ပဲခူး ဇွန် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် ဇွန်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ဟံသာဝတီဗုဒ္ဓဂါယာ(ရွှေဂူကြီး)ဘုရားဝန်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေစေရေး၊ ပြည်သူများ စိတ်ရွှင်လန်းချမ်းမြေ့စေရေး၊ ရေမြေထိန်းသိမ်းကာကွယ်ရေးနှင့် ပြည်သူများ အကြား သစ်တောသစ်ပင်များကို ချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာစေရေးတို့အတွက် နှစ်စဉ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သစ်တောသစ်ပင်များ တည်ရှိခြင်း သည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးဖြစ်စဉ်များကို လျော့ချပေးနိုင်မှာဖြစ်ကြောင်း၊ သစ်တောသစ်ပင်များသည် လူသားတို့ အသက်ရှင် ရပ်တည်နိုင်ရေး သဘာဝကပေးထားသည့် လေသန့်စင်စက်ကြီးများပင်ဖြစ်ကြောင်း၊ သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် …
Read More »အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားအား ပဲခူးမြို့၌ ဇွန်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်သည့် အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာ ပေးခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားအား သွားရောက်၍ ကျောင်းသား/သူများ အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျ အမှိုက်ခွဲခြား စွန့်ပစ်သည့် ကျောင်းသား/သူများအား စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့ သည်။ ထို့နောက် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားအား ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတို့၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအား …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေး
ပဲခူး ဇွန် ၁၁ ပဲခူးမြို့၊ လူငယ်စင်တာဘက်စုံသုံးခန်းမ (သီရိဟံသာခန်းမ)၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ (၃)နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊ ယခုလို ရဲမှုထမ်း ဟောင်းများကို ကျန်းကျန်းမာမာ တွေ့ရှိသည့်အတွက် အထူးပင်ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံ့တော်၏ ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ချီးမြှောက်သည့်အနေဖြင့် ကျန်းမာရေးနှင့် စာဝတ်နေရေးတို့ကို ဘက်ပေါင်းစုံမှ အထူးအလေးထား ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခုအကြိမ်တွင်လည်း ရဲမှုထမ်းဟောင်း မိသားစုဝင်များအတွက်လည်း အခြေခံစားသုံးကုန်များကို ပံ့ပိုးပေးရန်နှင့် သီးခြားလိုအပ်သည်များကို ဘက်ပေါင်းစုံမှ ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ရဲမှုထမ်းဟောင်းများအဖွဲ့၏ ရည်ရွယ်ချက်များ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဇွန် ၁၀ ပဲခူးမြို့၊ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင် ပြေးခုန်ပစ်သမားများ ပေါ်ထွက်လာစေရေး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ပေးခဲ့သည်။ ရှေးဦးစွာ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၄၀၀)(၄)ယောက်တွဲ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ စည်စည်ကားကား ကြည့်ရှု့အားပေးကြသည်။ ယင်းနောက် အမျိုးသားမီတာ(၈၀၀)ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ(၈၀၀)ပြိုင်ပွဲတို့တွင် ပထမ၊ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသား/အမျိုးသမီး မီတာ(၂၀၀)ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၄၀၀)ပြိုင်၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)(၄)ယောက်တွဲပြိုင်ပွဲ၊ …
Read More »ပဲခူးမြို့စာဖြေဌာန၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ဖူးမြှော်ကြည်ညို
ပဲခူး ဇွန် ၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ဇွန်လ(၉)ရက် နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့စာဖြေဌာန၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ဖူးမြှော် ကြည်ညိုခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် စာမေးပွဲ ကြီးကြပ်နာယကဆရာတော်ကြီးများအား ဖူးမြှော်ကန်တော့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ နဝကမ္မအလှူငွေနှင့် အအေးဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးမျာသည် စာမေးပွဲဖြေဆိုကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား အအေးဗူးများ လိုက်လံဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ပဲခူးမြို့ စာဖြေဌာနတွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲအား ဇွန်လ(၂)ရက်နေ့မှ ဇွန်လ(၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ယနေ့ပါဠိပထမပြန်စာမေးပွဲတွင် စာဖြေသံဃာနှင့် သီလရှင် (၃၃၈)ပါးရှိကြောင်း သတင်းရရှိသည်။
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website