Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 38)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

၂၀၂၃ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ထောက်ပံ့ငွေများပေးအပ်

ပဲခူး ဧပြီ ၂၅ =================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဧပြီလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံမှ ဩဝါဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံအတွက် အညွန့်အဖူးလေးများဖြစ်သည့် လူငယ်မောင်မယ်များအား လူရည်ချွန်၊ လူရည်မွန်များဖြစ်စေ ရေးအတွက် ကျန်းမာသန်စွမ်းသော ကိုယ်ကာယ၊ ထက်မြတ်သောအနာဂတ်၊ မြင့်မြတ်သော အကျင့်စာရိတ္တ တို့နှင့်ပြည့်စုံစေပြီး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ပြုစု ပျိုးထောင်ပေးနိုင်ရေး လူရည်ချွန်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်းဖြစ် ကြောင်း၊ လူရည်ချွန်မောင်/မယ်များအနေဖြင့် သက်ဆိုင်ရာလူရည်ချွန်စခန်းများသို့ ရောက်သည့်အခါ တစ်ဦး နှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွတ်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှည်မှီခိုအား ထားယုံကြည်မှုစသည့် စိတ်ဓါတ်ရေးရာ အခြေခံကောင်းများဖြင့် လက်တွဲပူးပေါင်း …

Read More »

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပြည် ဧပြီ ၂၄ ==================           ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၌ ဧပြီလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ် သည့် လေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းများရှိသည့် မြို့များအပြင် လားရှိုး၊ ကျိုင်းတုံ၊ တောင်ကြီး၊ မော်လမြိုင်၊ ပြည်အပါအဝင် သင်တန်းစခန်းစုစုပေါင်း(၁၇)ခုကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း၊ သင်တန်းသားမောင်/မယ်များအနေဖြင့် လေကြောင်းလူငယ်သင်တန်း တက်ရောက်ခြင်းအားဖြင့် လေကြောင်းဆိုင်ရာပညာရပ်များ အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်ခြင်း၊ စိတ်ဓါတ်၊ စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်စွာဖြင့် စုပေါင်းဆောင်ရွက်တန်မှု အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှု ပိုမိုတိုးပွားလာပြီး နိုင်ငံတော်အတွက် အနာဂတ်ကာလမှာ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားသည့် အင်အားသစ်လူငယ်များ ပေါ်ထွက်လာစေ ရေး ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်ကြားပေးသည့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံအဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဧပြီ  ၂၂ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဧပြီလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံအဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်နှစ်(၃)သီး  စိုက်ပျိုးနေသည့် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စုရှိ တောင်သူဦးကျော်စိုး၏ တစ်ဧကစပါး (၁၁၂)တင်းထွက်ရှိသည့် ရက်(၉၀)မျိုး နွေစပါးရိတ်သိမ်းနေမှုနှင့် မင်းလှမြို့နယ်၊ ညောင်နီကုန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးထွန်းဇော်မင်း ရက်(၉၀)နွေစပါး Drum Seeder ဖြင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုတို့အား ကြည့်ရှု အားပေးခဲ့ပြီး စိုက်ပျိုးရေများ လေလွင့်မှုမရှိစေရေး စနစ်တကျသုံးစွဲရန်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် မင်းလှမြို့နယ်၊ သရောဂျီကျေးရွာရှိ ဦးအောင်စိုး၏ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လစဉ် အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)သို့ တက်ရောက်

ပဲခူး ဧပြီ ၂၁ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး  ဆေးဝါးများလုံလောက်မှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားများအား သက်သာသောနှုန်းထားဖြင့် အခြေခံစားကုန် ဆန်နှင့်ဆီအား လစဉ်ရောင်းချ ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လစဉ် (၂၁)ရက်နေ့ ပင်စင်ထုတ်ရက်ရောက်တိုင်း နိုင်ငံ့ဝန်ထမ်းများအပြင် သက်ကြီးရွယ်အို အဘိုး/အဘွားများ၊ ရဟန်းသံဃာများ၊ သီလရှင်များကိုလည်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး လူနာတစ်ဦးလျှင် ဆေးဝါး(၁) လစာ လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။           ထို့နောက် …

Read More »

နွေရာသီ လူငယ်ကင်းထောက်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ထောက်ပံ့ချီးမြှင့်

