ပဲခူး ဇွန် ၄ ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်(၁) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်က ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ပြီး ပြည်သူကို အကျိုးပြုနေကြသူများဖြစ်သည့်အတွက် ဥပဒေများကို ပိုမိုထိတွေ့သိရှိရန်လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေ စိုးမိုးရေးနှင့် ဒေသလုံခြုံအေးချမ်းရေးတို့၏ အဓိကအခြေခံအကျဆုံးသည် ပြည်သူများ တည်ဆဲဥပဒေများ ကို သိရှိလေးစားလိုက်နာကြရန်လိုအပ်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်းအားဖြင့် မိမိဌာနအကျိုး၊ မိမိဘူမှုပတ်ဝန်းကျင်အကျိုးနှင့် မိမိနိုင်ငံတော်အကျိုး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား နိုင်မှာဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန်လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေး နိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း၊ …
Read More »Monthly Archives: June 2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
ပဲခူး ဇွန် ၃ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိ ပထမပြန်နှင့် နိကာယ် စာမေးပွဲ စာအောင်သံဃာတော်/သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ(၃)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ ကြွရောက်လာကြသည့် ဆရာတော်ကြီးများ၊ စာအောင်သံဃာနှင့်သီလရှင်များ၊ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယက “အဘိဓဇမဟာရဋ္ဌဂုရု” ဘဒ္ဒန္တဂန္ဓမာ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ကြွရောက်လာသည့် ဆရာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များရွတ်ဖတ်သရဇ္စျာယ်တော်မူကြသည်။ ထို့နောက် တိုင်းဒေသကြီး …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ ခုနှစ်၊ မေလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁.၁)သန်း ဝင်ရောက်လာခဲ့ပြီး ဒေသခံပြည်သူ (၈၉၃)ဦး အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့
ပဲခူး ဇွန် ၁ ========= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃၁)ရက်နေ့၊ မွန်းလွဲ ပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အခြေခံ အားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ လုံလောက်သည့်မြေဧရိယာ ပေါများခြင်း၊ လုပ်သား အင်အားပေါကြွယ်ဝခြင်းနှင့်အတူ ဘေးကင်းလုံခြုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အာမခံချက်ရှိသည့် နေရာကို သာ အဓိကရွေးချယ်ဆောင်ရွက်ခြင်းဖြစ်၍ မိမိတို့ တိုင်းဒေသကြီအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအား နွေးနွေးထွေးထွေး ကြိုဆိုလျက်ရှိကာ ရေရှည်ရင်းနှီးမြှုပ်နှံနိုင်ရေး သက်ဆိုင်ရာဌာန ဆိုင်ရာများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်သားအင်အားများများ တစ်ပြိုင်တည်း အလုပ်အကိုင် အခွင့်လမ်းပေးနိုင်သည့် CMP လုပ်ငန်းများကိုလည်း လာရောက်လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားအလို့ဌာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် …
Read More »