ပဲခူး ဧပြီ ၂၇ ================= ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဧပြီလ (၂၇)ရက်နေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာ ရတနာတိုး မျိုးသန့်စိုက်ခင်း(၁၀)ဧက၌ မျိုးကွဲနှုတ်ပယ်ခြင်းနှင့် တစ်ဆက်စပ်တည်း နွေစပါး(၆၀)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကိုလည်းကောင်း၊ ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းကျေးရွာအုပ်စု၊ မြောက်လွတ်ကုန်းကွင်း၌ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးထားသည့် နွေစပါး (၄၁၀)ဧကကို လည်းကောင်း၊ နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာ၌ စက်မှုလယ်ယာစနစ်ဖြင့် တောင်သူ(၂၀)ဦး၏ နွေစပါး စိုက်ခင်းဧက(၁၈၆)ဧကတို့အား သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ရာ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်းက မျိုးသန့်စိုက်ခင်း ဆောင်ရွက်နေမှု အခြေအနေနှင့် နွေစပါးစိုက်ပျိုး အောင်မြင်နေမှု အခြေအနေတို့အား ရှင်းလင်းပြသခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဒေသခံတောင်သူများ၏ အဓိက လိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေရရှိရေးနှင့် လိုအပ်သော ကုန်ထုတ်လမ်းများ ထပ်မံဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးရွာစာသင်ကျောင်းလိုအပ်ချက်များအား …
Read More »