Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 17)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

(၃၇)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲ ဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူး ဒီဇင်ဘာ ၂၈ ============ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်နှင့် ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံတို့တွင် ပရိယတ္တိသဒ္ဓမ္မ ရက္ခိတ(ပဲခူး) အသင်းကြီးမှ ကြီးမှူးကျင်းပပြုလုပ်သည့် (၃၇)ကြိမ်မြောက် သာမဏေကျော်လင်္ကာရ စာမေးပွဲဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များအား ဒီဇင်ဘာလ(၂၇)ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆက်ကပ်လှူဒါန်းသည်။ ရှေးဦးစွာ ကြီးကြပ်ဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များနှင့်သီလရှင်များ စာဖြေနေမှုအား လိုက်လံကြည့်ရှု့ ကြည်ညိုခဲ့ကြသည်။ အဆိုပါ (၃၇)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲကြီးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝင်ရောက်ဖြေဆိုရန်အတွက် သံဃာတော်နှင့် သီလရှင်(၁၆၄၀)ပါး စာရင်းသွင်းထားရှိပြီး ဗုဒ္ဓအသံ ဓမ္မဗိမာန် (အပေါ်ထပ်/အောက်ထပ်)နှင့် ရွှေမော်ဓော်စေတီတော်ရင်ပြင်ပေါ်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံတို့တွင် ဒီဇင်ဘာလ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဝိနည်းမဟာဝါ၊ အင်္ဂုတ္ထိုရ်၊ ဓမ္မပဒဘာသာရပ်တို့အား ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဟူ၍ …

Read More »

ငါး၊ပုစွန် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဒီဇင်ဘာ ၂၇ ==================           ပဲခူးမြို့၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ငါး၊ပုစွန် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေး ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ(၂၇)ရက်နေ့၊ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ ငါးလုပ်ငန်းကဏ္ဍ သည် အခြားပြည်နယ်/တိုင်းဒေသကြီးများသို့ တင်ပို့လျက်ရှိပြီး ငါးရိက္ခာနှင့် အစာအာဟာရလိုအပ်ချက် ဖြည့်ဆည်းပေးရာတွင် အဓိကကျသည့်နေရာမှ ပါဝင်လျက်ရှိကြောင်း၊ ငါးမွေးမြူထုတ်လုပ်ရာတွင် အာဟာရ ပြည့်ဝပြီး ဘေးဥပါဒ်ကင်းစေရန်နှင့် ဝင်ငွေကောင်းမွန်စွာရရှိနိုင်ရေး ကောင်းမွန်သော ရေထွက်ပစ္စည်း ထုတ်လုပ်မှုကျင့်စဉ် GAqP စနစ်များကို ကျင့်သုံးရမှာဖြစ်ပြီး ငါး/ပုစွန် ရေထွက်ပစ္စည်းထုတ်လုပ်သူများ အနေဖြင့် သိရှိလိုက်နာကြရန် အထူးလိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သွင်းကုန်အစားထိုး …

Read More »

ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် မြေဆီလွှာအာဟာရ ပြန်လည်ဖွံ့ဖြိုးစေရေး သဘာဝမြေဩဇာ ထည့်သွင်းခြင်း နှင့် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းများဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

ပဲခူး ဒီဇင်ဘာ ၁၄ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက သမဝါယမအသင်းများ စပါးစိုက်ပျိုးမှုထုတ်လုပ်မှု အထွက်နှုန်းတိုးတက်မြင့်မာရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ် လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းပေါင်း(၃၅) သင်း၊ အသင်းသားဦးရေ(၃၀၉၅)ဦးအား လယ်မြေဧရိယာ(၁၆၀၀၀)ဧကအတွက် ငွေကျပ်(၃.၂)ဘီလီယံ တန်ဖိုးရှိ သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များ ပံ့ပိုးပေးထားခဲ့ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင် ရွက်သည့် သမဝါယမအသင်းများအနေဖြင့် တစ်နှစ်(၂)သီးမှ (၃)သီးသို့ သီးထပ်စွမ်းအား တိုးတက်စိုက်ပျိုး နိုင်မှာသာ အကျိုးအမြတ်များစွာ ရရှိနိုင်မှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများအလိုက် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရန် လိုအပ်မှာဖြစ်ကြောင်း၊ မိမိတို့၏ လယ်မြေများအား မြေဆီလွှာများအာဟာရ ပြန်လည်ဖွံ့ဖြိုးစေရေး …

Read More »

MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဈေးကွက်ခိုင်မာမှုရှိစေရေးအတွက် ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဒေသထွက်ကုန်အရောင်းစင်တာများ ဖွင့်လှစ်ပေးထားပြီးဖြစ်

ပဲခူး ဒီဇင်ဘာ ၁၃ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒီဇင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး ပိုမိုထုတ်လုပ် တင်ပို့ရန်  Action Plan ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စုစုပေါင်း၏(၉၀)ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSMEs) စီးပွားရေးလုပ်ငန်းများဖြစ်ပါကြောင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်ခြင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲနိုင်ရေးတွက် လူတန်းစားမရွေး သုံးစွဲနိုင်သည့် တန်ဖိုးနည်း လယ်ယာသုံးစက်ကိရိယာများ တီထွင်ကြံဆထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အားပေးမြှင့် တင်ပေးသွားရမှာဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ …

