ပဲခူး စက်တင်ဘာ ၈ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဗလခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရဲမှုထမ်းဟောင်းအဖွဲ့၏ ရည်မှန်းချက် (၄)ခုနှင့် လုပ်ငန်းစဉ်(၆)ရပ်အား တသွေမတိမ်း လိုက်နာဆောင်ရွက်သွားကြဖို့ အထူးမှာကြားလိုကြောင်း၊ ရဲမှုထမ်းဟောင်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အရန်အင်အားတစ်ရပ်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်ဖွဲ့ အပေါ် သစ္စာရှိစွာဖြင့် မြို့၊ ရပ်/ရွာ လုံခြုံအေးချမ်းသာယာစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကိုယ်စွမ်းနိုင်သလောက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပါဝင်ကူညီသွားကြရမှာဖြစ်ကြောင်းနှင့် ရဲမှုထမ်းဟောင်း မိသားစုဝင်များအတွက်လည်း လိုအပ်သည်များကို ဘက်ပေါင်းစုံမှ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရဲမှုထမ်းဟောင်းများ အတွက် တစ်ဦးလျှင် အခြေခံစားသုံးကုန် ဆန်(၁)အိတ်နှင့်ဆီ(၁)ပိဿာကိုလည်းကောင်း၊ …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ
(၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မြန်မာ့ဆိုင်းဝိုင်းဖြင့် “လက်ရည်တပြင်တည်း” သီချင်းသီဆို၍ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ် မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နက်နဲသိမ်မွေ့ပြီး အဆင့် အတန်းမြင့်မားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များအပေါ် မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် ဂုဏ်ယူမြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် လက်ဆင့်ကမ်း အမွေအဖြစ် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်စေရန်အတွက် အားပေးမြှင့်တင် ကျင်းပပေးရခြင်းဖြစ် …
Read More »ပဲခူးမြို့တွင် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၄ ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ်မိုးလုံလေလုံအားကစားရုံ၌ စက်တင်ဘာ လ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆု ချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးထိန်လင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များ၊ ကျောင်းသား/ကျောင်းသူများနှင့် ခြင်းလုံးဝါသနာရှင်ပြည်သူများက အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တက်သစ်စ အမျိုးသမီးကစားသမား ဆုရရှိသူ ကျောနံပါတ်(၄) …
Read More »ပဲခူးတိုင်းဒေသကြီး၏ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပဲခူး တက္ကသိုလ်ပါမောက္ခချုပ်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသား …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၂ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ က “ဘက်စုံပညာကိုရည် တို့လှမ်းချီ”သီချင်းသီဆို၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုလို ထူးချွန်အောင်မြင်တဲ့ သားငယ်၊ သမီးငယ်များကို ဆုချီးမြှင့်ပေးရခြင်းသည် အခြေခံပညာအဆင့်မှာ လေ့လာသင်ယူနေကြတဲ့ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အတုယူအားကျစိတ်၊ ကြိုးစားအားထုတ်လိုစိတ်၊ …
Read More »ပဲခူးမြို့တွင် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁ ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ်မိုးလုံလေလုံအားကစားရုံ၌ စက်တင်ဘာ လ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအနေနဲ့ အားကစားစိတ်ဓာတ် အပြည့်အဝနဲ့ အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြဖို့လိုအပ်မှာဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကိုလည်း လေးစား လိုက်နာကြရ မှာဖြစ်ကြောင်း၊ ဒီပြိုင်ပွဲမှတဆင့် နိုင်ငံတော်ကအားထားရမယ့် ထူးချွန်တဲ့ လက်ရွေးစင် အားကစားသမားကောင်းများ ဖြစ်လာအောင်လည်း ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြား လိုကြောင်း၊ ယနေ့ကျင်းပပြုလုပ်တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲဟာလည်း သာမန်အားကစားပြိုင်ပွဲ တစ်ရပ် မဟုတ်ဘဲ နိုင်ငံတကာ အလယ်မှာ ခြင်းလုံးအားကစားနည်းဖြင့် ဂုဏ်ယူဝံ့ကြွားနိုင်ဖို့ အထောက်အကူ …
Read More »၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၃၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပြိုင်ပွဲအသင်းများက အသင်းလိုက်မိတ်ဆက်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုလို ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီး အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရရှိသည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှာရှိသည့် အားကစား သမားများ၏ မတူကွဲပြားသည့် ကစားပုံ၊ ကစားဟန်နှင့် နည်းစနစ်များကို လေ့လာဖလှယ် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းငါးမျိုးဖြစ်သည့် ငါးခူဆေးထိုးသားဖောက်ခြင်း နှင့် ရေငန်ပုစွန်မွေးမြူခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဩဂုတ် ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်း က တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ တိုင်းရင်းငါးမျိုး ငါးခူဆေးထိုး သားဖောက်ခြင်းနှင့် ပတ်ဝန်းကျင်သဟဇာတဖြစ်သည့် ရေငန်ပုစွန်မွေးမြူခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ နှစ်စဉ်ငါး ပိဿာထောင်ပေါင်း(၂၉၀၀၀၀)ကျော် ထုတ်လုပ်နိုင်ပြီး ဒေသတွင်းစားသုံးမှုသာမက အခြားပြည်နယ်/ တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးတင်ပို့ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ငါးအခြေခံတန်ဖိုးမြှင့် MSME ထုတ်ကုန် အများအပြားထုတ်လုပ် လျက်ရှိရာ ငါးသယံဇာတပြုန်းတီးလျော့နည်းမှုမရှိစေရေးနှင့် ငါးသယံဇာတ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ရေချိုတိုင်းရင်း ငါးမျိုးအား သဘာဝသားဖောက်ခြင်း ထက် အလျင်အမြန်တိုးပွားလာနိုင်ရေး သိပ္ပံနည်းကျဆေးထိုးသားဖောက်ပြုစုမွေးမြူ၍ ပြန်လည်ဖြည့်တင်း ပေးလျက်ရှိကြောင်း၊ ယခုသင်တန်းတွင် တိုင်းရင်းငါးမျိုးများအား မွေးမြူရေးလုပ်ငန်းရှင်များ၊ ပဲခူးတက္ကသိုလ် သတ္တဗေဒအထူးပြု ကျောင်းသား/သူများ၊ ဌာနတွင်းဝန်ထမ်းများအနေဖြင့် သားဖောက်မွေးမြူပြုစု စောင့်ရှောက်ခြင်းဆိုင်ရာ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး
သာယာဝတီ ဩဂုတ် ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဩဂုတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီ မြို့နယ်၊ ဆရာစံမြို့သစ်၊ အလယ်ကုန်းရပ်ကွက်ရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးချိုတေး၏ နို့စားနွားကောင်ရေ (၅၀) အောင်မြင်စွာမွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်နွားနို့များ လေလွင့်မှု မရှိစေရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေး နို့ပေါင်းစက်နှင့် အအေးပေးစက်များထားရှိရန်၊ ခြံလှောင် မွေးမြူမှုစနစ်မှရရှိလာသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်ရန််၊ ထွက်ရှိလာ သည့် နွားနို့များအား ကုန်ကြမ်းအဆင့်အဖြစ် မရောင်းချပဲ တန်ဖိုးမြှင့်နို့ထွက်ကုန်ချောပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် နေဗီယာမြက်တိုးချဲ့စိုက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး
တောင်ငူ ဩဂုတ် ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ညောင်လေးပင် ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၌ “အောင်နိုင်တိုး” မျိုးစေ့ထုတ်စိုက်ခြင်း (၂၀)ဧက အောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသတွင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိ သည့် မျိုးကောင်းမျိုးသန့်များအား တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်ခြင်း၊ စိုက်ပျိုးခြင်းနှင့် တောင်သူ အချင်းချင်း ဖြန့်ဝေခြင်းများသည် မြို့နယ်အလိုက် အထွက်နှုန်းကောင်းမျိုးများ အလျင်အမြန်ဖူလုံစေမှာ ဖြစ်သည့်အတွက် အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ သွင်းအားစုများ ချီးမြှင့်ပေးအပ် ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …
Read More »