ပြည် ဇွန် ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဇွန်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သာသနိက အဆောက်အဦများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ သုံးပန်လှကျေးရွာ၌ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် အနီးရောင်အဆင့်သတ်မှတ်ထား သည့် ရှေးဟောင်းသုံးပန်လှ(၂)ထပ် ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြင်ဆင်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ရှေးမူလက်ရာမပျက် အလေးထားဆောင်ရွက်ရန်နှင့် တံခါးပေါက်များ၊ လှေခါများအား ခိုင်ခန့် မှုရှိစေရေး သံထောက်တိုင်များ တပ်ဆင်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် မှော်ဇာကျေးရွာ၊ သရေခေတ္တရာပျူမြို့ဟောင်းရှိ ဘောဘောကြီးစေတီနှင့် လေးမျက်နှာ စေတီတို့ ငလျင်ဒဏ်ကြောင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသုတေသနအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း စနစ်တကျ ပြင်ဆင်သွားရန်၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းအနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာလှပစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပြည် ဇန်နဝါရီ ၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၉)ရက်နေ့၊ နံနက…
ပဲခူးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခု…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ကဝ ဒီဇင်ဘာ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ကဝမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖ…
ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ ညပိုင်းအချိန်က (၇၈)န…
ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၄:၂၀)…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယ နေ့ည)ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္…
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)နှင့်အပိုင်း(၃) ရာနှုန်းပြည့်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(…
ပဲခူးမြို့၌ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (ဒုတိယနေ့ည)ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (ပထမနေ့ည) ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရားအလှူတော် ဓမ္မ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့၊ မြို့နယ်ဥပဒေရုံး အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်
ပေါင်းတည် ဇွန် ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဇွန်လ(၁)ရက်နေ့၊ နံနက်ပိုင်းက ပေါင်းတည်မြို့၊ မြို့နယ်ဥပဒေရုံး အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးတင်ဆွေနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်တို့က အဆိုပါဥပဒေရုံးရှေ့၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဥပဒေရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဥပဒေရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ပေါင်းတည်မြို့နယ် ဥပဒေရုံးသစ်သည် ပေါင်းတည်မြို့၊ မင်းကွက်(၃)ရပ်ကွက်၊ ရွှေတည်(၁)ကွက်သစ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးတွင်တည်ရှိပြီး (၃၆ ပေ x ၅၁ ပေ) RC …
Read More »အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲတွက် ဖိတ်ခေါ်ခြင်း
ပဲခူး ဇွန် ၂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်လိုသူများအတွက် ဝင်ခွင့်လျှောက်လွှာ/ ဝန်ခံကတိပြုလွှာ များ သိရှိနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်- အောက်တွင် အပြည့်အစုံနှိပ်၍ ကြည့်ရှုရန် ဝင်ခွင့်လျှောက်လွှာပုံစံ——————- ဖိတ်ခေါ်စာ———————-
Read More »စတုတ္ထအကြိမ်မြောက် သစ်လွင်သားဖွားခန့်အပ်လွှာပေးအပ်ပွဲ၊ (၁၀၈)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး မေ ၃၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက စတုတ္ထအကြိမ်မြောက် သစ်လွင်သားဖွား ခန့်အပ်လွှာပေးအပ်ပွဲ၊ (၁၀၈)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်း အပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရော ကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်းအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါ ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် သားဖွားနှီးနွယ် သင်တန်းကျောင်း(၄)ခုရှိပြီး သူနာပြုနှင့် သားဖွားဆရာ/ဆရာမများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာ ရေး ဝန်ဆောင်မှုများပေးနိုင်ရန် အစွမ်းကုန် …
Read More »၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူ ပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မေ ၂၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူ ပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက္ကသိုလ်တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း၊ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများက အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်း ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ရာ၊ ကျောင်းသား/ ကျောင်းသူ ဝန်ထမ်းမိဘများ ကိုယ်စား ကျောင်းသားမိဘတစ်ဦးက …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website