Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 24)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၁၆ =================           ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာတစ်ဝန်းလုံးမှာရှိသည့် နိုင်ငံအသီးသီး တွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိသော မတော်တဆဖြစ်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခများနှင့် ကပ်ဘေး ကျရောက်သည့် အခြေအနေများတွင် ရှေးဦးပြုစုခြင်းနည်းပညာများဖြင့် ချက်ခြင်းတုံ့ပြန်၍ လူအသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မတော်တဆထိခိုက်ဒဏ်ရာရရှိသည့် လူနာများအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို အသင်းစတင် တည်ထောင်စဉ်ကတည်းက လူတိုင်းတတ်ထားအပ်သော ပညာရပ်များအဖြစ်ခံယူပြီး လူတိုင်းရှေးဦးပြုစုခြင်း ပညာရပ်များဖြင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှေးဦးပြုစုခြင်း အကူအညီ တွေကို ကြက်ခြေနီ၏ အခြေခံမူ(၇)ချက်ပါအတိုင်း …

Read More »

(၂၄)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ  ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၁၅ ================= ပဲခူမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက (၂၄)ကြိမ်မြောက် ပဲခူးတို်ငး ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြု လုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၄)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ထူးချွန်ပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဆက်လက် ထိန်းသိမ်းမည့် မျိုးဆက်သစ် အနုပညာရှင်များ ပေါ်ထွန်းလာသည်ကို မြင်တွေ့ရသည့်အတွက် အားရကျေနပ် ဂုဏ်ယူပါကြောင်း၊ ပြိုင်ပွဲကြီးဖြစ်မြောက်ရေးအတွက် အစ၊ အလယ်၊ အဆုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် ပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၊ ဌာနဆိုင်ရာများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲတွင် …

Read More »

ပဲခူးတိုင်းဒေသကြီးသို့ စက်တင်ဘာလတစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၉.၄)သန်း နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ်(၂၂၀.၅)သန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူး စက်တင်ဘာ ၁၄ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး မိမိတို့ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိလာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အခြေခံပြီး သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်းနှင့် ပို့ကုန် တိုးမြှင့်နိုင်ရေး MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို  ဦးစားပေးဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် မြေဩဇာထုတ်လုပ်သည့်လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများပြားစွာရရှိမည့် CMP လုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုအပ်ပြီး ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခိုင်မာစွာရပ်တည်နိုင်ရေးနှင့် လုပ်ငန်းတိုးချဲ့နိုင်ရေး ဥပဒေနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံခြားငွေဖြင့် ဝယ်ယူနေရသည့် စက်မှု/ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ …

Read More »

တိုင်းဒေသကြီးအဆင့် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၃ ==============           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ ဒုတိယဥက္ကဋ္ဌတို့က ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များဖြင့်  နွေစပါးအကြို စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်မှု သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၁၂ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာအုပ်စု၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များဖြင့်  နွေစပါးအကြို စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ဘုရားကြီးမြို့၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင်မှု သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်သည်။           ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်နှင့် ဝေါမြို့နယ်ရှိ တောင်သူလယ်သမားများ၊ အုန်းနှဲကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု အထက်တန်းကျောင်းမှ စိုက်ပျိုးရေးအထူးပြု ကျောင်းသားသူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေးကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲ နိုင်ရေး၊ သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ဖူလုံစွာရရှိရေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ …

Read More »

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၁ =================           ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်း ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ၏ အနာဂတ်ကို ဆက်လက်တာဝန်ယူ သွားမည့် လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပြီး လူငယ်များကလည်း အသိပညာဗဟုသုတပြည့်စုံစေရန်၊ အမှား/အမှန် ကောင်းကျိုးဆိုးပြစ်များကို ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် နောင်တစ်ချိန် နိုင်ငံ့တာဝန်များကို ထမ်းဆောင်သည့်အခါ ရဲရင့်ယုံကြည်စွာဖြင့် အများအကျိုးသယ်ပိုးထမ်းဆောင်နိုင်သော တိုင်းပြည်ကအားထားရသော သားကောင်းသမီးမွန်များဖြစ်စေ ရန် ကြိုးစားကြစေလို အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က “တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏ အရေးပါမှုအခန်းကဏ္ဍ”နှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ သည်။           ထို့နောက် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး စက်တင်ဘာ ၉ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စနေနေ့တိုင်း အပတ်စဉ် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား စက်တင်ဘာလ(၉) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများ ပြန်လည်အဆင့်မြှင့်တင်ရန်၊ အမှိုက်ပုံးများစနစ်တကျထားရှိစေရေး၊ ဆေးရုံအုတ်တံတိုင်းများ ဆေးများ ပြန်လည်သုတ်ပေးနိုင်ရေး၊ ဆေးရုံပတ်ဝန်းကျင်နှင့် အတွင်း/အပြင်အားလုံး ခြင်ဆေးမှုတ်ခြင်းအပြင် ခြုံနွယ်များ မဖြစ်ပေါ်စေရေး စဉ်ဆက်မပြတ် ရှင်းလင်းခြင်းပြုလုပ်သွားရန်နှင့် ဆေးရုံတတ်လူနာများနှင့် လူနာစောင့်များ သက်တောင့်သက်သာ အနားယူနိုင်ရေး နားနေဆောင်များ ပြန်လည်ပြုပြင်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် …

Read More »

၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၈ ================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မြို့အနောက်-ခ)မှ ကျောင်းသား/ ကျောင်းသူလေးများ က “ကျောင်းမှန်မှန်တက် စာမခက်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးကြီးအပိုင်းတွင် ပါဝင်လျက်ရှိပြီး စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပိုမိုတည်တံ့ ခိုင်မြဲသော အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ကြောင်း၊ စာမတတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမှား/အမှန် မခွဲခြားနိုင်ဘဲ အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှုတို့ကို ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက်မှုများရှိနိုင်သဖြင့် လူတိုင်းစာတတ်မြောက်ရေးသည် အလွန်အရေးကြီးပြီး နိုင်ငံတစ်ခုအတွက် အဓိကရေသောက်မြစ် တစ်ခုဖြစ်ကြောင်း၊ …

Read More »

စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထား ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး စက်တင်ဘာ ၆ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးမြေများအားလုံး အပြည့်အဝ စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး အထူးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ် များ ပြောင်းလဲရန်၊ အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲရန်နှင့် မစိုက်ပျိုးမီ မျိုးသန့် ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လာမည့် ဆောင်းသီးနှံနှင့် နွေစပါးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့် လုံလောက်စွာရရှိရေး ကြိုတင်ချိတ်ဆက်ဆောင်ရွက်ထားရန်နှင့် စိုက်ပျိုး ရေရရှိရေး ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ စက်တင်ဘာ ၅ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ အုပ်စုအတွင်း ယခင်(၁)သီးသာ စိုက်ပျိုးခဲ့သည့် သဲဆန်လယ်မြေများအား တစ်နှစ်(၂)သီးမှ (၃)သီးအထိ သီးထပ်စွမ်းအား တိုးတက်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရေးနှင့် နွေစပါး စိုက်ပျိုးရေးအတွက် လိုအပ်သည့် ချောင်းဖြူချောင်းအား တမံပိတ်နိုင်ရေး၊ ရေပေးမြောင်း ပြန်လည်တူးဖော် ခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ဘုရင့်နောင်ဈေး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ …

Read More »