Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 39)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၁၃၈၄)ခုနှစ်၊ တန်ခူးလပြည့်နေ့၌ ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်းနှင့် တရားဓမ္မသဘင်ပွဲနှင့် ဘုရားပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့

ပဲခူး ဧပြီ ၅ =============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၁၃၈၄)ခုနှစ်၊ တန်ခူးလပြည့်နေ့၌ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း နှင့် တရားဓမ္မသဘင်ပွဲနှင့် ဘုရားပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် တန်ခူး လပြည့်နေ့၊ ညနေပိုင်း‌အချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏(၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းအစီအစဉ်အရ သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ပဲခူးမြို့နယ် အတွင်းမှ သုံးဂိုဏ်းဝင်ကျောင်းတိုက် အသီးသီးရှိ သံဃာတော်အရှင်သူမြတ်အပါး (၅၀၀)အား ဆွမ်းဆန်နှင့် လှူဖွယ်ဝထ္တုပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သတင်းရရှိသည်။ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး …

Read More »

ပဲခူးမြို့၊ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ရတနာ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၄ ============= ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး၏ ကောင်းမှုတော်ဖြစ်ပြီး သက္ကရာဇ်(၉၂၂)ခုတွင် တည်ထားကိုးကွယ်တော်မူခဲ့သည့် ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး အထွဋ်တွင် ရတနာစိန်ဖူးတော်နှင့် ရတနာငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဧပြီလ(၄) ရက်နေ့ နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အခမ်းအနားသို့ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တဂန္ဓမာ မထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်အရှင်သူမြတ်များထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းက မေတ္တာသုတ်ပရိတ်တရားတော်နှင့် အာဋာနာဋိယသုတ်ပရိတ်တရားတော်များကို နာယူကာ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ …

Read More »

သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး ဧပြီ ၃ ============         ပဲခူးမြို့၊ ဥဿာမြို့သစ်၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လေ့ကျင့်ပျိုး ထောင်ရေးစင်တာ၌ ဧပြီလ(၃)ရက်နေ့ နံနက်ပိုင်းက သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွား ရရှိလာစေရေး၊ တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ဆောင်ရွက်လာနိုင် ရေးနှင့်လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေါ်ပေါက်လာစေရေး ရှေးရှု၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပြီး ယခုလည်း သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း …

Read More »

သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် တစ်သီးစိုက်မှ နှစ်သီး၊ သုံးသီး တိုးတက်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ဧပြီ ၁ သာယာဝတီ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ပဲခူးတိုင်း(အနောက်ခြမ်း)တွင် စားရေရိက္ခာဖူလုံရေးနှင့် တစ်သီးစိုက်မှ နှစ်သီး၊ သုံးသီး တိုးတက်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း(အနောက်ခြမ်း)တွင် တစ်သီးစိုက် ဧကများအား ကျေးရွာအုပ်စုအလိုက် Google Map ဖြင့် မြေပုံရေးဆွဲ၍ စိုက်ပျိုးရေရရှိရေးအား နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်ပေးမှသာ (၂)သီးစိုက်နှင့်(၃)သီးစိုက်ဧကများ တိုးတက်လာမှာဖြစ်ကြောင်း၊ တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ တို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်သလို မျိုးကောင်းမျိုးသန့်ရရှိရေး၊ စနစ်ကျလယ်ယာမြေများဖော်ထုတ်ပေးခြင်း၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်စေ ရေးတို့ကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် မိရိုးဖလာ စိုက်ပျိုးနေမှုအား ပြောင်းလဲစိုက်ပျိုးနိုင်ရေး အသိပညာပေးခြင်းများအပြင် မြေပြင်ကွင်းဆင်း၍ စံပြစိုက်ခင်းများ စိုက်ပျိုးပြသပေးသွားရမှာဖြစ်ကြောင်း၊ တောင်သူများအတွက် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မတ် ၃၁ သာယာဝတီ ===================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၃၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့၊ သဲဖြူကျေးရွာရှိ ဦးဇော်ထွန်းဝင်း၏ စီးပွါးဖြစ် ဒေသကြက်မွေးမြူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက် စိုက်ပျိုးနိုင်ရေး၊ ဒေသကြက်မွေးမြူသူ အစုအဖွဲ့များ ဖွဲ့စည်း၍ မွေးမြူရေးချေးငွေ ရရှိနိုင်ရေး နှင့် တိရစ္ဆာန်ရောဂါကူးစက်မှုမရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စုရှိ သက်တမ်းတို အထွက်တိုး ရက်(၉၀)နွေစပါး မျိုးစေ့ထုတ် စိုက်ခင်းနှင့် မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာအုပ်စုရှိ ရတနာတိုး နွေစပါး မျိုးစေ့ထုတ် စိုက်ခင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသီးနှံအလိုက် ပံ့ပိုးပေးသွားမည့် အစီအစဉ်များ၊ …

