နတ်တလင်လင်း ဧပြီ ၂၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တူ ဧပြီလ(၂၆) ရက်နေ့၊နံနက်ပိုင်းက နတ်တလင်းခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့နယ်၊ ရွာသာကုန်း ကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း(၁) မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း (၄၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေမှု၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စုပေါင်းကြဲပတ်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေဩဇာ ကိုယ်တိုင်ပြုလုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲရန်၊ ဒေသနွားမွေးမြူရေးနှင့် သဘာဝရွက်ဖြန်းမြေဩဇာသုံးစွဲနိုင်ရေးနှင့် လာမည့်မိုးစပါးရာသီတွင် တန်ဖိုးမြှင့် ပေါ်ဆန်းစပါး ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နတ်တလင်းမြို့၊ ရွှေလင်းခန်းမ ဘက်စုံ အဆင့်မြှင့်တင်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူနှင့်သက်ဆိုင်သည့် အခမ်း အနားများ …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသတွင်း MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
ပဲခူး ဧပြီ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရေး MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး၏ အဓိက စီးပွားရေးမောင်းနှင်အားသည် MSMEs လုပ်ငန်းများပေါ်တွင် မူတည်လျက်ရှိပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် လယ်ယာ သုံးစက်ကိရိယာ မျိုးစုံထုတ်လုပ်နိုင်ခြင်း၊ စားသုံးကုန်နှင့် လူသုံးကုန်များလည်း ထုတ်လုပ်လျက်ရှိကြောင်း၊ လယ်ယာသုံးစက်ကိရိယာများတွင်လည်း စက်သုံးဆီအခြေပြုစနစ်မှ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် Solar စနစ်သို့ ပြောင်းလဲထုတ်လုပ်သွားရမှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကြီး တစ်ခုလုံး စက်မှုလယ်ယာ စနစ်သို့ ပြောင်းလဲပေးနိုင်ပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ပြောင်းလဲလာ မှာဖြစ်ကြောင်း၊ စားသုံးကုန်များနှင့်ပတ်သက်၍ အရသာကောင်းမွန်မှုရှိသော်လည်း ထုတ်ပိုးမှုပါကင်စနစ် များ ပိုမိုအဆင့်မြှင့်တင်နိုင်ပါက …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ မြို့ပြသန့်ရှင်းသာယာလှပစေရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၄)ရက်နေ့၊ နံနက်ပိုင်း က မြို့ပြသန့်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင်သာယာရေး၏ လုပ်ငန်းစဉ်များ သည် အလွန်များပြားပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ရသည့် ဝန်ဆောင်မှုပေးရသည့် ဌာနတစ်ခု ဖြစ်ကြောင်း၊ မြို့ပြသန့်ရှင်းသာယာလှပစေရေးနှင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အခွန်အကောက်ရငွေ များဖြင့်သာ ဆောင်ရွက်ရသဖြင့် ရသင့်ရထိုက်သည့် အခွန်အခများရရှိရေးနှင့် အခွန်ပုန်း အခွန်ရှောင်များကို ဖော်ထုတ်၍ အခွန်ထမ်းအသစ်များရရှိရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်သူလူထု၏ အခွန်ငွေဖြင့် ရပ်တည်သည့် ဌာနတစ်ခုဖြစ်သည်နှင့်အညီ ထိုက်တန်သည့်ဝန်ဆောင်မှုကို ပြန်လည်ပေးသွားရမှာဖြစ် ကြောင်း၊ မြို့နယ်နှင့် မြို့များတွင် Public Area အပန်းဖြေပန်းခြံများ တည်ဆောက်ပေးသွားမှာဖြစ်ပြီး တည်ရှိပြီးသား ပန်းခြံများကိုလည်း အဆင့်မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း၊ မြို့ပြများအား Clean City Green …
Read More »ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး ဧပြီ ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဆုတောင်းပြည့်ရွှေမော်ဓောစေတီ တော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဂေါပကအဖွဲ့ရုံး၌ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ရာသီမရွေးဘုရားဖူး လာပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရေး မကြာမီက တပ်မတော်ကြည်း၊ရေ၊လေ မိသားစုများ ၏ ကောင်းမှုဖြင့် နေပူခံစကျင်ကျောက်ပြား ခင်းကျင်းလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ စေတီတော်မြတ်ကြီး၏ရင်ပြင်တော်ပေါ်ရှိ အာရုံခံတန်ဆောင်းများ၊ ကျောက်စာရုံများနှင့် အခြားသာသနိက အဆောက်အဦများကို အမြင်တင့်တယ်မှုရှိစေရေး ပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခု အခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် စေတီတော်မြတ်ကြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး ဧပြီ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဧပြီလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်ရှိ မြေပဲစိုက် တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုထောက်ပံ့ပေးခဲ့ပြီး ဆောင်းမြေပဲ ထွက်ရှိချိန်တွင် ပေါက်ဈေးအတိုင်း ပြန်လည်ဝယ်ယူနေမှုအား သွားရောက်ကြည့်ရှု၍ ဒေသခံတောင်သူများ နှင့်တွေ့ဆုံ၍ သဘာဝရွက်ဖျန်းမြေဩဇာ ဖျန်းပတ်ခြင်းနှင့် သစ်စိမ်းမြေဩဇာအသုံးပြု၍ မြေယာပြုပြင် ခြင်း ဆောင်ရွက်မှသာ တစ်ဧက ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိပြီး တောင်သူများအကျိုးအမြတ် ပိုမိုရရှိနိုင်မှာဖြစ်ကြောင်း အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူး၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးမှူးတို့က စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ပြီး တန်(၁၀၀)ဆန်စက် တည်ဆောက်နေမှုတို့အား လှည်လည်ကြည့်ရှုခဲ့ကြသည်။ သနပ်ပင်မြို့နယ်အတွင်း ဆောင်းမြေပဲစိုက်ဧက(၉၆၅၂)ဧကရှိပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် …
