Home / 2024 / July

Monthly Archives: July 2024

ပဲခူးမြို့နယ်အတွင်း ရေကြီးမှုဖြစ်စဉ်ကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေး အလေးထားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၃၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၃၁)ရက်နေ့၊ နံနက်ပိုင်းက သဘာဝကွပ်ကဲမှုရုံး၌ တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေတို့သည် ပြန်လည်စတင်ကျဆင်းနေပြီဖြစ်၍ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အများနှင့်သက်ဆိုင်သည့် နေရာများ တွင် သန့်ရှင်းရေးပြုလုပ်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ပြန်လည်ဖွင့်လှစ်မည့် စာသင်ကျောင်းများရှိ ကျောင်းသား/သူများအား ကျောင်းပိတ်ရက် အစားထိုးသင်ကြားခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ရေပြန်လည်ကျဆင်းသွားသည့် ဒေသများရှိ သီးနှံစိုက်ခင်း အမျိုးအစားအလိုက် ရေနစ်မြှုပ်ဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ဧက၊ ပျက်စီး ဧကစာရင်းများ စနစ်တကျ ပြုစုထားရန်နှင့် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင် ထားရမှာဖြစ်ကြောင်း၊ ရေကြီးနစ်မြှုပ်သည့် ဒေသများတွင် အခြေခံစားသုံးကုန်များ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး ဖွဲ့စည်းထားပြီးဖြစ်သည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့များက …

Read More »

ယာယီရေဘေးရှောင်စခန်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကူညီထောက်ပံ့

ပဲခူး ဇူလိုင် ၃၀           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ လိုအပ်သည်များ သွားရောက်ကူညီထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဖွင့်လှစ်ထား သည့် သဘာဝဘေးကွပ်ကဲမှုရုံးတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး ယာယီရေဘေးရှောင်စခန်းများရှိ လူဦးရေနှင့် ထောက်ပံ့မှုစာရင်းများ စနစ်တကျပြုစုထားရှိရန်၊ ရေကြီးနစ်မြှုပ်သည့် ဘုန်းတော်ကြီးကျောင်းများရှိ သံဃာ တော်များ ဆွမ်းကိစ္စအဆင်ပြေစေရေး လိုအပ်သည်များ ထောက်ပံ့ကူညီပေးရန်၊ ရေများအမြန်ဆုံး ပြန်လည် ကျဆင်းစေရေး အဓိကရေထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေး လိုက်လံစစ်ဆေးဆောင်ရွက်ရန်၊ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်ပွားမှုမရှိစေရေး ကရိုရင်းဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ရေကြီးနစ်မြှုပ် ခဲ့သည့် လယ်မြေများအတွက် မျိုးစပါးများ ကြိုတင်စုဆောင်းဖြန့်ဝေပေးထားရန်နှင့် ရေကျဆင်းသွားပါက အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး …

Read More »

ပဲခူးမြို့အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းမျး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၂၉             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ် အတွင်း ရေကြီးနစ်မြှုပ်မှု လျော့နည်းသက်သာစေရေး၊ ရေများအမြန်ဆုံး ပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေးဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု၍ လိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဖွင့်လှစ်ထား သည့် သဘာဝဘေးကွပ်ကဲမှုရုံးတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ယာယီရေဘေးရှောင်စခန်းများ၌ လိုအပ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ငါး၊ ခေါက်ဆွဲခြောက်၊ ရေသန့်စသည်တို့အား လိုအပ်မှုမရှိစေရေး စနစ်တကျပို့ဆောင်ပေးရန်နှင့် ချက်ပြုတ်သည့်အဖွဲ့များအား သန့်ရှင်းစွာချက်ပြုတ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရန်၊ ရေဝင်ရောက်သည့် ဒေသများအတွင်း ရေအမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရန် ရေထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေး ကွင်းဆင်း စစ်ဆေးရန်၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံပြည်သူများ ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲ ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၉           ပဲခူးမြို့၊ သီရိဥဿာဈေးရုံကြီး အပေါ်ထပ်၌ ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏  ဆေးဝါးတိုက်ရိုက်ရောင်းချပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းမှ အိမ်သုံးဆေးဝါးများ တိုက်ရိုက်ရောင်းချနေသည့် ဆိုင်ခန်းများအား လှည့်လည်ကြည်ရှု အားပေးခဲ့ပြီး ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဆေးဝါးများအား စီးပွားရေးအကျိုးတစ်ခုလို့ငှာ သိုလှောင်သိမ်းဆည်းထားခြင်း မရှိစေရေး၊ အရည်အသွေးပြည့်မီသည့် ဆေးဝါးများရောင်းချနိုင်ရေးနှင့် လက်လီအဆင့်ထိ တိုက်ရိုက်ရောင်းချနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           အဆိုပါ ဆေးဝါးတိုက်ရိုက်အရောင်းပြပွဲအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆေးဝါးအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက် ဝယ်ယူရောင်းချနိုင်ခြင်း၊ ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုအား ကာကွယ်တားဆီးနိုင်ရေး၊ ဒေသခံပြည်သူများ ကုမ္ပဏီတိုက်ရိုက်ဈေးနှုန်းဖြင့် လွတ်လပ်စွာ လိုအပ်သလောက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း ရေဝင်ရောက်မှုများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့

