Home / 2024 / June / 12

Daily Archives: June 12, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေတာရှည်မြို့၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်

တောင်ငူ ဇွန် ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ယမန်နေ့ မွန်းလွှဲပိုင်းက တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုး၊ မြေ၊  ရေ၊ နည်း ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် အချိန်တိုအတွင်း အဓိကသီးနှံ (၆)မျိုးနှင့်နွေစပါး ပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီဖြစ်ကြောင်း၊ ယခင်တုန်းက စိုက်ပျိုးရေး အသိပညာပေးခြင်း သာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအပြင်  တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းကျောင်း ရှိသည့် မြို့နယ်များတွင်လည်း ဆက်ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဒေသနှင့် ကိုက်ညီသည့် အဓိကသီးနှံများအတွက် လက်တွေ့ဦးစားပေး သင်ကြားခြင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ လစဉ်စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၁           ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဇွန်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက လစဉ်စာဖတ်ရှိန် မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လောကလူသားတိုင်း ဘဝအသက်ရှင် ရပ်တည်နိုင်ရေးအတွက် ရုန်းကန်ကြသည့်အခါ ပညာဆိုင်သည့် အရင်းအနှီးသည အင်မတန်တန်ဖိုးကြီးမား ကြောင်း၊ စာဖတ်ခြင်းမှ ခွဲခြားသိမြင်နိုင်သော အသိဉာဏ်ကို ရရှိနိုင်မှာဖြစ်ပြီး ကောင်းတဲ့သူနဲ့ မကောင်းတဲ့ သူကို ပညာက ခွဲခြားသတ်မှတ်ပေးနိုင်မှာဖြစ်ကြောင်း၊ စာကြည့်တိုက်များသည် လူသားများအတွက် ဘဝတက္ကသိုလ်ကြီးအဖြစ် အလားသဏ္ဍာန်တူသဖြင့် လူငယ်မောင်မယ်များအနေဖြင့် စာပေများများ ဖတ်ရှုလေ့လာရန်လိုအပ်ပြီး စာဖတ်ရှိန်ကောင်းလာလျှင် ဖတ်သင့်သည့်စာနှင့် မဖတ်သင့်သည့်စာကို ခွဲခြားသိမြင်လာမှာဖြစ်ကြောင်း၊ သုတစာပေဖတ်ရှုခြင်းအားဖြင့် ဉာဏ်ပညာထက်မြတ်စေပြီး ရသစာပေ ဖတ်ရှုခြင်းအားဖြင့် နှလုံးစွမ်းအင်ကို ပြည့်ဝလာစေမှာဖြစ်ကြောင်း၊ ထူးချွန်သော လူငယ်မောင်မယ်များ ဖြစ်လာစေရေန် အမျှော်အမြင်ရှိခြင်း၊ မေတ္တာတရားရှိခြင်း၊ …

Read More »