြီး စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဗဟိုစာရင်း အင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး ဗဟိုစာရင်းအင်း အဖွဲ့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသား စာရင်းအင်းစနစ် ခိုင်မာအားကောင်းစေရန် လိုအပ်ကြောင်း၊ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများအား ကောင်းမွန်စွာ နားလည်းအသုံးပြုနိုင်ခြင်း အားဖြင့် အထောက်အထား အခြေပြုမူဝါဒများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ဗဟိုစာရင်းအင်းအဖွဲ့နှင့်အတူ စာရင်းအင်း အချက်အလက်များ ပံ့ပို့ပေးနေရသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၂၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် (၄၇)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး အောက်တိုဘာ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး
ပဲခူး အောက်တိုဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပဲခူး အောက်တိုဘာ ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆…
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၁၆ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိ…
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ
ပဲခူး အောက်တိုဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုန…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် MSME ကဏ္ဍ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တေ…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂…
နောက်ဆုံးရသတင်းများ
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း
ပဲခူး ဖေဖော်ဝါရီ ၁၁ =========== ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူ ဒါန်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ(၁၁) ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ကုတင်(၅၀၀)ဆန့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည်။ အဆိုပါသွေးလှူဒါန်းခြင်း အခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲနှင့် ပဲခူးခရိုင်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်(၂၅)ဦးနှင့် တပ်ဖွဲ့ဝင်မိသားစု(၁၀)ဦး စုစုပေါင်း(၃၅)ဦးတို့မှ စုပေါင်း သွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်နှင့် ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းချွန်တို့က လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြစ်စေသည့် ကြက်ဥ၊ မုန့်များနှင့် အချိုရည်ဗူးများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Read More »(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၁ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ သက်ကြီးဘောလုံးပွဲစသည့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ ဟင်္သာတင်းနစ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တင်းနစ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန် ဝင်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကြည့်ရှု့အားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပထမဦးစွာ သမီးငယ်လေး များက အေရိုးဗစ်သရုပ်ပြ အကများဖြင့် ကပြဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ ဥပဒေချုပ် ဦးခင်မောင်တင့်၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အားကစား ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက …
Read More »(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၀ ================ ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၁၀) ရက်နေ့၊ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြ သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဌာနီသီချင်းဖြင့် ကပြဖျော်ဖြေနေမှု အား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် (၄)ခုတို့မှ ဒေသထွက် သစ်သီးဝလံပန်းမန် ပြိုင်ပွဲဝင် သစ်သီးဝလံပန်းမန်များ ခင်းကျင်းပြသထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာ၏ ပြခန်း(၁၆)ခန်းနှင့် တိုင်းရင်းသား အစားအစာ အရောင်းပြခန်း (၂၄)ခန်းတို့အား …
Read More »အိမ်သုံးအလှကုန်နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်သည့် သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး ဖေဖော်ဝါရီ ၉ =========================== ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဖေဖော်ဝါရီလ(၉) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် အိမ်သုံးအလှကုန်နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်သည့် သင်တန်းဆင်းပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သနပ်ခါးပေါင်ဒါ၊ သနပ်ခါးခဲ၊ Lotion ၊ Hearbal Shampoo ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာများ သင်ကြားပေးခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မိသားစုများအား တစ်ဘက်တစ်လမ်းမှ ဝင်ငွေတိုးတက် ရရှိစေရန်၊ ကိုယ်ပိုင်လုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သင်ကြားပေးရခြင်းဖြစ ်ကြောင်း၊ သင်တန်းသူ များအနေဖြင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website