ပဲခူး ဇူလိုင် ၂၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ပဲခူးမြို့နယ်၊ ခေတ္တတပ်နယ်မှူးတို့နှင့်အတူ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း ရေဝင်ရောက်မှု များအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မြို့သစ်(င)ရပ်ကွက်နှင့် ကျောက်ကြီးစုရပ်ကွက်အတွင်း ပဲခူးမြစ်ရေဝင်ရောက်နေမှုနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ များ၊ ပရဟိတအဖွဲ့များမှ ရေဘေးသင့်အိမ်ထောင်စုများ ပြောင်းရွေ့ပေးနေမှုအား စက်လှေများဖြင့် လှည့်လည် ကြည့်ရှုခဲ့သည်။ ၎င်းနောက် ရေဝင်ရောက်သည့် ရပ်ကွက်များရှိ နေအိမ်တွင်ကျန်ရှိသူများ စားသုံးမှုအဆင်ပြေစေရေး ထမင်းထုပ်များ လိုက်လံပို့ဆောင်ပေးရန်နှင့် ရပ်ကွက်အလိုက် ကျန်းမာရေးအဖွဲ့ များ သီးခြားဖွဲ့စည်းထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ကြီးစုတာအား ရေကျော်မှုမရှိစေရေး သဲအိပ်ဖို့ယာယီရေတားတာ ပြုလုပ်နေမှုအား လှည့်ကြည့်ကြည့်ရှုခဲ့သည်။ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအခြေအနေအား ကြည့်ရှု့စစ်ဆေး

ပဲခူး ဇူလိုင် ၂၇ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှု အခြေအနေအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြစ် ရေဘေးကာကွယ် ရေးတာတစ်ခုဖြစ်သည့် ပန်းလှိုင်ရေတားတာ၌ ရေဘေးကြိုတင်ကာကွယ်ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကျော်နိုင်သည့် တာအနိမ့်ပိုင်းနေရာများတွင် သဲအိတ်များကြိုတင်စုပုံထားရန်၊ ရေတားတာတစ်လျောက် ရေကင်းများစနစ်တကျထားရှိပြီး စောင့်ကြည့်စစ်ဆေးရန်၊ ဖြစ်ပေါ်လာ နိုင်သည့် မြစ်ရေမြင့်တက်နိုင်မှု အခြေအနေအားတွက်ဆ၍ လူအသင့်၊ စက်ရေယာဉ်အသင့်၊ ပြောင်းရွေ့ ပေးရန် မော်တော်ယာဉ်အသင့်ထားရန်နှင့် ရေဘေးကာကွယ်ရေးတာများ၏ ကြိုတင်ရေဘေးကာကွယ်ရေးလုပ်ငန်း များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့များ ဖွဲ့စည်းစောင့်ကြည့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြစ် ရေဘေးကာကွယ်ရေးတာများဖြစ်သည့် ကျောက်ကြီးရပ်ကွက်ရှိ ကျောက်ကြီးစုတာနှင့် ညောင်ဝိုင်းရပ်ကွက်ရှိ ညောင်ဝိုင်းတာများ၏ ရေဘေး ကြိုတင် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးစိုက်ပျိုးသည့် ရာသီဖြစ်၍ သတ်မှတ် စိုက်ဧကများ ပြည့်မီစွာအချိန်မီပြီးစီးရေး စိုက်ပျိုးသွားရန်နှင့် တစ်ဘက်မှာလည်း ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်၊ပျက်စီးမည့် မိုးစပါးစိုက်ဧကများအတွက် ပြန်လည်ကုစားနိုင်ရေး ကြိုတင်ပျိုးထောင်ခြင်းလုပ်ငန်း များ ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားရန် လိုအပ်မှာဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးမှုပုံစံအရ မိုးစပါးသည် ပထမသီးနှံဖြစ်သည့်အတွက် ရာသီအချိန်မီ စိုက်ပျိုးနိုင်မှသာ ဒုတိယ သီးနှံနှင့် တတိယသီးနှံများ စိုက်ချိန်မှန်ကန်စွာ စိုက်ပျိုးနိုင်မှာဖြစ်၍ သက်ဆိုင်ရာမြို့နယ်အလိုက် စိုက်ပျိုး ရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များမှ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရေဘေးဖြစ်ပွားသည့် နေရာများအား သွားရောက်ကူညီထောက်ပံ့