Read More »နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား
ပဲခူး ဧပြီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၁)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဧပြီလ(၁၀)ရက်နေ့နှင့် ဧပြီလ (၂၀)ရက်နေ့တို့တွင် ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား အသေးစိတ် ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပြည်သူလူထုမှ တင်မြေှာက်ပေးခဲ့သည့် ပြည်သူ့အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏အသံကို အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ၏ (၇၅)ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်၍ ကျေးလက် ဒေသ စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် တန်ဖိုးမြှင့်သီးနှံများစိုက်ပျိုးရန်နှင့် ဈေးကွက်ရရှိ ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားရမှာဖြစ်သလို စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိ ရေး ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၁)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဧပြီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၁)ကြိမ်မြောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ဧပြီလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူတို့သည် ပဲခူးမြို့ ခုတင (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးနေမှုနှင့် ရေသန့်၊ ကော်ဖီနှင့်အာဟာရမုန့်များ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံ ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယ)ည ကျင်းပ
ပဲခူး ဧပြီ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယ)ညကို ဧပြီလ(၁၉)ရက်နေ့ ညပိုင်းအချိန်က ပဲခူးမြို့ ရုံးကြီး ရပ်ကွက်၊ ဆေးရုံလမ်းနှင့် ပြည်တော်သာလမ်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အစိုးရအဖွဲ့ တာဝန် ရှိသူများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ တရားနာ ပရိတ်သတ်များက ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)က “ဩဝါဒကထာ”တရားခေါင်းစဉ်ဖြင့် ဟောကြားတော်မူပြီး ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဓမ္မပူဇာအလှူငွေကျပ်သိန်း(၇၅)နှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ထံ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
သာယာဝတီ ဧပြီ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သာယာဝတီခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား လစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်ပါအတိုင်း အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေး အားပေးမြှင့်တင်သွားရန်နှင့် ရက်(၁၀၀)စီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်နှင့် ရပ်ရွာဒေသများအလိုက် တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေဒေသလုံခြုံရေးအား အထူးအလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပုံမှန်ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် သွားရောက်ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး ဧပြီ ၁၈ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဧပြီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့ရှိ လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် သွားရောက်ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဇီးကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိခဲ့ပြီး လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ပြိုလဲနေအိမ်အတွက် တစ်လုံးလျှင်(၂)သိန်းနှုန်းနှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုးပါ Family Kit (၁)ပုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် တစ်လုံးလျှင် (၅)သောင်းနှုန်းနှင့် ထိခိုက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင် (၅)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၃၂,၅၀,၀၀၀) ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး စာသင်ကျောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ပေးနေသည့် တပ်မတော်သားများအား ချီးမြှင့် ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website