Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 26)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထား ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး စက်တင်ဘာ ၆ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးမြေများအားလုံး အပြည့်အဝ စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး အထူးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ် များ ပြောင်းလဲရန်၊ အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲရန်နှင့် မစိုက်ပျိုးမီ မျိုးသန့် ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လာမည့် ဆောင်းသီးနှံနှင့် နွေစပါးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့် လုံလောက်စွာရရှိရေး ကြိုတင်ချိတ်ဆက်ဆောင်ရွက်ထားရန်နှင့် စိုက်ပျိုး ရေရရှိရေး ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ စက်တင်ဘာ ၅ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ အုပ်စုအတွင်း ယခင်(၁)သီးသာ စိုက်ပျိုးခဲ့သည့် သဲဆန်လယ်မြေများအား တစ်နှစ်(၂)သီးမှ (၃)သီးအထိ သီးထပ်စွမ်းအား တိုးတက်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရေးနှင့် နွေစပါး စိုက်ပျိုးရေးအတွက် လိုအပ်သည့် ချောင်းဖြူချောင်းအား တမံပိတ်နိုင်ရေး၊ ရေပေးမြောင်း ပြန်လည်တူးဖော် ခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ဘုရင့်နောင်ဈေး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ရေတာရှည် စက်တင်ဘာ ၄ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ စက်တင်ဘာလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာ အုပ်စု၊ တောင်နန်ချွန်ကျေးရွာ၌ စွန့်ပစ်စပါးခွံသုံး Gasifier လည်ပတ်၍ မုန့်ဖတ်ခြောက်လုပ်ငန်း လုပ်ဆောင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး Gasifier မှ ထွက်ရှိသည် ရေဆိုးများအား စနစ် တကျသန့်စင်ခြင်းဆောင်ရွက်ပြီးမှသာ စွန့်ပစ်ရန်နှင့် ထွက်ရှိလာသော စပါးခွံဖွဲပြာများအား လောင်စာ တောင့်ထုတ်လုပ်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် မုန့်ဖတ်ခြောက်အလုပ်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးသူများအတွက် ဘေးကင်းလုံခြုံသည့် စားသောက်ကုန်များ ဖြစ်စေရေး၊ FDA ထောက်ခံချက်ရရှိရေး၊ ထုတ်ပိုးမှုစနစ်များ ပြန်လည်အဆင့်မြှင့်တင်၍ ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချနိုင်ရေး …

Read More »

သွင်းကုန်အစားထိုး သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်း အနားကျင်းပ

ပဲခူး စက်တင်ဘာ ၂ ================== ပဲခူးမြို့နယ်၊အိုးဘိုကျေးရွာ၌ စက်တင်ဘာလလ(၂)ရက်နေ့ နံနက်ပိုင်းက အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွား ရရှိလာစေရေး၊ တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ဆောင်ရွက်လာနိုင်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေါ်ပေါက်လာစေရေး ရှေးရှု၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပြီး ယခုလည်း သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း …

Read More »

ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ ပြုလုပ်

ပဲခူး စက်တင်ဘာ ၁ ================           ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တို့က ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားအား ဖားစည်(၉)ချက်တီး၍ ဖွင့်လှစ် ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး ဓလေ့ထုံးတမ်းများ မတူညီကြသော်လည်း မိသားစုစိတ်ဓါတ်ဖြင့် ရှေးယခင်ကတည်းက အတူတကွ ချစ်ကြည်ရင်နှီးစွာ နေထိုင်လာခဲ့ကြကြောင်း၊ ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားသည် ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ဝါခေါင်လရောက်သည့် အချိန်တွင် မိသားစုများ စည်းစည်းလုံးလုံးပြန်လည်တွေ့ဆုံခြင်း၊ လူကြီးလူငယ်ကြား နွေးထွေးမှုဖြင့် စုစည်း ညီညွတ်မှုဖြစ်စေရေးအတွက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ကူညီ ရေးနှင့် ပြန်လည်ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေး

