ပဲခူး ဇန်နဝါရီ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဇန်နဝါရီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ဥဿာပြည်သူ့ အငှားအိမ်ရာ၌ နေထိုင်သည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် အခြေခံစားသုံးကုန်များ၊ ကြက်၊ အသား၊ငါးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှစ၍ နေ့စဉ်ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ …
Read More »၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၀ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၈ ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်း…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုအားပေး
ပဲခူး ဇူလိုင် ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ အား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ သွားရောက်ကြည့်ရှု့ အားပေး
ပဲခူး ဇူလိုင် ၆ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး ဇူလိုင် ၅ ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစ…
ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၄ ပဲခူးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စီးပွားရေး တိုးတက်စေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၃)…
၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁)ရက်နေ့၊ နံနက…
နောက်ဆုံးရသတင်းများ
နိုင်ငံ့ဝန်ထမ်း အိမ်ရာများနှင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ၌ အပတ်စဉ် အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ
ပဲခူး ဇန်နဝါရီ ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်း အိမ်ရာများနှင့် အငြိမ်းစားဝန်ထမ်း အိမ်ရာများ၌ အပတ်စဉ် အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးနေမှုအား ဇန်နဝါရီလ(၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှင်စောပုဝန်ထမ်းအိမ်ရာသို့ ရောက်ရှိခဲ့ ရာ ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား လက်လီအဆင့်ဆင့်မရှိဘဲ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချနေမှု နိုင်ငံ့ဝန်ထမ်းများမှ ဝယ်ယူနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်း အိမ်ရာများတွင်သာမက အခြေခံစားသုံးကုန်များအား ရပ်ကွက်များအတွင်းသို့လည်း Mobile Shop များ ဖြင့် ရောင်းချပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် …
Read More »ပဲခူးမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၄:၂၀) နာရီအချိန်က (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် အလံတင်တပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့တို့ တက်ရောက်ကြပြီး အလံတင်တပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့လွှင့်တင်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် ဦးဆောင်သော အခမ်းအနား တက်ရောက် လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြု ကြသည်။ ဆက်လက်၍ နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ အစိုးရ …
Read More »ပဲခူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၃)ရက်နေ့ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ မြို့တော်ခန်းမရှေ့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်မုခ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား/သူများ၏ ဘင်ခရာနှင့် ပန်းပွားအကအဖွဲ့များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အား ဆက်လက် ကျင်းပပြုလုပ်ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ အချိန်၏ တန်ဖိုး” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” …
Read More »ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ တောင်သူများအတွက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) ချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ တောင်သူများအတွက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) ချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စပါးသီးနှံအပါ အဝင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုး ချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် “မျိုး၊ မြေ၊ ရေ၊ နည်း” ပြောင်းလဲဆောင်ရွက်ပေးနိုင်ခဲ့မှု ကြောင့် အဓိကသီးနှံ(၁၀)မျိုးတွင် သီးနှံ(၇)မျိုး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိနိုင်ခဲ့ပြီဖြစ်ကာ မိုးစပါး ရေတော်မိုးတော်ဧက(၁၄)သိန်း(၄)သောင်းကျော်လည်း ပန်းတိုင်အထွက်နှုန်းရရှိနိုင်ခဲ့ကြောင်း၊ ရေမြေ ဒေသအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲသွားရမှာဖြစ်သလို ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းနှင့် …
Read More »