Home / 2024 / June / 18

Daily Archives: June 18, 2024

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးတွက် တန်ဖိုးသင့် လက်ဆွဲကောက်စိုက်စက်များ ဖြန့်ဝေထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားနှင့် နတ်တလင်း ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဇွန် ၁၈           သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ယမန်ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက် ခြမ်း)၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်တို့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးတွက် တန်ဖိုးသင့် လက်ဆွဲကောက်စိုက် စက်များ ဖြန့်ဝေထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း မျိုးကောင်းမျိုးသန့် ပြောင်းလဲပေးနိုင်ခဲ့ခြင်း၊ စနစ်ကျလယ်ယာမြေပြုပြင်ပေးနိုင်ခြင်း၊ စိုက်ပျိုးရေ ရရှိရေးနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း၊ စိုက်ပျိုးနည်းစနစ်များ ပြုပြင်ပေးနိုင်ခဲ့ခြင်းတို့ကြောင့် အဓိကသီးနှံ(၁၀)မျိုး အနက် အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးလည်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တန်ဖိုးသင့် လက်ဆွဲ ကောက်စိုက်စက်များ ဖြန့်ဝေထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် ပဲခူးတိုင်း ဒေသကြီး၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကာ မဖြစ်မနေ စက်မှုလယ်ယာသို့ အလုံးစုံပြောင်းလဲသွား ရတော့မှာဖြစ်၍ …

Read More »