ဧပြီ ၁၉ ပဲခူး ==================           ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဧပြီလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက နွေရာသီ လူငယ်ကင်းထောက်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ထောက်ပံ့ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သမိုင်းမှတ်တမ်းများအရ ကမ္ဘာပေါ်တွင် လူငယ်(၅၇)သန်းကျော်သော ကင်းထောက်လူငယ်များသည် ကမ္ဘာ့ပညာရေး၏ ရှေ့ဆောင်လမ်းပြအနေဖြင့် နိုင်ငံပေါင်း(၂၀၀)ကျော်တွင် လူငယ်လှုပ်ရှားမှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အများ အားဖြင့် အသက်(၁၁)နှစ်မှ အသက်(၁၈)နှစ်အထိ ပါဝင်နေတာကို တွေ့မြင်နေရကြောင်း၊ သင်တန်းတက် ရောက်မည့် ကင်းထောက်မောင်မယ်များအနေဖြင့် မိမိတို့နေထိုင်သည့် တိုင်းပြည်အပေါ် သစ္စာရှိဖို့၊ တိုင်းပြည်က အားထားရသည့် လူငယ်များဖြစ်လာစေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ် စေရန်နှင့် မိမိကိုယ်ကို ယုံကြည်တဲ့ စိတ်ဓါတ်ခိုင်မာသူများဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ် ကြောင်း၊ အခြေခံအားဖြင့် နိုင်ငံချစ်စိတ်၊ ကိုယ့်လူမျိုးကို ချစ်တတ်တဲ့စိတ်၊ ကိုယ့်တိုင်းပြည်၏ ရေ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့မည့် အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ဧပြီ ၁၈ ပဲခူး =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဧပြီလ(၁၈)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့မည့် အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ တိုးချဲ့လုပ်ကိုင်နိုင်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်(၈)ဘီလီယံဖြင့် ထပ်မံ ဆောင်ရွက်ပေးမည်ဖြစ်၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေအား သတ်မှတ်ထားသည့် မူဝါဒများ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာနယ်မြေအလိုက် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်း၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်သူများကိုသာ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ နှင့် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ဧပြီ ၁၇ ပဲခူး =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၃ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းကျုံး ရေပြင်၌ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ(၁၅၀၀၀၀)အား ကျုံးရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးမြို့ပေါ် ရပ်ကွက် (၃၁)ရပ်ကွက်နှင့် သပြေကုန်း ဘိုးဘွားရိပ်သာတို့မှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်ပွဲ၊ ပိတ်ပွဲ နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ဧပြီ ၁၆ ပဲခူး ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ဧပြီလ(၁၆) ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့(၂၁)ဖွဲ့အနက်မှ နှစ်သိမ့်ဆုရ ယိမ်းအဖွဲ့(၁၂)ဖွဲ့အား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးတို့က ယိမ်း(၁)ဖွဲ့လျှင် ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေ(၅)သိန်းကျပ်စီကိုလည်း ကောင်း၊ ဂုဏ်ပြုဆုရရှိသည့် ယိမ်းအဖွဲ့(၅)ဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ်(၇)သိန်းစီကို လည်းကောင်း၊ စတုတ္ထရရှိသည့် ဟံသာဝတီရပ်ကွက်ကိုယ်စားပြု မေတ္တာရေစင်ယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းအား ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဇနီးတို့ကလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တတိယဆုရရှိသည့် ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက် ကိုယ်စားပြု ပိတောက်ရွှေဝါယိမ်း အဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုငွေကျပ်(၁၅)သိန်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့်ဇနီးတို့ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဘုရားကြီးမြို့ ကိုယ်စားပြု ခွန်းဆင့်သံသာနွေဦးကဗျာယိမ်းအဖွဲ့အား …

Read More »

မဟာသင်္ကြန်အတတ်နေ့ ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ် ပျော်ရွှင်စွာ ရေကစားနေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် လှည့်လည်ကြည့်ရှုအားပေး

ပဲခူး ဧပြီ ၁၄ =============       ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည်  ဧပြီလ(၁၆) ရက်နေ့ မဟာသင်္ကြန်အတတ်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များတွင် အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစား‌နေမှုနှင့် စတုဒီသာစားသုံးနေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်သို့သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်း အဖွဲ့များနှင့် ရပ်ကွက်အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက သီဆိုကပြဖျော်ဖြေခြင်း၊ နိုင်ငံကျော်တေးသံရှင် များ၏ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်နေသည့် လမ်းဘေးဝဲယာတစ်လျှောက် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များတွင် ရေကစားလာသူ ပြည်သူများ၊ စတုဒီသာလာရောက်သုံးဆောင်သူများဖြင့် အထူးစည်ကားလျှက်ရှိပြီး ရပ်ကွက်/ လမ်းများအလိုက် အများပြည်သူ ရေကစားမဏ္ဍပ်တို့တွင် လည်း ရေကစားသူများ၊ ရေပတ်ခံထွက်သူများဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သင်္ကြန်အကျနေ့တွင် ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

ပဲခူး ဧပြီ ၁၄ =============       ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည်   ဧပြီလ(၁၄)ရက်နေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းက အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ သင်္ကြန်အကျနေ့တွင် ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များတွင် ယိမ်းအဖွဲ့များကပြနေမှု၊ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစား‌နေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် မိသားစုများ ၏ ရေကစားမဏ္ဍပ်သို့သွားရောက်ပြီး တပ်မတော်မိသားစုယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှု၊ ရေကစားနေမှု နှင့် စတုဒီသာကျွေးမွေးနေမှုများကို သွားရောက်ကြည့်ရှု့အားပေးပြီး တပ်မတော်မိသားစုဝင် ယိမ်းအဖွဲ့များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်ဖွဲ့ဝင်မိသားစု များက ဝန်ကြီးချုပ်ထံ ဂုဏ်ပြုပန်းခြင်း ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်သို့သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်း အဖွဲ့များနှင့် ရပ်ကွက်အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက သီဆိုကပြဖျော်ဖြေခြင်း၊ …

Read More »