Read More »

စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၁ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိ ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ပြည်စုံကောင်းမွန်စေရန် လိုအပ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရရှိနိုင်သည့် ရေအရင်းအမြစ်အပေါ်မူတည်၍ သီးနှံစိုက်စွမ်းအား တိုးတက်ရေးဆောင်ရွက်ပေးနေသလို တောင်သူများ ကိုလည်း စိုက်ပျိုးရေကို အလေအလွင့်မရှိ အကျိုးရှိရှိ သုံးစွဲနိုင်ရေး အသိပညာပေးခြင်း ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ဆောင်းသီးနှှံသည် ဒေသတွင်း ဆီဖူလုံမှုအတွက် အဓိကအထောက်အကူပြုသလို နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသည့် သီးနှံစိုက်ရာသီဖြစ်၍ သတ်မှတ်ဧကပြည့်မီစေရေးနှင့် မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေး

တောင်ငူ ဒီဇင်ဘာ ၉ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါ လျက် ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စုရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းရှင် ဒေါ်သန္တာကျော်အေး၏ (DYL)အသားတိုးဝက်ကောင်ရေ(၁၇၀) မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ဝန်ကြီးချုပ်က တိရစ္ဆာန်ရောဂါကျရောက်မှုမရှိစေရေးနှင့် ဒေသတွင်းအသားစားသုံးမှုဖူလုံစေ ရေးအတွက် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးအဆင့်မှ စီးပွားဖြစ်မွေးမြူနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် အချိန်တိုကာလအတွင်း အသားအများဆုံး ထုတ်လုပ်ပေးနိုင်သည့် ဝက်မွေးမြူရေးအား တိုးချဲ့ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့သန့်ရှင်းသာယာ လှပစေရေး ရှေးဟောင်းကျုံးအတွင်း ဗေဒါပင်များဆယ်ယူနေမှုအား …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၈ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ များနှင့် လစဉ်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ရခြင်းသည် မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ပြီး မြို့နယ်အလိုက် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း၊ လာမည့်နွေစပါးရာသီ အမီ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး မြို့နယ်အလိုက် ဝယ်ယူ လိုသည့် အရေအတွက်အား ကြိုတင်စာရင်းပေးထားရန်ဖြစ်ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များအနေဖြင့် မိမိတို့မြို့နယ်အတွင်း စိုက်ပျိုးနိုင်သည့် မြေနေရာများအား မြေလပ်မရှိစိုက်ပျိုးနိုင်ရေးနှင့် …

Read More »

ပဲခူးမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်

ပဲခူး ဒီဇင်ဘာ ၇ =================           မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဒီဇင်ဘာလ(၇)ရက်၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ပထမဆုရရှိခဲ့ကြသည့် …

Read More »

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ကြိမ်ထည် လက်မှုသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပဲခူး ဒီဇင်ဘာ ၅ =================           ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ကြိမ်ထည်လက်မှု သင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မြန်ဆန်စွာ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးမှုရရှိနိုင်ရေး စီမံကိန်းများရေးဆွဲခြင်း၊ ဘဏ္ဍာရေး အရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အုံများ ဆောက်လုပ်ပေးခြင်း၊လူ့စွမ်းအားအရင်းအမြစ် များ တိုးတက်အောင်ဆောင်ရွက်ပေးခြင်း၊ တီထွင်ဆန်းသစ်များမှု အားပေးမြှင့်တင်ခြင်းနှင့် အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုစီးပွား နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ဒေသန္တရ …

Read More »

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ပြောင်းဆံများဖမ်းဆီးရမိခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဂုဏ်ပြုချီးမြှင့်

ပဲခူး ဒီဇင်ဘာ ၅ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ပြောင်းဆံများဖမ်းဆီး ရမိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး (၂)မျိုးဖြင့် ဆေင်ရွက်လျက်ရှိကြောင်း၊ ပဲခူး မြို့နှင့် ဘုရားကြီးမြို့တို့သည် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်နေသာ လမ်းကြောင်းများဖြစ်သည့် မြဝတီ-ဘားအံ- ရန်ကုန်လမ်းကြောင်း၊ မူဆယ်-လားရှိုး-မန္တလေး-ရန်ကုန်လမ်းကြောင်းတို့ဖြင့် ကုန်သွယ်မှုပြုရာတွင် အဓိကကျသည့် လမ်းဆုံမြို့ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိစေရန်၊ ဥပဒေဘောင်အတွင်းမှ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် ဈေးကွက်ယှဉ်ပြိုင်မှု မျှတမှုရှိစေရန် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များဖွဲ့စည်းပြီး တရားမဝင် တင်သွင်း/တင်ပို့မှုများ ကို ရှာဖွေဖော်ထုတ်စစ်ဆေးအရေးယူရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ တာဝန်ပေးအပ်ခြင်းခံရသည့် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့ရန် …

Read More »