Home / 2021 / April / 02

Daily Archives: April 2, 2021

တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတက်ရောက်

ပဲခူး ဧပြီ ၂ ===================           ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ(၂) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက CDM လုပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား မိမိတို့၏ သားသမီးများသဖွယ် နောက်ဆုံးအချိန်အထိ ရုံးတက်ရောက်စေရန် စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် တစ်ဝက်ရောက်ပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏ လျှို့ဝှက်ချက် အက်ဥပဒေကို အထူးလေးစားလိုက်နာရန် မိမိတို့၏ ဝန်ထမ်းများအား အသိပေးပြောထားရန်နှင့် ရုံးပိတ်ရက်များပြားသည့်အတွက် ရုံးဌာနများမီးဘေးလုံခြုံရေးအား ဂရုစိုက်ရန် လမ်းညွန်အမှာစကား ပြောကြားခဲ့သည်။           ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် …

Read More »