ပဲခူး ဇွန် ၈ =========== ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်း၌ ဇွန်လ(၇)ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်ပရိတ်သတ်များ ကြည်ရှုအားပေးခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးခရိုင်ဘောလုံးအသင်းနှင့် သာယာဝတီခရိုင် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှု့အားပေးခဲ့ရာ ပဲခူးခရိုင်ဘောလုံးအသင်းက သာယာဝတီခရိုင်ဘောလုံးအသင်းအား (၂)ဂိုး(၁)ဂိုး အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲနေ့ပွဲစဉ်တွင် အကောင်းဆုံး အားကစားသမားဆု(Man of the Match)ရရှိသူ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသူ၊ အကောင်းဆုံးနောက်တန်းဆုရရှိသူ၊ အကောင်းဆုံးအလယ်တန်းဆုရရှိသူ၊ အကောင်းဆုံးရှေ့တန်းဆုရရှိသူ နှင့် အကောင်းဆုံး အားကစားသမားဆုရရှိသူတို့အား ပဲခူးတိုင်းဒေသအစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် ဝန်ကြီးများကလည်းကောင်း၊ တတိယဆုရရှိသော နတ်တလင်းခရိုင်ဘောလုံးအသင်းအား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website