တောင်ငူ ဇွန် ၁၇ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ် ကြောင့် နေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေလ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့ သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း သေဆုံးသူ(၄၄)ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ(၂၄၃)ဦး၊ လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၉၇)လုံးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦ(၂၅)ခု ရှိခဲ့ကြောင်း၊ တောင်ငူခရိုင်အတွင်း လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၈၉)လုံးနှင့် ဘာသာရေးအဆောက်အဦ (၂၂)ခုရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ(၄၄)ဦးအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့မှ ငွေကျပ်(၁၀)သိန်းနှင့် ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ(၃)သိန်း စုစုပေါင်း(၂၃)သိန်းနှုန်း ဖြင့်လည်းကောင်း၊ ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျှင်(၅)သောင်းနှုန်းဖြင့်လည်းကောင်း၊ လုံးဝပျက်စီး နေအိမ်(၉၇)လုံးအတွက် တစ်အိမ်လျှင် ငွေကျပ်(၃၅)သိန်းနှုန်းဖြင့်လည်းကောင်း …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း လုပ်ငန်းစတင် ခြင်း အခမ်းအနားသို့ တက်ရောက်
ပဲခူး ဇူလိုင် ၁၇ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း၌ တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာတ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၆ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၆)ရက်နေ့ နံနက်ပို…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၅…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)သို့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်
ပဲခူး ဇူလိုင် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့…
ပြည်မြို့၌ ဧရာဝတီမြစ် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
ပြည် ဇူလိုင် ၁၄ ပြည်မြို့၊ ကမ်းနားလမ်းဘေး၊ ဧရာဝတီမြစ် သဘာဝမြစ်ရေပြင်အတွင်းသို့ ငါးမျိုးစို…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း မိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
ပန်းတောင်း ဇူလိုင် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ပိုလျှံစွာထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး
သာယာဝတီ ဇူလိုင် ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ…
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၀ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၈ ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်း…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုအားပေး
ပဲခူး ဇူလိုင် ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၄/၂၀၂၅) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း ဇွန် ၁၆ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန် ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရန် အတွက် စစ်မှုထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ် စဉ်(၁၄/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ နယ်မြေခံသင်တန်း ကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်း သတ်ယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ လွှဲပြောင်းပေးအပ်
ပဲခူး ဇွန် ၁၅ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည် မီးငြှိမ်းသတ်ယာဉ်များနှင့် ရှာဖွေ ကယ်ဆယ်ရေးမီးသတ်ယာဉ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအား ယမန်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့် မီးငြိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးမီးသတ်ယာဉ်နှင့် မီးသတ်အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲသို့တက်ရောက်ခဲ့ရာ မီးသတ်ရေယာဉ်များနှင့်ပတ်သက်၍ အချက်အလက် များအား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက လိုက်လံရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးသတ်ယာဉ်များ ဝယ်ယူဖြည့်တင်းပေးခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် များ ပျက်စီးမှုမရှိစေရေး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မီးသတ်ယာဉ်များအား လိုအပ်သည့် ဒေသများသို့ ချက်ခြင်းခွဲဝေချထားပေးရန်နှင့် မီးသတ်ယာဉ်များ ခွဲဝေချထားပေးရာတွင် မြို့နယ်အလိုက် လူဦးရေ၊ အိမ်ခြေ၊ အိမ်ထောင်စုနှင့် မြို့တွင်းဝင်/ထွက်လမ်းကို …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ပဲခူး ဇွန် ၁၄ အလားအလာရှိသော ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ဖော်ထုတ် လေ့ကျင့်ပေးနိုင်ရေးနှင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ် ဘက်စုံအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများက ပဲခူးခရိုင် အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ သာယာဝတီခရိုင် အသင်းက (၂:၀)ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် နေရာအလိုက် (အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် ဇွန်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ဟံသာဝတီဗုဒ္ဓဂါယာ(ရွှေဂူကြီး)ဘုရားဝန်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေစေရေး၊ ပြည်သူများ စိတ်ရွှင်လန်းချမ်းမြေ့စေရေး၊ ရေမြေထိန်းသိမ်းကာကွယ်ရေးနှင့် ပြည်သူများ အကြား သစ်တောသစ်ပင်များကို ချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာစေရေးတို့အတွက် နှစ်စဉ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သစ်တောသစ်ပင်များ တည်ရှိခြင်း သည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးဖြစ်စဉ်များကို လျော့ချပေးနိုင်မှာဖြစ်ကြောင်း၊ သစ်တောသစ်ပင်များသည် လူသားတို့ အသက်ရှင် ရပ်တည်နိုင်ရေး သဘာဝကပေးထားသည့် လေသန့်စင်စက်ကြီးများပင်ဖြစ်ကြောင်း၊ သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် …
Read More »