သာယာဝတီ ဇူလိုင် ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက် ပိုင်းက သာယာဝတီခရိုင်အတွင်း ဧရာဝတီမြစ်ရေလျှံမှု၊ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြစ်မခမြစ်ရေ ကြီးမှုတို့ကြောင့်  သာယာဝတီခရိုင်အတွင်း ရေဘေးဖြစ်ပွားသည့် နေရာများအား လိုအပ်သည်များ သွားရောက်ကူညီ ထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နယ်၊ ဖိုးကတိုး-ကညင်အောတာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေတားတာတစ်လျောက် ရေကင်းများချ၍ ကြံ့ခိုင်မှု အား အချိန်ပြည့်စစ်ဆေးရန်၊ ရေကျော်နိုင်သည့် တာအနိမ့်နေရာများတွင် သဲအိပ်များဖြင့် ယာယီမြှင့်တင် ခြင်းများ ဆောင်ရွက်ရန်နှင့် ရေလမ်းကြောင်းတစ်လျောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် လက်ပံတန်း-သာရဝေါ မဟာဗျူဟာလမ်း မိုင်တိုင်အမှတ်(၅/၁)နှင့် (၅/၂)ကြား ရေကျော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းရေကျော်သည့် နေရာများတွင် ရေလမ်းကြောင်း လမ်းညွှန်အမှတ်အသားများနှင့် လမ်းပြများထားရှိရန်၊ ရေပြန်လည်ကျဆင်းသွားပါက ချက်ခြင်းပြန်လည် ပြုပြင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် တာဝန်ရှိသူများအား …

Read More »

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပဲခူး ဇူလိုင် ၂၄ ၂၀၂၄-၂၀၂၅ ခု၊  ဘဏ္ဍာရေးနှစ်အတွင်း ပဲခူးမြို့နယ်နှင့် ‌ကျောက်တံခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့တွင် ဆောင်ရွက်ရန် လျာထားသည့် Lot(၅) ခု၊ လုပ်ငန်း(၇)ခုအတွက်လုပ်ငန်းတင်ဒါအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————-

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-စစ်တောင်း လမ်းပေါ်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူလျက်ရှိသော ဦးဆန်းဌေးအောင်၏ “မေမြင့်မိုရ်” မွေးမြူရေးခြံ၌ တိုင်းရင်းကြက်ကောင်ရေ(၄၀၀၀)မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအား ပေးခဲ့ပြီး နေဗီယာမြက်နှင့် ဒေသထွက်တိရစ္ဆာန်အစာဖြင့် မွေးမြူနိုင်ရေးနှင့် ဈေးကွက်ဝင် ဒေသကြက် မျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒိုးတန်း ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း YSR-1 မိုးစပါးစံပြ မျိုးစေ့ထုတ် စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး အားပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ရှိ ရွှေလရောင် …

Read More »