Home / 2024 / July / 05

Daily Archives: July 5, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် မြို့တံခါး ပေါက်များ ပြန်လည်ဖော်ထုတ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ ဇူလိုင် ၅ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် မြို့တံခါး ပေါက်များ ပြန်လည်ဖော်ထုတ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အေဒီ (၁၄၈၆-၁၅၃၁)အတွင်း မင်းကြီးညိုတည်ထောင်ခဲ့သည့် တောင်ငူ ကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးနေရာများ၊ ရှေးဟောင်းအဆောက်အအုံများသည် တန်ဖိုးမဖြတ်နိုင် သည့် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်၍ နှစ်စဉ်တိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်ဖြင့် ထိန်းသိမ်းခြင်း၊ ပြန်လည်တူးဖော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အထင်ကရ နေရာများ၊  အဆောက်အအုံများနှင့် မြို့တံခါးပေါက်များအား ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။           ထို့နောက် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီးရှေးဟောင်းသုတေသနဦးစီးမှူးတို့က ကေတုမတီမြိို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် …

Read More »