Home / 2024 / May

Monthly Archives: May 2024

ပဲခူးတိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီးဖြစ်၍ မိုးစပါး စိုက် ရေတော်မိုးတော်ဧကများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး မေ ၃၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃၀)ရက်နေ့၊ နံနက် ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးလုပ်ငန်းညှိနှိုင်း အစည်းဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီးဖြစ်၍ မိုးစပါးစိုက် ရေတော်မိုးတော်ဧကများအားလုံး ပန်းတိုင်အထွက် နှုန်းရရှိရေး အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပြီး ယခင်နှစ်မိုးစပါးစိုက်ရာသီတွင် ကြုံတွေ့ခဲ့ရတဲ့ အားသာချက်၊ အားနည်း ချက်များ၊ စိန်ခေါ်မှုများ၊ ရေကြီးနစ်မြှုပ်ထိခိုက်ပျက်စီးခဲ့မှုများပေါ် သုံးသပ်၍ ယခုနှစ် မိုးစပါး စိုက်ရာသီတွင် အကောင်းဆုံး ပြင်ဆင်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နွေစပါးနောက်ကျသည့် တစ်နှစ် (၃)သီးစိုက် လယ်မြေများအတွက် ကြိုတင်ပျိုးထောင်သည့်စနစ်ကို ဆောင်ရွက်သွာရမှာဖြစ်ပြီး စိုက်ပျိုးမည့် မျိုးစပါးများအား မျိုးစေ့သန့်စင်ခြင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး မေ ၂၉           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၂၉)ရက်နေ့၊နံနက်ပိုင်း က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မုတ်သုန်ရာသီဝင် ရောက်ခဲ့ပြီဖြစ်၍ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော်များ မြို့နယ်အနှံ့ပြုလုပ်ရာတွင် ဌာနပိုင်မြေနေရာအပြင် လမ်းနယ်ကင်းလွတ်သော လမ်းဦးစီးပိုင်လမ်းဘေးဝဲယာ၊ ကျေးလက်လမ်း လမ်းဘေးဝဲယာများတွင် စိုက်ပျိုး သွားရမှာဖြစ်ကြောင်း၊ မကြာမီကျောင်းဖွင့်ရာသီရောက်ရှိတော့မည်ဖြစ်၍ အပတ်စဉ်စနေနေ့တိုင်း သန့်ရှင်း ရေးပြုလုပ်ရာတွင် အခြေခံပညာကျောင်းများအား ဦးစားပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကျောင်းသား/သူ များ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို တစ်ပတ်တစ်ကြိမ် ပြုလုပ်သွားရန် နှင့် ကျောင်းစာကြည့်တိုက် များတွင် သုတ/ရသ စာအုပ်များအပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးစာအုပ်စာဆောင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိးဆွေဝင်း ကြည့်ရှု့အားပေး

ပဲခူး မေလ ၂၈ =========== ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်း၌ မေလ(၂၇)ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာပရိသတ်များ ကြည့်ရှု့အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်ဘောလုံးအသင်းနှင့် ညောင်ပင်ခရိုင်ဘောလုံးအသင်းတို့ ဖွင့်ပွဲ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးခဲ့သည်။ ၎င်းနောက် ပွဲစဉ်အတွင်း အကောင်းဆုံးဘောလုံးသမားဆု ရရှိသူ တောင်ငူခရိုင်အသင်းမှ ကျောနံပါတ်(၁၀) ရဲသူရကျော်အား လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့သည်။        ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား မေလ(၂၇) ရက်နေ့မှ ဇွန်လ(၇)ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး  မေလ(၂၈)ရက်နေ့တွင် ပဲခူးခရိုင်အသင်းနှင့် ပြည်ခရိုင် အသင်း၊ …

Read More »

(၁၀၇)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး မေ ၂၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက (၁၀၇)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရော ကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်းအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် သားဖွားနှီးနွယ် သင်တန်းကျောင်း(၄)ခုရှိပြီး သူနာပြုနှင့် သားဖွား ဆရာ/ဆရာမများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် …

Read More »

