Home / 2024 / June / 04

Daily Archives: June 4, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားနေ မှုများအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇွန် ၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဈေးပိုင်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာကျောင်းနှင့် ကလျာဏီရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း များ သို့ သွားရောက်ခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့အား လှည်လည့်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း(၄၅၃၂) ကျောင်း ဖွင့်လှစ်ခဲ့ပြီး၊ ပဲခူးခရိုင်တွင် ကျောင်းသား/သူ(၁၉၇၉၃၃)ဦး၊ ညောင်လေးပင်ခရိုင်တွင် ကျောင်းသား /သူ (၁၄၄၅၆၁)ဦး၊ တောင်ငူခရိုင်တွင် ကျောင်းသား/သူ(၁၅၇၇၅၇)ဦး၊ ပြည်ခရိုင်တွင် ကျောင်းသား/သူ (၈၉၄၂၄)ဦး၊ နတ်တလင်းခရိုင်တွင် ကျောင်းသား/သူ(၆၃၅၄၈)ဦးနှင့် …

Read More »

ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်(၁) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၄           ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်(၁) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်က ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ပြီး ပြည်သူကို အကျိုးပြုနေကြသူများဖြစ်သည့်အတွက် ဥပဒေများကို ပိုမိုထိတွေ့သိရှိရန်လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေ စိုးမိုးရေးနှင့် ဒေသလုံခြုံအေးချမ်းရေးတို့၏ အဓိကအခြေခံအကျဆုံးသည် ပြည်သူများ တည်ဆဲဥပဒေများ ကို သိရှိလေးစားလိုက်နာကြရန်လိုအပ်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်းအားဖြင့် မိမိဌာနအကျိုး၊ မိမိဘူမှုပတ်ဝန်းကျင်အကျိုးနှင့် မိမိနိုင်ငံတော်အကျိုး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား နိုင်မှာဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန်လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေး နိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း၊ …

Read More »