Home / 2021 / February / 06

Daily Archives: February 6, 2021

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပဲခူးမြို့ မြို့ဦးကင်းတံတား တည်ဆောက်ပြီးစီးမှု နှင့် ကျုံးကူးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၆ ===================           ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီဝင်များနှင့်အတူ ဖေဖော်ဝါရီလ(၆) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ မြို့ဦးကင်းတံတား တည်ဆောက်ပြီးစီးမှုနှင့် ကျုံးကူးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး ကောင်စီဝင်များသည် ပဲခူးမြို့၊ မြို့ဦးကင်းတံတား ရှင်းလင်းဆောင်သို့ သွား ရောက်ခဲ့ရာ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉) မြို့ဦးကင်းတံတားတည်ဆောက်ရေး တာဝန်ခံ အင်ဂျင်နီယာ ဒေါ်စုမွန်ကျော်မှ မြို့ဦးကင်းတံတား တည်ဆောက်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးမှ မြို့ဦးတံတားနှင့် ချိတ်ဆက်မည့် မဂ္ဂတစ်လမ်း ကျုံးကူးတံတား တည်ဆောက်နေမှု အခြေအနေ၊ အရှေ့ဘက် မြို့ရှောင်လမ်း ဖောက်လုပ်နေမှု အခြေအနေနှင့် မြေယာလျော်ကြေး ပေးချေနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား …

Read More »

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မြို့မစာသင်တိုက် ဆရာတော်နှင့် ကြခတ်ဝိုင်း စာသင်တိုက်ဆရာတော်ထံသို့ သွားရောက်ဖူးမြော်

ပဲခူး ဖေဖော်ဝါရီ ၆ ===================           ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီဝင်များနှင့်အတူ ဖေဖော်ဝါရီလ(၆) ရက်နေ့၊ နံနက်(၉)နာရီအချိန်က မြို့မစာသင်တိုက် ဆရာတော်နှင့် ကြခတ်ဝိုင်း စာသင်တိုက်ဆရာတော်ထံသို့ သွားရောက်ဖူးမြော်ကန်တော့ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပဲခူးမြို့၊ မြို့မစာသင်တိုက်သို့ သွားရောက်၍ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဂန္ဓမာအား ဖူးမြော်ကန်တော့ပြီး ဆန်၊ ဆီ၊ လှူဖွယ်ခြင်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်း ဆက်ကပ် လှူဒါန်းခဲ့သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ကြခတ်ဝိုင်းစာသင်တိုက်သို့ သွားရောက်ကာ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသအား ဖူးမြော်ကန်တော့ပြီး ဆန်၊ ဆီ၊ လှူဖွယ်ခြင်းနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်း ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါ …

Read More »