Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 41)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မတ် ၈ ===========          ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မတ်လ(၈)ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒီကနေ့သည် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးများအတွက် ဂုဏ်ယူစရာနေ့တစ်နေ့ဖြစ်ပြီး အမျိုးသမီးများ၏ အခွင့်အရေးများ၊ စွမ်းဆောင် နိုင်ရည်များနှင့် လူသားအကျိုးပြုမှုတွေကို အသိအမှတ်ပြုတဲ့နေ့လည်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိသည့် အမျိုးသမီးထုကြီးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ (၅၄.၉)သန်းခန့်တွင် အမျိုးသမီးပါဝင်မှုသည် (၅၂)ရာခိုင်နှုန်းဖြစ်၍ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ နယ်ပယ်နှင့် ကဏ္ဍစုံတွေမှာ အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားနေသည်ကို တွေ့မြင်ရကြောင်း၊ အဲ့ဒီလိုကဏ္ဍစုံတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်‌တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ် များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၆ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်‌တော်ကြီး၌ မတ်လ(၅) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်နှင့် ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတံဆိပ်များ ဆုရှင် အဆိုတော် မထက်ထက်မော်က ထူးမခြားနား ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးသာသနာရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့် စာတမ်းကိုလည်းကောင်း ဖိတ်ကြား လျှောက်ထား သီဆိုပူဇော်ကြသည်။ ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် မဟာစေတီတော်မြတ်ကြီး အား ရွှေထီးတော်အသစ် တင်လှူပူဇော်

ပဲခူး မတ် ၅ ===================           ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် မဟာစေတီတော်မြတ်ကြီးအား ရွှေထီးတော်အသစ် တင်လှူ ပူဇော်ခြင်း အခမ်းအနားအား အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ(၅)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တရားလွှတ်တော် တရားသူကြီးချုပ်၊ အမှတ်၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အလှူရှင် များနှင့်အတူ တက်ရောက်ကြည်ညို တင်လှူပူဇော်ခဲ့သည်။           ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြ သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရ အဖွဲ့ တာဝန်ရှိသူများနှင့် အလှူရှင်များက ရွှေထီးတော်ဘုံအဆင့်များအား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာရှင်ဉာဏိဿရနှင့် ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြ …

Read More »

မသန်စွမ်းသူများအတွက် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်း(Barrier Free Tourism)ဆိုင်ရာ အသိပညာပေး သင်တန်းသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့

ပဲခူး မတ် ၃ ===================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၃)ရက်နေ့၊ နံနက်ပိုင်းက မသန်စွမ်းသူများအတွက် အဟန့်အတားမဲ့ ခရီးသွားလုပ်ငန်း(Barrier Free Tourism)ဆိုင်ရာ အသိပညာပေး သင်တန်းသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း လာရောက် လည်ပတ်ကြမည့် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး လိုအပ်သော ဝန်ဆောင်မှုများ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် ခရီးသွားဆိုင်ရာ အသိပညာများ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ အဟန့်အတားမဲ့ ခရီးသွားလုပ်ငန်း(Barrier Free Tourism)ကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခရီးစဉ်ဒေသများမှာ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသလို မိမိတို့တိုင်းဒေသကြီးအတွင်းမှာလည်း ခရီးသွားလု်ပငန်း ပိုမိုဖွံ့ဖြိုးတိုးတက် စေအတွက် အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၌ စပါးခွံသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ(Gasifire Power Plant)ဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၂ =================           ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်၌ စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Gasifire Power Plant)ဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ တော်ဝင်ဟင်္သာ ဆန်စက်သို့ ရောက်ရှိခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဦးရာဇာလင်းက ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာတောင့်နှင့် သဘာဝမြေဩဇာ ထုတ်လုပ်မှုနှင့် အဆိုပါလုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Gasifire Power Plant)ဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာ ထောင့်နှင့် သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် …

Read More »

ပဲခူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ချမင်္ဂလာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး မတ် ၁ =====================           ပဲခူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ချမင်္ဂလာ အခမ်းအနားအား မတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ကာကွယ်ဆေးသိုလှောင်အအေးခန်း တည်ဆောက်ရေးရှင်းလင်းဆောင်၌ လုပ်ငန်းစီမံချက် များအား တာဝန်ခံအင်ဂျင်နီယာမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးဒေသသည် ငလျင်ကြောကျရောက်သည့် နေရာတွင်တည်ရှိနေသဖြင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်ရန် လိုအပ်ပြီး ကာကွယ်ဆေးများ သိုလှောင်မည့် အအေးခန်းဖြစ်၍ မိုးလုံလေလုံဖြင့် သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီးလိုင်းများ စနစ်တကျ တပ်ဆင်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။           ထို့နောက် မင်္ဂလာအချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် ပဲခူးဆေးရုံအုပ်ကြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာသန်း(၄၀)နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်(၁၇၂၅)သန်း ထပ်မံလာရောက်ရင်းနှီးမြှုပ်နှံ

ပဲခူး ဖေဖော်ဝါရီ ၂၈ =========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုး/မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သဖြင့် စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း၊ တည်ငြိမ်အေးချမ်းသည့် ပဲခူးဒေသအား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဇုန်တစ်ခုအနေဖြင့် ပြည်တွင်း/ပြည်ပ စက်မှုလက်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာမှု ပိုမိုများပြားလာသဖြင့် လိုအပ်သော လျှပ်စစ်ဓါတ်အားကို ထပ်မံဖြည့်ဆည်းပေးနိုင်ရန် အရေးကြီးကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရ၏ လုပ်ပိုင်ခွင့်အတွင်းရှိ ဆည်/တမံ၊ မြစ်ချောင်းများကို အခြေခံ၍ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ရန် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ ဖိတ်ခေါ်သွားရန် လိုအပ်ကြောင်း၊ စက်ရုံများ မီးဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် စက်မှုဇုန်အတွင်း မြေလပ်မရှိ သတ်မှတ်ထားသော …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့

ပြည် ဖေဖော်ဝါရီ ၂၅ =============           ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ လိုက်ပါ လျက် ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက  ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဂန္ဓမာစက်မှုဇုန်ရှိ ပတ္တမြားအမှုန့်ကြိတ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထုတ်ပိုးမှုစနစ်များ သေသပ်ကောင်းမွန်မှုရှိ စေရေး၊ ဓာတုဆေးဝါးများကင်းစင်စေရေး၊ စီးပွားရေးသံမှူးများနှင့်ချိတ်ဆက်၍ ပြည်ပဈေးကွက်ရရှိစေရေး၊ လျှပ်စစ်မီးမှန်ကန်မှုရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ ခေတ္တရာပြည်သူ့ခန်းမ ပြန်လည်အဆင့်မြှင့် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်ရန်နှင့် QC အဖွဲ့မှ လုပ်ငန်းတစ်ခုချင်းအလိုက် စနစ်တကျကြီးကြပ်စစ်ဆေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် ဖေဖော်ဝါရီ ၂၂ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၌ အစေ့ချစနစ်ဖြင့် နွေစပါး(၁၀၀)ဧက စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ ကြဲခင်းများလျော့ချပြီး ပျိုးထောင်စနစ်၊ အစေ့ချစိုက်ပျိုးစနစ်များအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုစေရေး ဆောင်ရွက်ရန်နှင့် တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်နှင့် ဒေသ ကြက်မွေးမြူရေးတွဲဖက်ဆောင်ရွက်နိုင်ရေး အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၌ ဘက်စုံမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်ရောဂါ ကူးစက်မှုမရှိစေရေး ကြားခံနယ်မြေ သီးခြားထားရှိရန်၊ သောက်သုံးရေနှင့် လျှပ်စစ်မီးအား ဆိုလာစနစ်ဖြင့် …

Read More »

ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၀ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။             ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး သက်ဆိုင်ရာကော်မတီများလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိသည့် ဆရာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ အရည်အချင်းများနှင့် ပြည့်စုံသူများဖြစ်သည့်အပြင် သာသနာတော်ထွန်းကား ပြန့်ပွားရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ကြိုးစားအားထုတ်ကြသည့်အတွက် နိုင်ငံတော်အစိုးရမှ ထိုက်တန်သည့် ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ ကြွရောက်လာမည့် ဆရာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များတွက် နေထိုင်ရေး၊ ပင့်ဆောင်ရေးနှင့် ဆွမ်းဆက်ကပ်ရေးတို့တွင် လစ်ဟင်းမှု မရှိစေရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပေးထားသည့် …

Read More »