သာယာဝတီ ဖေဖော်ဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ အင်းရွာတောင်သူ လယ်သမားသင်တန်းကျောင်း၌ ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ်(၃/၂၀၂၅)အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြားပေးရခြင်းကြောင်း၊ တောင်သူများအနေဖြင့် မြေယာပြုပြင်ချိန်မှစတင်၍ ရိတ်သိမ်းချိန်အထိ ခေတ်မီနည်းစနစ်များကို သုံးစွဲမှသာ အထွက်နှုန်းတိုးပြီး လေလွင့်မှုလျော့နည်းသက်သာ မှာဖြစ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးသီးနှံများနှင့်ပတ်သက်၍ မျိုး၊ မြေ၊ ရေ၊ နည်း အဓိကလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်မှာ ပန်းတိုင်အထွက်နှု်နး ရရှိနိုင်မှာဖြစ်ကြောင်း၊ ဒေသတွင်း အသားစားသုံးမှုဖူလုံစေရေး အတွက် ဒေသကြက်၊ ဒေသဝက်၊ ဒေသဆိတ်နှင့် ဒေသနွားများအား တစ်ပိုင်တစ်နိုင်အဆင့်မှ စီးပွားဖြစ် အထိ တိုးချဲ့မွေးမြူသွားရမှာဖြစ်ကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းပါရှိနိုင်ရေး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြား
ပဲခူး နိုဝင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ …
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေး စောင့်ရှောက်ဆောင်ရွက်ပေးခြင်း (၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်
ပဲခူး နိုဝင်ဘာ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြ…
ပဲခူးမြို့၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက (၃၆)နှစ်မ…
ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်
ပဲခူး နိုဝင်ဘာ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်သာယာစေရေး ကွင်းဆင်းဆောင်ရွက်ပေး
ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၅)ရက်နေ့၊ နံ…
ရာသီဥတု အခြေအနေကြောင့် ရက်ပြောင်းရွေ့ကျင်းပခဲ့ရသည့် ပဲခူးမြို့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲအား (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းအတွင်း၌ ရာသီဥတု…
ပဲခူးမြို့၌ ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ…
(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုပဒေသာကပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နံနက်…
နောက်ဆုံးရသတင်းများ
ပဲခူးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတက္ကသိုလ် ကျောင်းသား/သူများက “လူငယ့်အားမာန်” တေးသီချင်းဖြင့် ပဲခူးတိုင်း ဒေသကြီးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားအား သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူငယ်များသည် နိုင်ငံ၏ အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် အားလျော်စွာ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျက်မှောက်ကာလမှာ ရင်းနှီးမြှုပ်နှံခြင်းပြုလုပ်ဖို့ အလွန်အရေးကြီးပြီး အခြေခံကျကြောင်း၊ လူငယ်ဆိုတာ အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အလားအလာ အကောင်းအဆိုးများသည် လူငယ်များ၏ ဖွံ့ဖြိုး တိုးတက်နှင့် စွမ်းရည်အပေါ်မှာ တည်မှီနေကြောင်း၊ လူမှုပတ်ဝန်းကျင်အတွင်း ကျန်းမာကြံ့ခိုင်ပြီး …
Read More »ပဲခူးမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားအား ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး နံနက်(၅:၃၀) အချိန်တွင် အလံတင်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွှင့်တင်၍ အလေးပြုခဲ့ ကြသည်။ ထို့နောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပပြလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြုခဲ့ကြသည်။ ၎င်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ …
Read More »ပဲခူးမြို့၌ (၆၃)နှစ်မြာက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်
ပဲခူး ဖေဖော်ဝါရီ ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက (၆၃)နှစ်မြာက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ဒေသ ဖြစ်ကာ မရှိမဖြစ်အခြေခံစားသုံးကုန်ဖြစ်သည့် ဆန်၊ ဆီထွက်သီးနှံနှင့် ပဲအမျိုးအမျိုးအား ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူလယ်သမားကြီးများကို ချီးကျူးဂုဏ်ပြုပေးနိုင်ရေးနှင့် တက်ရောက်လာသည့် အခြားတောင်သူများကိုလည်း မျိုး၊ မြေ၊ ရေ၊ နည်း အဓိကလမ်း(၄)သွယ်၏ အရေးပါပုံ များ၏ အတွေ့အကြုံကောင်းများကို တောင်သူအချင်းချင်း ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများလည်း ထည့်သွင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စပါး၊ ပြောင်း၊ နှမ်း၊ နေကြာ၊ ပဲနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်း …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းအဆင့် ဌာနဆိုင်ရာများအနေဖြင့် လစဉ်အစီရင်ခံစာတွင် ယခင်လနှင့် ယခုလ တိုးတက်မှုနှိုင်းယှဉ်ချက်များနှင့် ပတ်သက်၍ စာရင်းဇယား အချက်အလက်မှန်ကန်ရေးသည် အလွန်အရေးကြီးကြောင်း၊ ဌာနဆိုင်ရာအလိုက် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီး ရေး ကြီးကြပ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေ များ အပြည့်အဝကောက်ခံရရှိရေး ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ လစဉ်ဟန်ချက်ညီညီ တိုးတက်လာစေရေး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website