နောက်ဆုံးရသတင်းများ

ဇန်နဝါရီလ(၁၅)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁၅ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၅-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၇)ခု၌ နိုင်ငံသား(၁၆၀၅)ဦး၊ သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၆၈)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၉)ခု၌ နိုင်ငံသား(၆၅၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၂)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၀)ခု၌ နိုင်ငံသား(၈၉၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၉၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၈၄)ခု၌ နိုင်ငံသား(၁၅၆၇)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၅၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၃၀)ခု၌ နိုင်ငံသား(၄၇၂၀)ဦးရှိပြီး သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၁၉၀)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

မဇင်းဆည်မှ မြို့ရေပေးဝေရေးလုပ်ငန်းအတွက် MoU လက်မှတ်ရေးထိုးပွဲ ကျင်းပပြုလုပ်

ဇန်နဝါရီ ၁၅ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ(၁၅)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Win & Win Co., Ltd တို့၏ မဇင်းဆည်မှ မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် MoU လက်မှတ်ရေးထိုးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မဇင်းဆည်မှ ပဲခူးမြို့အတွင်းရှိ ရပ်ကွက်များ ရေပေးဝေရေး၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း ရေပေးဝေးရေး၊ စက်မှုဇုန်များ ရေပေးဝေနိုင်ရေးနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် မြို့ပြအခြေအနေအတွက် ရေပေးဝေနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းကိုလည်းကောင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပဲခူးမြို့အတွက် နိုင်ငံတကာအဆင့်မီ စနစ်ကျသော မြို့ပြရေပေးဝေရေးစနစ်တစ်ခု ဖြစ်ပေါ်လာမှုအပေါ် ကြိုဆိုကြောင်းကိုလည်းကောင်း၊ Win & Win Co., Ltd မှ တာဝန်ရှိသူတစ်ဦးက ပဲခူးမြို့ ရေပေးဝေနိုင်ရေးအတွက် တင်ဒါစနစ်ဖြင့် လုပ်ငန်းရရှိခဲ့မှုအပေါ် …

Read More »

ပဲခူးတိုင်းဒေသကြီး သာသနာရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ဇန်နဝါရီ ၁၅ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ(၁၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သာသနာရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီသည် ဘာသာပေါင်းစုံ၏ ဘာသာရေးဆိုင်ရာကိစ္စရပ်များကိုလည်း ကြီးကြပ်ညှိနှိုင်း ဆောင်ရွက်ပေးရသည့် ကော်မတီတစ်ခုဖြစ်ကြောင်း၊ စေတီပုထိုးများ၊ ထိန်းသိမ်းစောင့်ရှောက်နေသည့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ၏ ဝင်ငွေ/ထွက်ငွေများအား သက်ဆိုင်ရာစာရင်းစစ်အဖွဲ့များဖြင့် စစ်ဆေးခြင်းကိုလည်း ကြီးကြပ်ဆောင်ရွက်ပေးရကြောင်း၊ ဘာသာ၊ ဒေသ၊ လူမျိုး မတူသော်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် မိမိတို့ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးနှင့် ဥပဒေချုပ် ဦးအုန်းမြင့်တို့က သာသနာတော် သန့်ရှင်းတည်တံ့ခိုင်မြဲရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလာသည့် သာသနာရေးဆိုင်ရာ …

Read More »

နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပဲခူးမြို့သူ/သားများက ပထမအကြိမ် အလှူငွေကျပ်သိန်း(၁၀၀၀)လှူဒါန်းပွဲ ကျင်းပပြုလုပ်

ဇန်နဝါရီ ၁၅ (ပဲခူး) —————————— ပဲခူးမြို့ သီရိဟံသာခန်းမတွင် ဇန်နဝါရီလ(၁၅)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်က We Love Bago Charity organization မှတဆင့် နိုင်ငံတော်၏ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပဲခူးမြို့မှအလှူရှင်များက ပထမအကြိမ် အလှူငွေကျပ်သိန်း(၁၀၀၀) လှူဒါန်းခြင်းနှင့် We Love Bago Charity organization ၏ ဂုဏ်ထူးဆောင် နာယကကြီးမှ ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ We Love Bago Charity organization၏ ဂုဏ်ထူးဆောင် နာယကကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး We Love Bago Charity organizationမှတဆင့် နိုင်ငံတော်၏ ကိုဗစ်-၁၉ကာကွယ်ဆေး ဝယ်ယူရေးအတွက် လှူဒါန်းထားသော ပဲခူးမြို့မှ အလှူငွေကျပ်သိန်း(၅၀၀)မှ သိန်း(၅၀)အထိ အလှူရှင်များအား ဝန်ကြီးချုပ် ဦးဝင်းသိန်းကလည်းကောင်း၊ ကျပ်သိန်း(၂၀)နှင့်အောက် …

Read More »

ဇန်နဝါရီလ(၁၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁၄ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၄-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၆၈)ခု၌ နိုင်ငံသား(၁၆၃၄)ဦး၊ သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၂၂)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၇)ခု၌ နိုင်ငံသား(၇၁၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၁)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၈)ခု၌ နိုင်ငံသား(၈၈၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၈၉)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၈၂)ခု၌ နိုင်ငံသား(၁၅၈၇)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၄၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၂၅)ခု၌ နိုင်ငံသား(၄၈၂၃)ဦးရှိပြီး သံသယလူနာ(၇၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၃၀)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »