နောက်ဆုံးရသတင်းများ

ပြည်မြို့၌ အပတ်စဉ်(၃၀) သူနာပြုသားဖွားသင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပြည် ဇွန် ၁၆           ပြည်မြို့၊ ခေတ္တရာရတနာခန်းမ၌ ဇွန်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက အပတ်စဉ်(၃၀) သူနာပြု သားဖွားသင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ အပတ်စဉ်(၃၀) သူနာပြုသားဖွားသင်တန်းသား/သူများက “လောကအားမာန်” သီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆောင်ရွက်ရာတွင် ်တိုင်းဒေသကြီးအတွင်း ကျေးလက်အစွန်အဖျားဒေသများအထိ တိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သင်တန်းသား ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေး သင်တန်းကျောင်းများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုသားဖွားများ၏ကဏ္ဍသည် အလွန်အရေးကြီးပြီး ကျန်းမာရေး …

Read More »

ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ကြို့ပင်ကောက် ဇွန် ၁၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ဇွန်လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်း ဒေသကြီး ဥပဒေချုပ်တို့က ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက် အဦသစ် ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြ ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။           ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်တွင် မဏ္ဍိုင်ကြီး(၃)ရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍများကို ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ …

Read More »

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၁၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၁၃)ရက်နေ့၊ နံနက် ပိုင်းက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းမှ အားကစားသမား တစ်ဦး ချင်းစီက မိတ်ဆက်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ တိုက်ကွမ်ဒို အားကစားအသင်းသည် အစဉ်အလာကောင်းသည့် အသင်းတစ်ခုဖြစ်ပြီး နှစ်စဉ်ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်များ ရရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက           ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မိုးစပါးစိုက်ရာသီ ရောက်ရှိလာပြီးဖြစ်၍ မြေလပ်မရှိစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး အနီးကပ် ကြီးကြပ် ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၆)မျိုးနှင့် နွေစပါးသည် ပန်းတိုင်အထွက်နှုန်းရရှိထားပြီးဖြစ်၍ ရေတော်မိုးတော်စိုက်ဧကများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိနိုင် ရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တစ်နှစ်(၃)သီးစိုက်ဧကများအတွက် ကြိုတင်ပျိုးထောင်စနစ် ဖြင့် စိုက်ပျိုးသွားရမှာဖြစ်ကာ ကြဲခင်းစနစ်ပပျောက်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည့် တောင်သူတိုင်း စိုက်ပျိုးရေးကိရိယာပိုင်ဆိုင်မှုရရှိစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန်နှင့် သွင်းအားစုများ အချိန်မီ …

Read More »

မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏(၃၃)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးတွင် သုတေသနစာတမ်း ထူးချွန်ပထမနှင့် ပညာရေးကဏ္ဍထူးချွန်ပထမရရှိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၃           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့၊ ညပိုင်းက ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့မှ နိုင်ငံတော်အဆင့် ပညာရေးကဏ္ဍနှင့် သုတေသနစာတမ်းဖတ်ပွဲ ပထမ ဆုရရှိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း မိခင်နှင့်ကလေးများ၊ မိသားစုများ၏ ကျန်းမာရေး၊ပညာရေး၊စီးပွားရေးနှင့် လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာများအထိ အကျိုးပြုနိုင်သော ကျန်းမာကြံ့ခိုင်ပြီး ပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ် များဖြစ်အောင် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့အား အထူးပင် ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ(၅၄)သန်းကျော်အနက် (၆၀)ရာခိုင်းနှုန်းကျော်သည် မိခင်နှင့်ကလေးများဖြစ်ကြပြီး မိခင်သေနှုန်း၊ မွေးကင်းစ တစ်နှစ်အောက်နှင့် ငါးနှစ်အောက်ကလေးသေနှုန်းများသည် နိုင်ငံတော်အတွက် အရေးကြီး သည့် …

Read More »