Home / 2024 / July / 09

Daily Archives: July 9, 2024

တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုနှင့် လက်ဆွဲ ကောက်စိုက်စက်များ ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး ဇူလိုင် ၉           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ သမဝါယမ အသင်းသား တောင်သူများအတွက် သွင်းအားစုနှင့် လက်ဆွဲကောက်စိုက်စက်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အစုအဖွဲ့ဖြင့် လယ်ယာမြေဧကအများဆုံး စိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်းသား တောင်သူများအား နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လယ်မြေဧရိယာဧက(၄၀၀၀၀)အတွက် (၁)ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်း နှင့်ညီမျှသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ၊ ဓါတ်မြေဩဇာသွင်းအားစုများကိုလည်းကောင်း၊ အသင်းသား တောင်သူများက စပါး(၁)တင်းလျှင် (၂၀၀)ကျပ်နှုန်းဖြင့် ( Refund ) ပြန်လည်ပေးအပ်မည့်ငွေ (၁၄၄)သန်းမှ လက်ဆွဲကောက်စိုက်စက် အလုံး(၄၀)အား သက်ဆိုင်ရာခရိုင်(၆)ခုမှ သမဝါယမအသင်းသား တောင်သူများ ကို ပံ့ပိုးထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ ယခုလို ထောက်ပံ့ပေးအပ်သည့် လက်ဆွဲကောက်စိုက်စက်များ ကို စံနမူနာပြအနေဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပဲခူးတိုင်း(အရှေ့ခြမ်း)သို့ လက်ဆွဲကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်

ပဲခူး ဇူလိုင် ၉           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပဲခူးတိုင်း(အရှေ့ခြမ်း)သို့ လက်ဆွဲ ကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စပါးသီးနှံအပါအဝင် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆောင်ရွက်ရာတွင် မြေဧရိယာတိုးချဲ့စိုက်ပျိုးခြင်းထက် ပိုမိုလက်တွေ့ကျသည့် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ သီးထပ် စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးကို အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း စပါးအများဆုံးစိုက်ပျိုးသည့် မိုးရာသီတွင် မိုးစပါးစုစုပေါင်းစိုက်ဧက(၂၆.၉၈)သိန်း ကျော်စိုက်ပျိုးခဲ့ရာ ဧက(၁၂.၇၅)သိန်း စိုက်ပျိုးဧရိယာ၏ (၄၃.၂၃) ရာခိုင်နှုန်းကျော်သည် ပန်းတိုင်အထွက် နှုန်းရရှိထားခဲ့ပြီးဖြစ်ကြောင်း၊ ယခုလာမည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေတော်မိုးတော် မိုးစပါးစိုက်ဧကများမှ ပန်းတိုင်အထွက်နှုန်း(၁၇.၆)သိန်းကျော် တိုးတက်ရရှိနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသဖြင့် ယခုလို စိုက်နည်းစနစ်များ ပြောင်းလဲနိုင်ရေး လက်ဆွဲကောက်စိုက်စက်များ ဖြန့်ဝေးပေးရခြင်းဖြစ်ကြောင်းနှင့် …

Read More »