ပြည် ဇွန် ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀)အား ပဲခူးမြို့ရှိ Agro Future Myanmar Co., Ltd နှင့် ပြည်မြို့ရှိ ရွှေဝါထွန်းကုမ္ပဏီတို့မှ ထုတ်လုပ်သည့် လက်ဆွဲကောက်စိုက်စက်(၂)မျိုးတို့၏ စက်စွမ်းအားဖြင့် မိုးစပါး သရုပ်ပြစိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိရိုးဖလာ စိုက်ပျိုးနည်းစနစ်မှ ခေတ်မီစိုက်ပျိုးနည်းစနစ် ပြောင်းလဲခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)သို့ သွားရောက်၍ စက်ရုံဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ ၎င်းနောက် စက်ရုံတာဝန်ခံက စက်ရုံဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website