Home / 2024 / July / 06

Daily Archives: July 6, 2024

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင် မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူး ဇူလိုင် ၆           သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဇူလိုင်လ(၆)ရက်နေ့ မနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ အောက်စု ကျေးရွာအုပ်စုရှိ သဘာဝရေလျှံကွင်းအတွင်း တိုင်းရင်းငါးမျိုးများ စိုက်ထည့်ခြင်းအခမ်းအနားသို့ တက် ရောက်ခဲ့ပြီး ငါးရံ့သားပေါက်ကောင်ရေ(၁)သိန်း၊ ငါးပြေမကောင်ရေ(၁)သိန်းနှင့် ငါးဖမ်းမကောင်ရေ(၅) သောင်းတို့အား သဘာဝရေလျှံကွင်းအတွင်း လွှတ်ပေးခဲ့သည်။           အဆိုပါ တိုင်းရင်းငါးမျိုးများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းရင်းငါးမျိုးများ ပြုန်းတီးမှုမရှိစေရေးနှင့် ငါးရိက္ခာဖူလုံပိုလျှံစေရေးတို့အတွက် ၂၀၂၃ ခုနှစ်မှစတင်၍ တိုင်းရင်းငါးမျိုးများ ထိန်းသိမ်းခြင်း၊ မျိုးဖောက်ခြင်းနှင့် သဘာဝငါးစာပြုလုပ်ခြင်းများအား သုတေသနပြု ဆောင်ရွက်စေခဲ့ရာ ယခုအခါ ငါးရံ့၊ ငါးကျည်းစသော တိုင်းရင်းငါးမျိုးများ အောင်မြင်စွာဖြင့် သားဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ပြီကြောင်း သိရှိရသည်။           …

Read More »

အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်အလိုက် မြို့လုံးကျွတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံ ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်အလိုက် မြို့လုံး ကျွတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဇူလိုင်လ(၆)ရက်နေ့ မနက်ပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေး ပြုလုပ်နေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ အလင်းရောင်ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၏ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုတို့ အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေသူများအတွက် ဂုဏ်ပြုထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။           ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် …

Read More »