Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း

နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း

ပဲခူး ဇူလိုင် ၁

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁)ရက်နေ့၊ နံနက် ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ် သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇွန်လ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလု်ပငန်းညှိနှိုင်းအစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား အသေးစိတ်ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်/မြို့နယ်အလိုက် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် ပြည်တွင်းထွက် ကုန်ကြမ်းပစ္စည်းများဖြင့် ကုန်ချောများ ပြန်လည်ထုတ်လုပ်ရောင်းချနိုင်ရေး လိုအပ်သည့် နည်းပညာ၊ အရင်းအနှီးများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး မျိုး၊ မြေ၊ ရေ၊ နည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ မွေးမြူရေးကဏ္ဍတွင် သား/ငါးစားသုံးမှု ပြည့်စုံဖူလုံမှုရှိစေရေးအတွက် တစ်ပိုင်တစ်နိုင်အဆင့်မှ စီးပွားဖြစ် မွေးမြူထုတ်လုပ်နိုင်ရေး မြို့နယ်အလိုက် စနစ်တကျ ဆောင်ရွက်ရန်၊ စာရင်းဇယားအချက်အလက်များ မှန်ကန်မှုရှိမှသာ ထပ်မံလိုအပ်သည့် စီမံချက်များ ချမှတ်ဆောင်ရွက်နိုင်မှာဖြစ်၍ တင်ပြရာတွင် သေချာစိစစ်ပြီး မှန်ကန်စွာတင်ပြပေးရန်လိုအပ်ကြောင်း၊ ဈေးကွက်ဝင်ပြီး တောင်သူတွက်ချေကိုက်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အမယ်သစ်များ ထပ်မံတိုးချဲ့ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် စိုက်ပျိုးနိုင်ခြင်းမရှိ သည့် မြေလပ်များတွင် ရရှိနိုင်သည့် စားဖိုဆောင်သီးနှံ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစိစစ်တင်ပြပေးရန်လိုအပ်ကြောင်း၊ ဆီထွက်သီးနှံများဖြစ်များအတွက် မျိုးကောင်းမျိုးသန့်ရရှိစိုက်ပျိုး နိုင်ရေး ဦးစားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ KG+9 အောင်မြင်ပြီးပါက စက်မှု၊ စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းများ တက်ရောက်ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းကောင်းများအား သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများမှ အခြေခံပညာကျောင်းများအလိုက် သိရှိနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေးအတွက် သီးခြားအဖွဲ့များ ဖွဲ့စည်း၍ စနစ်တကျ စစ်ဆေးခြင်းများ ဆောင်ရွက်ရန်လိုအပ် ကြောင်းနှင့် စိုက်ပျိုးမွေးမြူသူများ သွင်းအားစုနှင့် တိရစ္ဆာန် အစာဈေးနှုန်း သက်သာစေရေးအတွက် မြို့နယ်အလိုက် စိုက်ပျိုးသူတောင်သူများနှင့် မြေဩဇာထုတ်စက်ရုံများ နှင့် တိုက်ရိုက်ချိတ်ဆက်ပေးခြင်း၊ မွေးမြူသူအစုအဖွဲ့များနှင့် ဆန်စက်/ဆီစက်လုပ်ငန်းရှင်များ တိုက်ရိုက် ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ရွက်သွားရန်နှင့် တိုင်းဒေသကြီးအတွင်း နေဗီယာမြက်ဧက(၅၀၀၀) ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အကြံပြုတင်ပြဆွေးနွေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သညများ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တိုင်းဒေသကြီးအတွင်း အသားစားသုံးမှု ဖူလုံပိုလျှံစေရေးနှင့် မျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူနိုင်ရေးအတွက် ပဲခူးမြို့နယ်၊ လှော်ကားကျေးရွာရှိ ဒေါက်တာနေနိုင်ထူး၏ အကောင်ရေ(၂၅၀)မွေးမြူထားသော ဆိတ်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သုတေသနပြုပြီး မျိုးချောင်းများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ရေး၊ နည်းပညာနှင့် ချေးငွေရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဒေါင်းမြတ်နားအုပ်စု၊ စွယ်တော်အုပ်စုနှင့် ဒန့်သလွန်အုပ်စုများရှိ မြစိမ်းရောင်ကျေးရွာများတွင် စီးပွားဖြစ် ဆိတ်မွေးမြူနိုင်ရေး စျေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။