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်

ပဲခူး မေ ၂၃ ပဲခူးတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။             ရှေးဦးစွာ ပဲခူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့အနောက်-ခ)မှ ကျောင်းသား၊ကျောင်းသူ များက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် လိုအပ်သည့် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများအပြင် ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်မှာသာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အနှောက်အယှက် အဟန့် အတားများကို ကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုများရရှိလာနိုင်မှာဖြစ်ကြောင်း၊ ကလေးငယ်များ၏ ဘဝရှေ့ရေး ရပ်တည်မှုအတွက် ပညာသင်ကြားရေးသည် အလွန်အရေးကြီးသဖြင့် ကျောင်းနေရွယ်ကလေးအားလုံး ကျောင်း အပ်နှံနိုင်ရေး …

Read More »

ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ

ပဲခူး မေ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၊ မေလ(၂၂)ရက်နေ့ ညနေပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်‌ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အရှေ့ဖက်မုခ် မဟာဗောဓိညောင်ပင်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပဲခူးမြို့နေ ပြည်သူများက ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ ထို့နောက် ဆုတောင်းပြည့်‌ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားအား အခမ်းအနားမှူးမှ “မဟာဗောဓိ ဒုမေနာထော ဗောဓိပူဇနာဝန္ဒနာ” ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ အခမ်းအနား ကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့မှ “မဟာဗောဓိပင်ဘုရားရှိခိုး” ရွတ်ဆို၍ ဗဟာဗောဓိပင်ကိုရှိခိုးပူဇော်ခြင်း၊ “ပတျာဝတ္တဂါထာ” ကိုရွတ်ဆို၍ မဟာဗောဓိပင်ကို ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်းများ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ် ဆီဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ် ဆီဆွမ်းလောင်းလှူပွဲအား ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ မေလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတေီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်လောင်းလှူ ပူဇော်ခဲ့ကြသည်။           ရှေးဦးစွာ ကြွရောက်လာသည့် သံဃာတော်အပါး(၁၀၀၀)တို့က ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတေီတော်မြတ်ကြီး နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ခဲ့ကြပြီး မေတ္တာသုတ် ပရိတ်တော်များ ရွတ်ပွားပူဇော်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းသည် ဌာနဆိုင်ရာ များ၊ စေတနာရှင် အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့၏ ဆီဆွမ်းလောင်းလှူပွဲတွင် ပါဝင်လောင်းလှူမည့် လှူဖွယ်ဝတ္တုပစ္စည်းများ ခင်းကျင်းပြသထားမှုနှင့် စတုဒီသာကျွေးမွေးနေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။           ထို့နောက် …

Read More »

၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေလ ၂၂ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ခုနှစ်၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားအား မေလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အနာဂတ်နိုင်ငံတော်အတွက် လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ့်ကျင့်တရား၊ တိုင်းပြည်ချစ်စိတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဗလငါးတန်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သော အသိဉာဏ်ဖွံ့ဖြိုးသူများ ဖြစ်လာစေရေန် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး အားကစားနည်း အလိုက်  ဗီဇပါရမီရင့်သန်၍ အောင်မြင်မှုအလားအလာရှိသည့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက် လာမှာဖြစ်ကြောင်း၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်းသည် တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အကျိုးထူးများ မလွှဲမသွေရရှိနိုင်မှာဖြစ်သည့်တွက် မိဘအုပ်ထိန်းသူများ အနေဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၁၈)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေး

ပဲခူး မေ ၂၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ မေလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၁၈)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။       ပဲခူးတိုင်းဒေသကြီးအတွင်းရှိ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍဘက်စုံ မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး မေ ၂၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍဘက်စုံ မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတော ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မြေဧရိယာ(၁၃၅)ဧက နွေနှမ်း ဆင်းရတနာ(၃) အထူးဇုန်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသကြက် မွေးမြူရေးနှင့် နို့စားနွားမွေးမြူနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တစ်နှစ် (၂) သီးစိုက်ဧကများတွင် တစ်နှစ်(၃)သီး သီးထပ်စွမ်းအား တိုးတက်စေရေးအတွက် ဆည်ကြီးကုန်း ရေပိုလွှဲ ပြုပြင်ခြင်း၊ ရေထုတ်ပြွန် အဆင့်မြှင့်တင်ခြင်းနှင့် ရေပေးမြောင်း အရှည်(၇၅၀၀)ပေ ပြန်လည်တူးဖော်ခြင်း တို့အား ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး …

Read More »