ပဲခူး စက်တင်ဘာ ၂ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ က “ဘက်စုံပညာကိုရည် တို့လှမ်းချီ”သီချင်းသီဆို၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုလို ထူးချွန်အောင်မြင်တဲ့ သားငယ်၊ သမီးငယ်များကို ဆုချီးမြှင့်ပေးရခြင်းသည် အခြေခံပညာအဆင့်မှာ လေ့လာသင်ယူနေကြတဲ့ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အတုယူအားကျစိတ်၊ ကြိုးစားအားထုတ်လိုစိတ်၊ …
Read More »အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
နောက်ဆုံးရသတင်းများ
ပဲခူးမြို့တွင် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁ ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ်မိုးလုံလေလုံအားကစားရုံ၌ စက်တင်ဘာ လ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအနေနဲ့ အားကစားစိတ်ဓာတ် အပြည့်အဝနဲ့ အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြဖို့လိုအပ်မှာဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကိုလည်း လေးစား လိုက်နာကြရ မှာဖြစ်ကြောင်း၊ ဒီပြိုင်ပွဲမှတဆင့် နိုင်ငံတော်ကအားထားရမယ့် ထူးချွန်တဲ့ လက်ရွေးစင် အားကစားသမားကောင်းများ ဖြစ်လာအောင်လည်း ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြား လိုကြောင်း၊ ယနေ့ကျင်းပပြုလုပ်တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲဟာလည်း သာမန်အားကစားပြိုင်ပွဲ တစ်ရပ် မဟုတ်ဘဲ နိုင်ငံတကာ အလယ်မှာ ခြင်းလုံးအားကစားနည်းဖြင့် ဂုဏ်ယူဝံ့ကြွားနိုင်ဖို့ အထောက်အကူ …
Read More »၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၃၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပြိုင်ပွဲအသင်းများက အသင်းလိုက်မိတ်ဆက်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုလို ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီး အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရရှိသည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှာရှိသည့် အားကစား သမားများ၏ မတူကွဲပြားသည့် ကစားပုံ၊ ကစားဟန်နှင့် နည်းစနစ်များကို လေ့လာဖလှယ် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းငါးမျိုးဖြစ်သည့် ငါးခူဆေးထိုးသားဖောက်ခြင်း နှင့် ရေငန်ပုစွန်မွေးမြူခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဩဂုတ် ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်း က တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ တိုင်းရင်းငါးမျိုး ငါးခူဆေးထိုး သားဖောက်ခြင်းနှင့် ပတ်ဝန်းကျင်သဟဇာတဖြစ်သည့် ရေငန်ပုစွန်မွေးမြူခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ နှစ်စဉ်ငါး ပိဿာထောင်ပေါင်း(၂၉၀၀၀၀)ကျော် ထုတ်လုပ်နိုင်ပြီး ဒေသတွင်းစားသုံးမှုသာမက အခြားပြည်နယ်/ တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးတင်ပို့ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ငါးအခြေခံတန်ဖိုးမြှင့် MSME ထုတ်ကုန် အများအပြားထုတ်လုပ် လျက်ရှိရာ ငါးသယံဇာတပြုန်းတီးလျော့နည်းမှုမရှိစေရေးနှင့် ငါးသယံဇာတ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ရေချိုတိုင်းရင်း ငါးမျိုးအား သဘာဝသားဖောက်ခြင်း ထက် အလျင်အမြန်တိုးပွားလာနိုင်ရေး သိပ္ပံနည်းကျဆေးထိုးသားဖောက်ပြုစုမွေးမြူ၍ ပြန်လည်ဖြည့်တင်း ပေးလျက်ရှိကြောင်း၊ ယခုသင်တန်းတွင် တိုင်းရင်းငါးမျိုးများအား မွေးမြူရေးလုပ်ငန်းရှင်များ၊ ပဲခူးတက္ကသိုလ် သတ္တဗေဒအထူးပြု ကျောင်းသား/သူများ၊ ဌာနတွင်းဝန်ထမ်းများအနေဖြင့် သားဖောက်မွေးမြူပြုစု စောင့်ရှောက်ခြင်းဆိုင်ရာ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး
သာယာဝတီ ဩဂုတ် ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဩဂုတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီ မြို့နယ်၊ ဆရာစံမြို့သစ်၊ အလယ်ကုန်းရပ်ကွက်ရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးချိုတေး၏ နို့စားနွားကောင်ရေ (၅၀) အောင်မြင်စွာမွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်နွားနို့များ လေလွင့်မှု မရှိစေရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေး နို့ပေါင်းစက်နှင့် အအေးပေးစက်များထားရှိရန်၊ ခြံလှောင် မွေးမြူမှုစနစ်မှရရှိလာသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်ရန််၊ ထွက်ရှိလာ သည့် နွားနို့များအား ကုန်ကြမ်းအဆင့်အဖြစ် မရောင်းချပဲ တန်ဖိုးမြှင့်နို့ထွက်ကုန်ချောပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် နေဗီယာမြက်တိုးချဲ့စိုက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website