Home / 2024 / July / 18

Daily Archives: July 18, 2024

ပဲခူးတိုင်းဒေသကြီးမှ အာရှအဆင့် ထူးချွန်ထက်မြတ်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက် ခဲ့သည့် အစဉ်အလာကောင်းအား ထိန်းသိမ်းကြိုးစားယှဉ်ပြိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန် မှာကြား

ပဲခူး ဇူလိုင် ၁၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အသင်းသားများက တစ်ဦးချင်းဂါရဝပြု နှုတ်ဆက်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဟူသော အားကစားဆိုင်ရာခံယူချက်အတိုင်း နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်မည့် ကျန်းမာသန်စွမ်းသူများ ပေါ်ထွက်လာစေရေးအတွက် အားကစားကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘောလုံး အားကစားနည်းသည် မြန်မာနိုင်ငံအတွက် အမျိုးသားအားကစားအဖြစ် သတ်မှတ်ထားသည်နှင့်အညီ ပဲခူးတိုင်းဒေသကြီးအတွင်းမှ အာရှအဆင့် ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစာသမားများပေါ်ထွက်ခဲ့သည့် အစဉ်အလာ ကောင်းများကိုလည်း …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မြောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ အသစ်တည်ဆောက်ထားသည့် နိုင်ငံတကာအဆင့်မီ တိုင်းဒေသကြီးအားကစားဥယျာဉ်အတွင်း စိမ်းလန်းစိုပြေစေရေး၊ အရိပ်ရစေရေးနှင့် စိတ်အပန်းဖြေမှုအတွက် သစ်ပင်များစိုက်ပျိုးပေးသွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း တစ်ရွာ(၂)ဧက စိုက်ပျိုးခြင်းအပြင် နည်းလမ်း(၈)သွယ်ဖြင့် ပျိုးပင်ပေါင်း(၁၄)သိန်းစိုက်ပျိုးရန် လျာထား လျက်ရှိရာ ယနေ့အချိန်ထိ ပျိုးပင်ပေါင်း(၁၂)သိန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သစ်တော သစ်ပင်များတည်ရှိခြင်းသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရေမြေထိန်းသိမ်းကာကွယ်ရေး၊ ပြည်သူလူထုအတွက် လိုအပ်သည့် သစ်၊ ထင်းများရရှိရေး၊ စိတ်ကြည်နူးချမ်းမြေ့ဖွယ်ဖြစ်ရေးတို့အပြင် သဘာဝပတ်ဝန်းကျင်ရှိ လေထုသန့်ရှင်းရေး၊ မြေပေါ်မြေအောက်ရေ ထိန်းသိမ်းရေးတို့အပေါ် အထောက် …

Read More »