Home / 2021 / February (page 2)

Monthly Archives: February 2021

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မြို့မစာသင်တိုက် ဆရာတော်နှင့် ကြခတ်ဝိုင်း စာသင်တိုက်ဆရာတော်ထံသို့ သွားရောက်ဖူးမြော်

ပဲခူး ဖေဖော်ဝါရီ ၆ ===================           ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီဝင်များနှင့်အတူ ဖေဖော်ဝါရီလ(၆) ရက်နေ့၊ နံနက်(၉)နာရီအချိန်က မြို့မစာသင်တိုက် ဆရာတော်နှင့် ကြခတ်ဝိုင်း စာသင်တိုက်ဆရာတော်ထံသို့ သွားရောက်ဖူးမြော်ကန်တော့ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပဲခူးမြို့၊ မြို့မစာသင်တိုက်သို့ သွားရောက်၍ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဂန္ဓမာအား ဖူးမြော်ကန်တော့ပြီး ဆန်၊ ဆီ၊ လှူဖွယ်ခြင်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်း ဆက်ကပ် လှူဒါန်းခဲ့သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ကြခတ်ဝိုင်းစာသင်တိုက်သို့ သွားရောက်ကာ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသအား ဖူးမြော်ကန်တော့ပြီး ဆန်၊ ဆီ၊ လှူဖွယ်ခြင်းနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်း ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါ …

Read More »

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၅ =================== ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၅) ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဖေဖော်ဝါရီ(၁) ရက်နေ့တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို တပ်မတော်မှ တာဝန်ယူပြီးသည့်နောက် စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်အား ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် မိမိတို့၏ ရည်မှန်းချက် တာဝန်များကို လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ အောင်မြင်အောင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်သည် ကောလဟလသတင်းများ များပြားလျက်ရှိသဖြင့် မမှန်ကန်သည့် သတင်းများကို အောက်ခြေ အထိ ချပြရှင်းလင်းရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်း ဥပဒေနှင့်အညီ …

Read More »