Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ရက်(၁၀၀)စီမံချက်ဖြင့် ပဲခူးမြို့၌ သဘာဝတိုင်းရင်းငါး ဆေးထိုးသားဖောက်ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်လှစ်

ပဲခူး မေ ၂၇           ပဲခူးမြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ ရက် ၁၀၀ စီမံချက်ဖြင့် သဘာဝတိုင်းရင်းငါး ဆေးထိုးသားဖောက် ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားအား မေလ ၂၇ ရက်နေ့၊ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် မြစ်ချောင်း အင်းအိုင်ပေါများပြားပြီး သဘာဝငါးမျိုးစုံထွက်ရှိရာ တိုင်းဒေသကြီးတစ်ခုဖြစ်ကာ သဘာဝငါးသယံဇာတ များ စဉ်ဆက်မပြတ်မျိုးပွားစေရေးနှင့် ငါးစားသုံးမှုဖူလုံပိုလျှံစေရေးအတွက် ယခုလိုသင်တန်းအား ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသည့် သင်တန်းသား/သူများအနေဖြင့် ရေချိုသဘာဝငါးမျိုးစိတ် များအား ထိန်းသိမ်းကာ ကိုယ်တိုင်မျိုးပွားပြီး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်အတိုင်း ထုတ်လုပ် ရောင်းချနိုင်ပါက ပြည်တွင်းစားသုံးမှုအပြင် ပြည်ပပို့ကုန်အဆင့်ထိ ဆောင်ရွက်နိုင်မှာဖြစ်၍ သင်ကြား ပေးမည့် သင်ခန်းစာအလိုက် ကြိုးစားလေ့လာ သင်ယူသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။           ထို့နောက် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး မေ ၂၇           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် နတ်တလင်း ခရိုင်၊ သဲကုန်းမြို့နယ်၊ ဖလံကုန်းကျေးရွာအုပ်စု၌ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိ စေရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့ ကြဲပတ်စိုက်ပျိုးနေမှု အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း(၁) မျိုးသန့်မျိုးပွားစံပြကွက်၌ မျိုးကွဲနှုတ်ပယ်ခြင်းအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇီးကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဦမျိုးလွင်ဦး၏ Winner သဘာဝမြေဩဇာထုတ်လုပ်ရေးအလုပ်ရုံသို့ …

Read More »

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး မေ ၂၆           ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြ သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျောင်းအပ်နှံပေးခြင်းသည် သားသမီး များ၏ ဘဝတစ်သက်တာအတွက် အကောင်းဆုံးလက်ဆောင်တစ်ခုပေးခြင်းဖြစ်သလို အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးသာယာအေးချမ်းဖို့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင် မည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာစေရေး “စာကိုလည်းသင်၊ လူကိုလည်းပြင်” ဆိုသည့် အတိုင်း နိုင်ငံတော်အစိုးရအဖွဲ့မှ ဖွင့်လှစ်ပေးနေသော အခြေခံပညာကျောင်းများကို ကျောင်းနေအရွယ် ကလေးအားလုံး အပ်နှံသွားရန်နှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း ဆိတ်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပန်းတောင်း မေ ၂၅           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ်အတွင်း ဆိတ်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ဒေါင်းမြက်နားကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဒေသခံတောင်သူများ နှင့်တွေ့ဆုံခဲ့ရာ ပန်းတောင်းမြို့နယ်အတွင်း ဆိတ်မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူ များက တိုးချဲ့ဆောင်ရွက်လိုသည့် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် လိုအပ်သည့် ချေးငွေနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ရှိ ပြည်-တောင်ကုတ်၊ ပုသိမ်-မုံရွာ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူး မေ ၂၅           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲ၊ နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရွှေတောင်မြို့ နယ်၊ တောင်လုံးညိုကျေးရွာ၌ ပဲခူးတိုင်းဒေသကြီးအစိုးရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသနွား၊ နို့စားနွား၊ အသားတိုးကြက်၊ အသားတိုးဝက်၊ ဆိတ်နှင့် ဥစားဘဲ မွေးမြူရေး လုပ်ငန်းဆောင်ရွက် လျက်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်သုံးစွဲရန်ကြ ရန် ဒေသတွင်းအသားနှင့်ဥထုတ်လုပ်မှု ဖူလုံပိုလျှံစေရေး မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် မှာကြားခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင် ဦးဌေးအောင်၏ အသားတိုးကြက် ကောင်ရေ(၁၂၀၀၀) မွေးမြူထားရှိ မှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ မဲတော ကျေးရွာအုပ်စု၌ ရေဆင်း(၃)နှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် မေ ၂၅           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တစ်ကွင်းတစ်ဆက်တည်း ဧက(၃၀၀) ဟင်းသီးဟင်းရွက်အထူးဇုန် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့် ရှုအားပေးခဲ့ပြီး စားဖိုဆောင်သီးနှံမျိုးစုံစိုက်ခင်းအား ရာသီအလိုက် စဉ်ဆက်မပြတ် စိုက်ပျိုးသွားနိုင်ရေး မှာကြားခဲ့ပြီး စာဖိုးဆောင်သီးနှံမျိုးစေ့များ ပေးအပ်ခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ပေါင်းတလည် မြို့၊ မြောင်းဆုံကျေးရွာ၌ ပြည်မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ သဘာဝမြေဩဇာထုတ်လုပ်နေမှု အား ကြည့်ရှုအားပေးခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။ ၎င်းနောက် အစိုးရအဖွဲ့ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

