Home / 2021 / February / 26

Daily Archives: February 26, 2021

ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၆ =========           ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ  ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်း ဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာခန်းမ၌ Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပိုးတွေ့ရှိမှုများ လျော့ကျလျက် ရှိသော်လည်း ပေါ့ဆ၍မရကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်မှုရှိကြောင်း၊ ဘုရား၊ စေတီ၊ ပုထိုးနှင့် ဘာသာရေးအဆောက်အဦများ COVID-19 စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများ COVID-19 စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး …

Read More »