Home / 2024 / July / 08

Daily Archives: July 8, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေး

ဒိုက်ဦး ဇူလိုင် ၈           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့က ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွားအုပ်စု၌ တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်နှစ်(၃)သီးစိုက် မြေနေရာအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည့် လယ်မြေဧရိယာ(၁၂၅)ဧကတွင် ကြိုတင် ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာ အုပ်စု၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထုတ်လုပ်ခဲ့သည့် လက်ဆွဲကောက်စိုက် စက်အသုံးပြု၍ တစ်ကွင်းတစ်ဆက်တည်း မိုးစပါး(၄၅၀)ဧက စုပေါင်းစိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝ …

Read More »