Read More »

ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၃၀ =============== ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို မတ်လ(၃၀)ရက်နေ့ ညနေပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ရွှေကျောင်း‌တော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဩဝါဒါစရိယဆဆရာတော်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့ဝင်တစ်ဦးမှ သမ္မာဒေဝနတ်များအား ပင့်ဖိတ်ကာ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ပဲခူးမြို့မဆရာတော် အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် တော်မူကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော် မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ လျောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် လည်ပတ်လျက်ရှိ

မတ် ၃၀ ပဲခူး =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၃၀)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြု လုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစွာရရှိရေးအတွက် စက်ရုံအလုပ်ရုံများ ရင်းနှီးမြှုပ်နှံမှုတိုးခြင်း၊ စက်ရုံအသစ်များ တည်ဆောက်ခြင်းနှင့် CMP လုပ်ငန်းများ တိုးပွားလာစေရေး ဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှု၏ အခွင့် အရေးကောင်းကို အမှီပြုပြီး လစဉ်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာ၍ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်း များပေါ်ထွက်လာကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊ ထပ်မံ၍လည်း ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး စီစဉ်ဆောင်ရွက်သွားရန်လိုအပ်သလို MSMEs လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်စေရေး ဘက်ပေါင်းစုံမှ …

Read More »

ပဲခူးမြို့၌ ရေပေါ်ဆိုလာလျှပ်စစ်ဓါတ်အားပေးလုပ်ငန်းဆောင်ရွက်ရန် လာရောက်မိတ်ဆက်ရှင်းလင်းတင်ပြ

မတ် ၂၉ ပဲခူး =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံသို့ Golden Sunshine Co., Ltd မှ ပဲခူးမြို့၌ ရေပေါ်ဆိုလာလျှပ်စစ်ဓါတ် အားပေးလုပ်ငန်းဆောင်ရွက်ရန် လာရောက်မိတ်ဆက် ရှင်းလင်းတင်ပြရာ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။           ရှေးဦးစွာ Golden Sunshine Co., Ltd ၏ ဒါရိုက်တာ ဦးကောင်းထက်ဝေယံက တရုတ်နိုင်ငံအခြေစိုက် CSEPDI Co., Ltd နှင့် အကျိုးတူပူးပေါင်း၍ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ပဲခူးမြို့၊ မဇင်းရေလှောင် တမံတွင် 100 MW ထုတ်လုပ်နိုင်သည့် ရေပေါ်ဆိုလာလျှပ်စစ်ဓါတ်အားပေးလုပ်ငန်း ဆောင်ရွက်ရန်နှင့် မဟာဓါတ်အားလိုင်းသို့ ပြန်လည်ပို့လွှတ်မည့် အစီအစဉ်အသေးစိတ်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၄၃)နိုင်ငံတွင် ဆိုလာလျှပ်စစ်ဓါတ်အားပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများအား Video မှတ်တမ်းဖြင့် ပြသခဲ့သည်။ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  တောင်ငူတပ်နယ် ဆေးရုံတက်လူနာများအား သွားရောက် ထောက်ပံ့ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မတ် ၂၈ တောင်ငူ ================             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် မတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူတပ်နယ် ဆေးရုံတက်လူနာများအား သွားရောက် ထောက်ပံ့ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်အတူ တောင်ငူမြို့နယ်၊ အမှတ်(၃)စစ်မြေပြင်ဆေးတပ်ရင်း၊ စစ်ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေရုံတက် လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေနှင့် အစားအစာ များ ထောက်ပံ့ပေးအပ်ခဲ့သည်။               ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက် ရှေးဟောင်းကျုံးဘေး အပန်းဖြေပန်းခြံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အလှပန်းပင်များအား ခေတ်မီ Landscaping …

Read More »

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူး မတ် ၂၂ =========== ပဲခူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပဲခူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှု့အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/သူများမှ (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နေမှုအား လှည့်လည် ကြည့်ရှု့အားပေးခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပဲခူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲအား ပဲခူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲအား အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ပြီး …

Read More »