Home / 2021 / April / 17

Daily Archives: April 17, 2021

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၇ =============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ဧပြီလ(၁၇)ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ ကျင်းပပြုလုပ်သည့်  အသက်(၈၅)နှစ် အထက် ဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး၊ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ကန်တော့ခံ အဘိုးအဘွား (၃၀)ဦးအား တစ်ဦးလျှင်(၃)သောင်းနှုန်း ဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံ ဘိုးဘွားများကိုယ်စား သပြေကုန်းဘိုးဘွားရိပ်သာမှ အဘိုး ဦးသိန်းဟန်က ဆုပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။           ပဲခူးတိုင်းဒေသကြီးအတွင်း အသက်(၈၅)နှစ်အထက် အဘိုး(၁၀၇၄၉)ဦးနှင့် အဘွား(၁၆၁၅) စုစုပေါင်း(၂၆၉၀၅)ဦးအား …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပပြုလုပ်

ပဲခူး  ဧပြီ ၁၇ ====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားအား ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊ နံနက်(၇:၄၅)အချိန်က ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)အနီး၌ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ငါးမြစ်ချင်း၊ ငါးခုံးမနှင့် ရွှေဝါငါးကြင်း ကောင်ရေ(၂၅၀၀၀၀)တို့အား ပဲခူးမြစ်အတွင်းသို့ ဇီဝိတဒါန ဘေးမဲ့လွှတ်ပေးခဲ့ကြကြောင်း သိရှိရသည်။

Read More »