သာယာဝတီ မေ ၂၄           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ ငဖြူကလေးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးဇော်လင်း၏ ဥစားဘဲကောင်ရေ (၄၀၀၀) သဘာဝကွင်းစာဖြင့် အောင်မြင်စွာ မွေးမြူထားရှိမှုအား  ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တစ်ကွင်းတစ်ဆက်တည်း ရေဆင်းပေါ်ဆန်း(၁)  ၇၅ ဧက၊ ရေဆင်းပေါ်ဆန်း(၁) ၂၅ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် မျိုးသန့်စင်စက်ဖြင့် တန်ဖိုးမြင့် ရေဆင်းပေါ်ဆန်းစပါးမျိုးများ ပြန်လည်သန့်စင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တန်းဖိုးမြင့်ပေါ်ဆန်းစပါးမျိုးများ မြို့နယ်များအလိုက် ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စိုက်ပျိုးနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  သာယာဝတီမြို့နယ်၊ အင်းရွာစိုက်ပျိုးရေးသင်တန်းကျောင်း၌ …

Read More »

ပြည်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်

ပြည် မေ ၂၃           ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား မေလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူ များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆို ဖွင့်လှစ် ပေးခဲ့ကြသည်။             ထိုနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာမှာ အသိပညာရှင် အတတ်ပညာရှင်များစွာ လိုအပ်သည့်အတွက် အသိပညာရှင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပြည် မေ ၂၃           ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားအား ပြည်မြို့၊ တိုင်းဒေသကြီးပညာ ရေးမှူးရုံး(ခွဲ)ရှေ့၌ မေလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်း အနားသို့  ရောက်ရှိလာခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ဘင်ခရာတီးခတ်ခြင်းနှင့် ပန်းပွားအက ကပြခြင်း တို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံ ရေးဆိုင်ရာ မြေစိုက်ပိုစတာဖွင့်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆-၂၀၂၇ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်

ပဲခူး မေ ၂၂  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။  ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ ကင်းပိုင်ကျုံကျေးရွာအုပ်စု၌ ရေကြီးရေနက်ကွင်းမှ လယ်မြေများအား ရေတော်မိုးတော်လယ်မြေအဖြစ် မိုးရာသီအမီ မိုးစပါးစိုက်ပျိုးနိုင်ရေး ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကင်းပိုင်ကျုံရိုး အရှည်ပေ ၃၅၀၀ တူးဖော်နေမှုကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် အခြေခံပညာအလယ်တန်းကျောင်း(ကင်းပိုင်ကျုံ) ကျောင်းဆောင်တိုးချဲ့တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိခဲ့ပြီး အခြေခံပညာအလယ်တန်းကျောင်းတည်ဆောက်ရန် သတ်မှတ်ထားသည့် မြေဧကအတိုင်း ပြည့်ဝစွာရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားနှင့် ကျောင်းဆောင် လိုအပ်ချက်အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။  ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကင်းပိုင်ကျုံကျေးရွာ ကမ်းပြိုမှုကာကွယ် ရေး ရေလွှဲကာတည်ဆောက်မည့် နေရာသို့ …

Read More »