ပဲခူး ဩဂုတ် ၃၁ =================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ဝန်ကြီးချုပ် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေး တပ်ခွဲသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့မှုများကို(၁၀)ရက်အတွင်း ဖယ်ရှားရှင်းလင်းနိုင်ခဲ့သဖြင့် နိုင်ငံ့အကြီးအကဲများ၏ ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ပရဟိတစိတ်အခြေခံပြီး တပ်ဖွဲ့ဝင်များ၏ ကျွမ်းကျင်မှု၊ လေ့ကျင့်သားပြည့်ဝ မှုတို့ဖြင့် ပေါင်းစပ်ပြီး လေဘေးသင့်ပြည်သူများအတွက် နေပူမရှောင်၊ မိုးရွာမရှောင် စွမ်းစွမ်းတမံကူညီ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်သည် အချိန်တိုအတွင်း မူလအတိုင်း ပြန်လည်ရောက်ရှိသွား …

Read More »

ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်တန်းဖွင့်ပွဲနှင့် မီးသတ်ရေယာဉ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၃၀ ===================           ပဲခူးမြို့၊ ငါးလုပ်ငန်းပညာပေးသင်တန်းကျောင်း၌ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် မီးသတ်ရေယာဉ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ရေထွက်သယံဇာပေါ ကြွယ်ဝပြီး ဒေသတွင်းသာမက အခြားတိုင်းဒေသကြီး/ပြည်နယ်များအထိ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး ရေထွက် ပစ္စည်းများထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်တွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြု ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်ကြားပို့ချပေးမည့် ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်ခန်းစာများအား စိတ်ပါ ဝင်စားစွာ သင်ယူမှတ်သားပြီး အရည်အသွေးကောင်းမွန်ပြီး ဘေးဥပဒ်ကင်းသော ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရေးနှင့် ပြည်ပသို့ပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့သည်။           ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ၊ …

Read More »

စီးပွားဖြစ် မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၂၉ =============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် အိမ်တွင်းမှု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့၊ ကြူတောကန်ကျေးရွာ၌ တောင်သူပူးပေါင်းပါဝင်သော Basic Seed- Commercial Seed ဆင်းသုခ မျိုးစေ့ထုတ် စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသတွင်း မျိုးကောင်းမျိုးသန့်များ ဖူလုံစေရေးအတွက် ကျေးရွာများအလိုက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုး သွားရန်၊ မြို့နယ်အလိုက် မျိုးသန့်စင်စက်များဖြင့် တောင်သူလိုအပ်သည့် မျိုးသန့်မျိုးစေ့များဖြစ်စေရေး ပံ့ပိုး ကူညီဆောင်ရွက်ပေးရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ …

Read More »

ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် ဩဂုတ် ၂၈ ================            ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့်အတူ ဩဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဆရာ/ ဆရာမများအား ထောက်ပံ့ငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့ပြီး ကျောင်းသား/သူများ ဘာသာရပ်အလိုက် အေးချမ်းစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သုတေသနနှင့် နည်းပညာပြန့်ပွားနိုင်ရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ တန်ဖိုးလက်ဆွဲနည်းကောက်စိုက်စက်များ ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး …

Read More »

ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက် ပေးလျက်ရှိ

ပြည် ဩဂုတ် ၂၇ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂၆)ရက်နေ့၊ နံနက်  ပိုင်းက ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ဆေးရုံပြ လူနာများအား နှုတ်ဆက်အားပေးခဲ့ကာ ထမင်းဗူးများ ဝေငှပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဆေးဝါးများ ပြတ်တောက်မှုမရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လာရောက်ဆေးကုသပေးသည့် အထူးကုဆရာဝန်ကြီးများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ဆေးဖိုးထောက်ပံ့ငွေကျပ်သိန်း(၅၀) ပေးအပ်ခဲ့သည်။ ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်(၈၀၀)ဦးကျော်အား ဦးနှောက်နှင့် အာရုံကြောရောဂါ၊ သွေးနှင့်ပတ်သက်သည့်ရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ရင်ခေါင်းနှင့် ပတ်သက်သည့်ရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါ၊ အရိုးအဆစ်ရောဂါ၊ မျက်စိ/နား/နှာခေါင်း/ …

Read More »